*** Part - (9) ***

2.2K 209 20
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ကို အယုံအကြည်မရှိတဲ့
ကျွန်တော့်ရင်ခွင်တံခါးကိုလာခေါက်ပြီး
သူဟာ တိတ်တိတ်လေးဝင်လာတယ်...
သော့ခတ်သိမ်းဆည်းထားချင်ပေမဲ့လည်း
သူဟာ နာကျင်ခြင်းတွေများစွာနဲ့
တိမ်စိုင်ငယ်လိုလူ ...

" ခန့်ကမ္ဘာဦး "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ဖြေးဖြေးစားပါလားကွာ "

အချုပ်ခန်းတစ်ခုထဲတွင် စားပိုးနင့်တော့မတတ် စားနေသော ကောင်‌လေးတစ်ယောက် ။ ဘေးနားက လူ၏ပြောသံကိုလည်းကြားပုံမပေါ်ဘဲ စားသည့်အပေါ်မှာသာအာရုံရှိနေသည့်ဟန် ။ ထူးခြားသည်က စားနေရင်းနှင့်ပင် ပါးပြင်နှစ်ဖက်ပေါ်တွင်မျက်ရည်များဖြင့်ပြည့်နေခြင်း ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ရှိုင်းထက်အောင် ဧည့်သည်လာတယ် "

ကျွန်တော်မမြင်ဖူးသော ရဲတစ်ယောက်မှ လာပြောခြင်းဖြစ်သည် ။ အဖေပဲဖြစ်ရမည်ဆိုသည့်အသိကြောင့် ဝမ်းသာစိတ်က လှိုက်ခနဲ ။ မူးဝေနေသေးသည့်ခေါင်းကိုလျစ်လျူရှူပြီး တွန့်ကြေနေသောအဝတ်တို့ကိုအမြန်ပြင်ရသည် ။ ဒဏ်ရာတွေကို အဖေ့အား မတွေ့စေလိုပါ ။

အချုပ်ခန်းထဲကထွက်တော့ ကျွန်တော့်ကိုလက်ထိပ်တော့မခတ် ။ ဘေးကနေသာ လာခေါ်သောရဲကလိုက်ပါလို့လာသည် ။ အခန်းတစ်ခုကိုဖွင့်လိုက်တော့ အဖေ့ကိုမတွေ့ချေ ။ ထိုအခန်းဟာ ဧည့်သည်တွေ့သည့်အခန်းပဲထင်ပါသည် ။ အခန်းရဲ့အလယ်တွင် သံဇကာနှစ်ခုကာထားသည် ။ ထိုသံဇကာနှစ်ခုရဲ့အကွာအဝေးဟာ လက်လှမ်းလို့မမှီနိုင်လောက်အောင်ပင် ဝေးကွာသည် ။

" ကျွန်တော့်ကို လာတွေ့တဲ့ ဧည့်သည်ကော "

" ကျွီ "

ထိုရဲပြန်မဖြေခင်မှာပဲ တစ်ဖက်ရှိတံခါးပွင့်လို့လာပြီး ဝင်လာသည့်လူတစ်ယောက် ။ ထိုလူ့ကိုမြင်တော့ ကျွန်တော့်စိတ်ထဲ တင်းခနဲပင် ။ ဘာလဲ ။ ဘာသဘောတွေလဲ ။ လူမှားခေါ်တာများလား ။

" မင်း ထွက်သွားလိုက်တော့ ၊ အပြင်ကနေ Lock ချထားလိုက် "

သံဇကာရဲ့တစ်ဖက်ခြမ်းကနေ လှမ်းပြောတော့ ကျွန်တော့်ဘေးနားရှိရဲဟာ ချက်ချင်းပဲအခန်းထဲမှထွက်သွားသည် ။ ဟွန့် ၊ ဥပဒေရဲ့အထက်မှာ လူပေါင်းများစွာရှိနေသည်ပဲ ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now