My boyfriend from the star🌠🌠
အပိုင်း ( ၁၆ )
လွန်းကြားလိုက်ရသောစကားကြောင့်ကိုယ့်နားကို
ပင်မယုံနိုင်ဖြစ်မိလေသည်...။Leoလည်းလွန်းရဲ့အံ့အား
သင့်နေသောမျက်နှာလေးကိုကြည့်ရင်းရင်ထဲနင့်ခနဲခံစား
လိုက်ရသည်...။
"လွန်း....."
"ဟင့်အင်း မဖြစ်နိုင်ဘူး ကိုကိုညာနေတာမလား
ကိုကို လွန်းကိုနောက်နေတာမလား ဟင့်အင်း လွန်းမယုံ
ဘူး...."
"လွန်း....."
မယုံနိုင်ဖြစ်စွာခေါင်းတယမ်းယမ်းနှင့်တတွတ်
တွတ်ဆိုနေသောလွန်းရဲ့ကိုယ်လေးကိုLeoသူ့ရဲ့ရင်ခွင်
ထဲဆွဲသွင်းလိုက်တော့တအိအိနှင့်လွန်းရှိုက်ငိုတော့သည်....။
"ကိုကို ပြောပါနော် မဟုတ်ဘူးလို့ပြောပါနော်
ကိုကိုလွန်းကိုစနေတာလို့ပြောပါနော် ကိုကို ကျေးဇူးပြု
ပြီး ကိုကို ပြောပေးပါ ကိုကိုရယ်..."
"လွန်းရယ်....."
ရှိုက်ကြီးတငင်ငိုကြွေးနေသောလွန်းရဲ့ကိုယ်လေး
ကိုတင်းကြပ်စွာထွေးပွေ့ထားမိတော့သည်....။လွန်းဘယ်လောက်ခံစားနေရမလဲဆိုတာသူသိပါသည်။ထို့ကြော
င့်လည်းသူရင်ထဲပိုပြီးခံစားရလေသည်...။
"လွန်း ကိုယ့်ကိုကြည့်...."
သူ လွန်းကိုရင်ခွင်ထဲကထုတ်ကာမျက်နှာလေး
ကိုစိုက်ကြည့်ရင်းပြောလိုက်လေသည်...။
"လွန်းကိုယ့်ကိုယုံတယ်မလား ကိုယ်လွန်းဆီ
ရောက်အောင်ပြန်လာခဲ့မယ် ကိုယ်ကတိပေးတယ်...."
"လွန်း ကိုကို့ကိုယုံပါတယ် ဒါပေမဲ့ ကံကြမ္မာကို
မယုံဘူး....."
လွန်း အားငယ်တိုးဖျော့စွာဆိုမိတော့Leoစိတ်မ
ကောင်းဖြစ်ရပါသည်....။
"လွန်း ကိုကိုနဲ့မခွဲနိုင်ဘူး ကိုကိုရယ် လွန်းကိုမရ
က်စက်ပါနဲ့နော် လွန်းကိုထားမသွားပါနဲ့ ကိုကို လွန်းတောင်းပန်ပါတယ်...."
YOU ARE READING
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
