*** Part - (15) ***

2.1K 191 15
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

" ပုံသေကားချပ်
သတ်မှတ်ခွင့်မရှိတာကို
အချစ်လို့ခေါ်တယ် "

" ကောင်းခန့်မိုးတိမ် "

~~~~~~~~~~~~~~~~~~~~~~~~~~~

" တနင်္လာကနေ သောကြာနေ့အထိက မနက်ပိုင်း ထမင်းစားပြီးတာနဲ့ နှစ်နာရီတိတိ အားလပ်ချိန်ရမယ် ၊ ပြီးရင် စိုက်ပျိုးရေး ၊ ဆောက်လုပ်ရေး ၊ မွေးမြူရေး ၊ အထည်ချုပ်တဲ့နေရာတွေမှာ အလှည့်ကျ တာဝန်ထမ်းဆောင်ရမယ် ၊ စနေနေ့မှာက ချက်ပြုတ်တဲ့နေရာမှာ ကူရမယ် ၊ ပြီးတော့ ရေကန်ဆည်တဲ့နေရာ နဲ့ ကျောက်သယ်တဲ့နေရာ ၊ အဲ့နေရာတွေမှာကလည်း အလှည့်ကျပေါ့ ၊ တနင်္ဂနွေနေ့တိုင်းကတော့ မင်းတို့နားရက် ၊ ကျန်တာက မနက် 7:00 ဘဲလ်မြည်တာနဲ့ ထရမယ် ၊ မနိုးရင် 10မိနစ်အတွင်း ငါတို့ဝင်နှိုးပေးမှာ ၊ သန့်ရှင်းရေးပိုင်းကတော့ ညနေတိုင်းမှာ ရှိတဲ့လူအကုန်လုပ်ရမယ် ၊ ရေချိုးချိန်က ည 7 နာရီကနေ 8 နာရီအထိ ပေးထားတယ် ၊ သူများကပြောလို့ဖြစ်စေ ၊ ငါတို့လာကြည့်ရင်း တွေ့ရင်ဖြစ်စေ သတ်မှတ်ချိန်ကျော်ပြီးရေချိုးသံကြားရရင် ငါတို့အဆိုးမဆိုပါနဲ့ ၊ နားမလည်တာရှိလား 2555 "

ကျွန်တော် ခေါင်းယမ်းပြလိုက်သည် ။ နားမလည်လောက်စရာ စကားလုံးမှမပါတာပဲကို ။

သျှားကတော့ ထမင်းကိုခေါင်းမဖော်တမ်းစားရင်းနဲ့ကျွန်တော်နဲ့အစောင့်တွေ စကားပြောတာကို တစ်ချက်တစ်ချက် မော့မော့ကြည့်နေသည် ။

နေ့လည်စာအတွက် ဟင်းကတော့ ဖရုံသီးချက်နဲ့ငရုတ်သီးကြော် ။ လင်ဗန်းကိုသေချာစွာကိုင်ရင်း သျှားဘေးကနေရာလွတ်တွင် ထိုင်စားရန်ကြံရွယ်မိသည် ။

ဒီတစ်ခေါက်တော့ ကျွန်တော် ကံကောင်းပြီထင်ပါသည် ။

" ဂလုံ ၊ ဂလွမ် "

သျှားထိုင်နေသည့် ခုံဘက်ကို ချိုးဝင်ရန်ဟန်ပြင်ဆဲမှာပဲ ကျွန်တော့်နေလည်စာ ပန်းကန်ဟာ ဒုတိယအကြိမ်အဖြစ်နဲ့ မြေပြင်ပေါ်သို့ သက်ဆင်းသည် ။

ဒီတစ်ခေါက်တော့ အခြေအနေ ပိုဆိုးသည်ဟုဆိုနိုင်သည် ။ ကျွန်တော်သွားနေသည့်လမ်းတွင် ခြေထိုးခံခြင်းဖြစ်၍ ထမင်းပန်းကန်ကအရင် ကြမ်းပြင်ပေါ်သို့ကျကာ လူကနောက်မှလဲသဖြင့် မျက်နှာဟာ ထမင်းပန်းကန်ထဲသို့ ကွက်တိဝင်သွားသည် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now