My boyfriend from the star🌠🌠
အပိုင်း ( ၂ )
"ကျွန်တော့်နာမည် လွန်းသံစဉ် နာမည်လေ
နာမည် name N A M E....."
လွန်းတတွတ်တွတ်ပြောရလွန်းလို့ အတော်ပင်
အာပေါက်နေပြီဖြစ်သည်...။ဘေးနားကကိုကျောက်တုံး
ကတော့ တုတ်တုတ်ပင်မလှုပ်...။
"ဟူး......."
လွန်းစိတ်ပျက်စွာ ပါးစပ်မှလေပူတွေမှုတ်ထုတ်မိ
တော့သည်...။ထို့နောက်ဘာမှဆက်မပြောတော့ဘဲ
ကားကိုသာဂရုစိုက်မောင်းနေလိုက်တော့သည်...။အချိန်
ကား ည၆နာရီခွဲနေပြီဖြစ်သည်....။အတော်လေးမှောင်မှ
အိမ်ပြန်ရောက်တော့သည် (ကိုကျောက်တုံးကျေးဇူး..)။
"ဆင်း....."
လွန်းလေသံခပ်မာမာနဲ့ပင်ကားပေါ်ကဆင်းခိုင်း
လိုက်တော့သည်...(ခလေးစိတ်တိုနေပီ...)ကုပ်ချောင်း
ချောင်းနဲ့ဆင်းလာပုံက သနားစရာတော့ကောင်းသား။
"ဟင်မ်းးး မေမေ့ကိုဘယ်လိုပြောရပါ့မလဲနော်..."
လွန်းမေမေသည်ဒီလူ့ပုံမြင်ရင် သွေးတက်ပြီးလဲ
သွားနိုင်ချေရှိသည်...။ထို့ကြောင့် မေမေမမြင်အောင်
လွန်းထိုလူကိုအိမ်ထဲဘယ်လိုခေါ်ရမလဲ စဉ်းစားရတော့
သည်...။
"ဟုတ်ပြီ ခင်ဗျားကျွန်တော့နောက်ကတိတ်တိတ်
လေးလိုက်ခဲ့နော် အသံမထွက်စေနဲ့..."
အဲ ဒီလိုကျတော့ နားလည်သား...ခေါင်းညိတ်ပြ
ရှာသည်...။မေမေကအခုချိန်ဆို ဘုရားရှိခိုးနေကျဖြစ်
သည်...။အခုလောလောဆယ်တော့ ဒီလူ့ကိုခဏဖွတ်
ထားပြီးနောက်အေးအေးဆေးဆေးဖြစ်တော့မှ မေမေ့ကို
အမှန်အတိုင်းဖွင့်ပြောပြရမည်...။လွန်း ကိုယ့်အတွေးနဲ့
ကိုယ်တော့ဟုတ်နေလေသည်...။
"အမလေးနော်......"
လွန်း အိပ်ခန်းထဲရောက်မှပဲသက်ပြင်းချနိုင်တော့
သည်...။ထိုလူ့ကိုအိပ်ခန်းထဲထိခေါ်လာရတာလွယ်
တော့မလွယ်ပေ...။မေမေသာရုတ်တရက်ဘုရားခန်းထဲ
ကထွက်လာလျှင်လွန်းထက်ခေါင်းတစ်လုံးလောက်ပိုမြင့်
သောထိုလူကိုလွန်းဖွတ်နိုင်မည်မဟုတ်...။အခုလည်း
ကြည့်....အခန်းထဲရောက်ကတည်းကအခန်းပတ်ပတ်
လည်ကိုစူးစမ်းနေလိုက်တာ..ဟိုဟာကိုင်လိုက် ဒီဟာထိ
ကြည့်လိုက်နှင့် ဘာမှမသိဘာမှမမြင်ဘူးတဲ့လူကျနေတာ
ပဲ....။လွန်းတွေးနေမိတော့သည်...တလတ်စတည်းလွန်း
တွေးမိတာက ထိုလူ့အတွက်အဝတ်အစား...လွန်းရဲ့အ
ဝတ်တွေနဲ့တော့တော်မည်မထင်ပေ...ဒါနဲ့ပဲ ဒီအတိုင်း
စောင်နဲ့ပဲပက်ထားလို့လည်းမရ...(new fashionပေါ့
ခလေးရယ် 😂😂)
YOU ARE READING
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
