*** Part - (34) ***

1.9K 169 5
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိဂုံးတိုင်းဟာ
နိဒါန်းနဲ့ အစပျိုးလေ့ မရှိဘူး
ဥပမာ
မင်းနဲ့စပြီး မင်းနဲ့ပဲ
အဆုံးသတ်သွားတဲ့ ပုံပြင်တစ်ပုဒ်လိုမျိုး ...

" ခန့်ကမ္ဘာဦး "

~~~~~~~~~~~~~~~~~~~~~~~~~~~~

" ကျွန်တော်ပြောထားတဲ့ ငွေပါ ၊ Amount ပြည့်မပြည့်စစ်ကြည့်ပါဦး "

သော်လွင်က အိတ်အမဲနဲ့ထုပ်ထားတဲ့အထုပ်ကို ကမ်းပေးလိုက်တော့ တစ်ဖက်မှ လက်နှစ်ဖက်ဖြင့်သေချာစွာ ယူနေသည် ။

" ဘယ်အခြေအနေပဲရောက်ရောက် နှုတ်လုံပေးပါ ၊ ခင်ဗျားလိုလူတွေ ဒီနိုင်ငံရဲ့နေရာအနှံ့မှာပေါ်လာမှာမလို့ တစ်ယောက်တည်းဆိုပြီး စိတ်မခြောက်ခြားပါနဲ့ ၊ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး "

သော်လွင်က အဆက်အသွယ် များသည် ။ အခုလည်း လူပေါင်းမြောက်များစွာကို ရက်ပိုင်းအတွင်းရအောင် ရှာနိုင်၏ ။

ကျွန်တော်တို့နှစ်ယောက် ကားပေါ်ပြန်ရောက်တော့ အပြင်လောက၌ လရောင်ပင်ဖြာကျနေလေပြီ ။

" Online ပေါ်က Attack လုပ်မဲ့လူတွေကော အဆင်ပြေလား သော်လွင် "

Mask ကိုချွတ်ပြီး သော်လွင်က ခေါင်းညိတ်ပြလာသည် ။

" စိတ်မပူနဲ့ ကိုခေတ် ၊ သူတို့ကိုလည်း ငွေလွှဲပေးပြီးပြီ ၊ Attacker တွေမလို့ Privacy ကြောင့် လူချင်းမတွေ့ရပေမဲ့ သူတို့ကအဖွဲ့အစည်းနဲ့လုပ်တာ ကိုခေတ် ၊ စိတ်ချရတယ် ၊ တစ်လလောက်တော့ Online ပေါ်မှာ အဲ့ဒီ့သတင်းကပဲ Number (1) ဖြစ်နေအောင် သူတို့လုပ်ပေးနိုင်တယ် "

သော်လွင့်စကားကြောင့် မဲ့ပြုံးပြုံးမိသည် ။

အလှည့်ကျရင် မနွဲ့ကြကြေးလို့ ပြောခဲ့တယ်မလား ။

ခင်ဗျားတို့ပါးစပ်က အသက်ဆက်မရှင်ချင်တော့ပါဘူးလို့ ထုတ်ပြောတဲ့အထိ ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့ ။ အဟက် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဒီပုံစံနဲ့ဆို နောက်တစ်နာရီကြာတောင် မရောက်လောက်ဘူး သော်လွင် "

ကားတွေပိတ်နေမှန်းသိပေမဲ့ စိတ်ကလောနေသည် ။ ရုတ်တရက် ကလောကိုချက်ချင်းသွားဖို့ဖြစ်လာတာကြောင့် လေဆိပ်ကို မိနစ် (30) အတွင်းရောက်မှရမည် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now