*** Part - (54) ***

1.7K 179 31
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

တကယ်တော့
အချစ်ဆိုတာ
ပိုင်ဆိုင်ခွင့်မရှိခြင်းပါပဲ ...

" ကောင်းခန့်မိုးတိမ် "

~~~~~~~~~~~~~~~~~~~~~~~~~~

ပန်းနုရောင်ဖိတ်စာလေးက လှပစွာဖြင့် မျက်စိရှေ့မှောက်မှာတည်ရှိနေသည် ။ ရွှေရောင်စာလုံးကြီးကြီးဖြင့်ဘောင်ကွပ်ထားသော " မောင်လင်းမြတ်ဦး + မသော်တာချမ်း " တို့၏ မင်္ဂလာဧည့်ခံပွဲဆိုသည့်စကားလုံးများကလည်း ဝံ့ကြွားစွာဖြင့် အနုစိတ်လှပလွန်းပါသည် ။

လက်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပြီးတာမှန်ပေမဲ့လည်း  တကယ်တမ်း အပြီးတိုင်လက်လွှတ်ဖို့ဖြစ်လာတဲ့အခါ ရင်ဘတ်ထဲမှာ တင်းကျပ်ဆို့နစ်နေသည် ။

ငါးရက်

နောက်ထပ် ငါးရက်ကြာလျှင် အလင်းမှာ တရားဝင်သက်ဆိုင်သူရှိလာတော့မည် ။ စိတ်ကူးအကြိမ်ကြိမ်ယဉ်ကြည့်ခဲ့ဖူးတဲ့နေရာလေးကို ပိုင်ဆိုင်ခွင့်ရမည့်မိန်းကလေးကတော့ ကံကောင်းလွန်းသူဟု ဆိုနိုင်ပါသည် ။

နားရှိနေသ၍ကတော့ အလင်းရဲ့သတင်းတွေက မကြားချင်မှအဆုံးပါပဲ ။ Bangkok တွင် Pre wedding Photo များ သွားရောက်ရိုက်ကူးနေသည်တဲ့ ။

နာကျည်းစွာဖြင့် ရင်ဘတ်ထဲကနေ အပြီးတိုင်ဆွဲထုတ်ပစ်ချင်သည် ။ ဘယ်တော့မှသတိမရစေရန် Memory တွေထဲကနေ အလင်းပါတဲ့အခန်းကဏ္ဍတွေကို ဖျောက်ဖျက်ပစ်ချင်သည် ။

အသုံးချဖို့သက်သက်နဲ့ချဉ်းကပ်မှန်း သိခဲ့သင့်သည် ။ အကျင့်စာရိတ္တမကောင်းသူလို့လူတွေပြောကြပါရက်နဲ့တောင် အချစ်ကိုယုံပြီးစုံလုံးကန်းခဲ့မိသည် ။ ရလဒ်အနေဖြင့် အသည်းတွေတစ်စစီ ကြေကွဲပျက်စီးခဲ့ရ၏ ။

" အမှားဆိုတာ လူတိုင်းနဲ့မကင်းဘူး သော်သော် ၊ အမှန်ကိုပြင်နိုင်ဖို့ပဲအရေးကြီးတာ ၊ ဘဝမှာရှင်သန်နေထိုင်လာရင်းနဲ့ မင်းကမမှားချင်ရင်တောင် အမှားတွေက မင်းကိုလာရှာတဲ့အခိုက်အတန့်မျိုးတွေလည်းရှိနိုင်တာပဲ ၊ နှလုံးသားကိုအမိန့်ပေးလို့မရနိုင်တာသိပေမဲ့ မကောင်းတဲ့လူကိုတော့ မေ့ပစ်ရမှာပဲ "

ကိုခေတ်ရဲ့စကားတွေကိုပြန်ကြားယောင်တော့ ရင်ထဲအေးချမ်းကာ နှုတ်ခမ်းကအလိုလို ပြုံးမိသွားပြန်သည် ။ ကိုခေတ်လိုလူမျိုးနဲ့တွေ့ဆုံခွင့်ပေးခဲ့သည့် ကိုစစ်ကိုလည်း ကျေးဇူးတင်ရပါမည် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now