*** Part - (22) ***

2K 215 8
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~

တကယ်တော့
လမ်းဆုံဆိုတာ
ရွေးချယ်မှုတို့ရဲ့
မြစ်ဖျားခံရာပဲ ...

" စစ်ဉာဏ်လင်း "

~~~~~~~~~~~~~~~~~~~~~~~~~~~

ပုရစ်အော်သံနှင့် တစ်ခါတစ်ရံ ခွေးအူသံကလွဲပြီး ပတ်ဝန်းကျင်တွင် တိတ်ဆိတ်လျှက်ရှိသည် ။ သုတကတော့ အရှေ့ခန်းတွင် အိပ်ပျော်သွားလောက်ပြီထင်၏ ။ ကျွန်တော်တစ်ယောက်တည်းသာ ရှေ့ဆက်ရမည့် Plan တွေချပြီး အနာဂတ်ကို စဉ်းစားကြည့်နေရသည် ။

တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးနေရသည် ။ သူတောင်းဆိုသည့်အရာက တစ်ခုတည်းပေမဲ့ လည်း ကျွန်တော့်ဘက်မှာကျတော့ စဉ်းစားစရာတွေများလွန်းသည် ။ ဖြစ်နိုင်ခြင်းနဲ့မဖြစ်နိုင်ခြင်းတွေကို ချိန်ဆနေရသည် ။ တစ်ခုခုမှားယွင်းသွားခဲ့ပါက ကျွန်တော့်အတွက်ပါ အန္တရာယ်များနိုင်သည် ။

ကုတင်ပေါ်ကကောင်လေးကတော့ ခေါင်းကောမျက်နှာမှာပါ ပတ်တီးအဖွေးသားဖြင့် မေ့မျောနေဆဲ ။

ထိုကောင်လေးကို အသေးစိတ်ကြည့်မိတော့ စိတ်ထဲတွင် ထူးဆန်းသည့်ခံစားချက်တို့ဖြစ်ပေါ်လို့လာသည် ။ လူတွေအကြောင်းကို စိတ်မဝင်စားခဲ့ပေမဲ့လည်း လောလောဆယ်တော့ အတွေးနယ်ချဲ့နေမိသည် ။

အနည်းငယ်ကြီးနေသည့်ထောင်ဝတ်စုံအပြာရောင်နှင့် မလိုက်ဖက်စွာဘဲ သူ့မျက်နှာလေးက နုနုနယ်နယ် တည်ရှိနေတာဖြစ်သည် ။ သွေးတွေဖြင့် စီးကပ်နေသေးသည့်ဆံပင်တို့ဟာ နဖူးပြင်ကျဉ်းကျဉ်းပေါ် ဝဲကျနေပေမဲ့လည်း ကြည့်ရခက်တာမျိုး မဟုတ်ခဲ့ ။

" ဟင့်အင်း ခြူးခြူးလေး ၊ ကိုကိုရှိုင်းကို အဲ့လိုမကြည့်ပါနဲ့ ၊ တောင်းပန်ပါတယ် "

အော်ဟစ်ပြီး ပြန်လည်ငြိမ်ကျသွားပြန်သည် ။ ကျွန်တော့်အတွက်တော့ သူယောင်တာတွေဟာ ကြားနေကျစကားတွေဖြစ်လို့ မထူးဆန်းတော့ချေ ။ နှစ်ယောက်နေသည့်အခန်းထဲတွင်လည်း အချို့သောညတွေ၌ ထိုကောင်လေးဟာ ကယောင်ကတမ်းတွေ ထထပြောတတ်သည် ။

အသက်အရွယ်နှင့်မလိုက်ဖက်အောင်ပဲ မတရားမှုတွေကြားထဲ လမ်းပျောက်ခဲ့ပုံပေါ်သည် ။ ဘယ်လိုကိစ္စမျိုးတွေနဲ့ကြုံတွေ့ခဲ့ရလို့များ သက်ငယ်မုဒိမ်းနဲ့လူသတ်မှုရယ်လို့ ခေါင်းစဉ်တပ်ခံရပြီး ဒီလိုနေရာမျိုးအထိရောက်လာရသည် မသိ ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now