*** Part - (42) ***

1.7K 162 30
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ကို
ဘောင်ခတ်လို့ထားချင်တယ်
မင်းသာ အရုပ်တစ်ရုပ်ဆို
ပိုကောင်းမယ်
ဘယ်သူမှမမြင်နိုင်တဲ့တစ်နေရာမှာပဲ
အပိုင်သိမ်းထားလိုက်ချင်တယ်
ထာဝရအတွက်ပေါ့

" ကောင်းခန့်မိုးတိမ် "

~~~~~~~~~~~~~~~~~~~~~~~~~~~~

မီးရောင်အောက်ရှိ Aircon ခန်းကအေးစိမ့်နေပေမဲ့ ခေတ်ကတော့ ချွေးပြန်စပြုလာသည် ။

" ကျွတ် ၊ Silicon Face Mask တပ်ရတာ တစ်မျိုးကြီးပဲ "

ဆံပင်တုကိုပါ ပုံကျအောင်သေချာစွပ်ပြီးတဲ့နောက်မှာတော့ မှန်ထဲကကိုယ့်ပုံရိပ်ကိုယ်ပြန်ကြည့်ပြီး ကျေနပ်သွားရသည် ။ Waiter အဝတ်အစားနဲ့မှန်ထဲမှာမြင်ရသည်က အခြားတစ်ယောက်လိုပင် ။

အပြင်ထွက်တော့မည်ပြုစဉ် ဖုန်း Message သံကြားလို့ကြည့်လိုက်တော့ သော်လွင် ။

" အဆင်ပြေရဲ့လား ၊ ကျွန်တော်သက်သာပါတယ်ဆို ၊ အဆင်ပြေပါတယ်ဆို ကိုခေတ်ရာ ၊ အခုတော့ ကျွန်တော့်မှာ စိတ်ပူတာပဲ တတ်နိုင်တယ် "

သော်လွင့် Message လေးဖတ်ပြီးပြုံးမိသည် ။ ဒီကောင်လေး ကျွန်တော့်အပေါ်မှာ သံယောဇဉ်ကြီးတာ သိပါသည် ။ ကျွန်တော်ခိုင်းရင် သူ့အသက်တောင်ပဓာနမထားဘဲ တိတိကျကျလုပ်တတ်၏ ။ ဒါပေမဲ့ အခုတလော နေမကောင်းဖြစ်တဲ့အချိန်များလာသည် ။ ကျန်းမာရေးစစ်ဖို့ပြောပေမဲ့လည်း သွားစစ်ရဲ့လား မသိ ။ တစ်ရက်ရက်မှပဲ ကျွန်တော်ကိုယ်တိုင်လက်ဆွဲခေါ်ပြီးသွားစစ်ပေးရတော့မည် ထင်သည် ။

" ငွေပေးပြီးခိုင်းလို့ရပေမဲ့ ဒီကိစ္စကို မင်းကလွဲပြီး နောက်တစ်ယောက် ထပ်မသိစေချင်တော့ဘူး သော်သော် ၊ မင်းဆိုတာက ပြောစရာမလိုတော့တဲ့လူမလို့ ထားပါ ၊ နောက်တစ်ယောက်က မင်းလိုမျိုး နှုတ်လုံပါ့မယ်လို့ ယုံကြည်လို့မှမရတာ ၊ ငါအဆင်ပြေအောင်လုပ်ပြီးပြန်ခဲ့မယ် သော်သော် ၊ နေကောင်းအောင်သာနေ ၊ အခုတလော မင်းကိုကြည့်ရတာ အားမရဘူး "

သော်သော့်ဆီစာရောက်သွားတာနဲ့ ဖုန်းကို Silent လုပ်ပြီး အခန်းထဲရှိတစ်နေရာတွင်သိမ်းခဲ့သည် ။

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now