*** Part - (3) ***

2.9K 225 6
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မချစ်ဘဲနဲ့ ကျွန်တော့်ဘဝထဲကိုဝင်လာတယ်
နှုတ်မဆက်ဘဲနဲ့ ကျွန်တော့်ဆီကနေ
ထွက်ခွာလို့ပြေးပြန်တယ် ...
တကယ်ဆို ကျွန်တော်ဟာ
နှလုံးသားတံခါးကို သော့ခတ်ဖို့မေ့နေခဲ့တဲ့သူ
ဒါကြောင့်
ခင်ဗျားလိုတဲ့အချိန်ဝင်လာနိုင်သလို
မလိုတဲ့အချိန် ပြန်ထွက်လို့သွားနိုင်ပါတယ် ...
ဒါပေမဲ့ တစ်ခုပဲတောင်းဆိုချင်တယ်
လေစိမ်းတွေဝင်မှာစိုးတာကြောင့်
ကျွန်တော့်ရင်ခွင်တံခါးလေးတော့
ပြန်စေ့ခဲ့ပေးပါ ...ကျေးဇူးပြုပြီးပေါ့ ...

" ရှိုင်းထက်အောင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူတစ်ယောက်သည် အခန်းတစ်ခုရဲ့ထောင့်တစ်နေရာတွင် ငြိမ်သက်စွာရှိနေသည် ။ မျက်လုံးများကတော့ ဂဏာမငြိမ်ဘဲဟိုကြည့်ဒီကြည့်ဖြင့် ယောက်ယက်ခတ်နေသည် ။ ထိုအချိန်တွင် အခန်းတံခါးဖွင့်သံကြားရသဖြင့် ထိုလူဟာဝုန်းခနဲပြေးသွားပြီး

" ဆေး ၊ ဆေးပေးပါ ၊ ဆေးမရရင် ငါသေတော့မယ် "

ယောကျာ်းတစ်ယောက်ဖြစ်ပြီး မိန်းမတစ်ယောက်ရဲ့ခြေသလုံးကိုဖက်ကာ တောင်းဆိုနေရပေမဲ့လည်းထိုလူဟာ မရှက်နိုင် ။ အရှက်တရား ၊ အကြောက်တရားများမရှိတော့လောက်အောင်ကိုပဲ ထိုလူဟာ မူးယစ်ဆေးရဲ့သားကောင်တစ်ယောက် ။

ခြေသလုံးကိုဖက်ထားရာမှ ထိုလူဟာ ရုတ်တရက်ကြမ်းပြင်ပေါ်သို့ လဲကျကာငြိမ်သွားတော့သည် ။ ဒါပေမဲ့ စက္ကန့်ပိုင်းမျှအကြာတွင် ဝုန်းကနဲပြန်ထကာ ဝင်လာသောမိန်းမအားရန်မူရန် ကြိုးစားလေသည် ။

ထိုလူ၏ ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းကြောင့် ကြမ်းပြင်ပေါ်သို့ပစ်လဲကျသွားသော သူမ ။

" ဝင်လာခဲ့ကြစမ်း "

ထိုမိန်းမ၏ အမိန့်ပေးအော်ဟစ်သံကို ကြားသော် အခန်းထဲသို့ ဗလတောင့်တောင့် ယောကျာ်းသားသုံးယောက် ပြေးဝင်လာကြပြီး ရန်မူရန်ကြိုးစားနေသူအား ဆွဲမကာ လွှင့်ပစ်လိုက်သည် ။

" ဝုန်း "

အခန်းထောင့်သို့ရောက်သွားသော ပိန်လှီလှတဲ့ခန္ဓာကိုယ်ဟာ အားအင်မရှိတော့သဖြင့် သူတစ်ပါးရဲ့လွှင့်ပစ်ခြင်းတွင် တော်တော်နဲ့ပြန်မထနိုင် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now