My boyfriend from the star🌠🌠
အပိုင်း( ၁၀ )
အိပ်ရာထက်တွင်နှစ်ခြိုက်စွာအိပ်နေသောလွန်းကို
Leoထိုင်ပြီးငေးကြည့်နေမိသည်...။ဒီကမ်ဘာပေါ်စရောက်
ကတည်းကသူ့အားကူညီပေးခဲ့သည့်စိတ်ကောင်းရှိလွန်း
သောကလေးလေး....။သူဘယ်လိုအလွဲတွေလုပ်ခဲ့ပါစေ
သူ့အားမငြိုမငြင်ဘဲအိမ်မှာဆက်နေခွင့်ပေးခဲ့သူလေး...
အခုတော့တစ်စုံတစ်ယောက်ကြောင့်နာကျင်နေရသည်
ကိုမြင်ရတော့Leoတကယ်ကိုစိတ်မကောင်းဖြစ်မိသည်။
"အင်မ်း ဟင်မ်း....."
ညည်းသံသဲ့သဲ့နဲ့အတူကိုယ်လေးလူးလွန့်ကာနိုး
လာသောလွန်း...။သူ့အားမြင်တော့မျက်လုံးလေးပေက
လက်ပေကလက်နှင့်ငေးကြည့်နေပြီးမှတစ်စုံတစ်ခုကို
သတိရသွားဟန်ဖြင့်နောက်သို့ဆုတ်သွားလေသည်...။
လွန်းသတိရရခြင်း လွန်းအားစိုးရိမ်သောမျက်လုံး
တွေနဲ့ကြည့်နေသောLeoကိုတွေ့ရလေသည်..။အစက
တော့Leoကိုလွန်းကြောင်တောင်တောင်ပြန်ငေးကြည့်
နေမိသည်...။ငါဘာဖြစ်ခဲ့တာလဲ....။လွန်းခေါင်းထဲမှာ
ဖြစ်ခဲ့သမျှတရေးရေးနှင့်ပြန်ပေါ်လာတော့သည်...။ကိုခန့်
သော်ဇင်နှင့်တွေ့ ပြီးလွန်းဆိုင်ထဲမှပြေးထွက်လာခဲ့သည်
ထို့နောက်လွန်းကားတိုက်မလိုဖြစ်တာ...သို့ပေမဲ့လွန်းအ
စားLeoကိုတိုက်သွားခဲ့သည်မဟုတ်လား...။ဟင်...ဒါပေ
မဲ့ သူ သူ...ဘာမှမဖြစ်ဘူး....။
"ခင်ဗျား ခင်ဗျားကဘာလဲ ခင်ဗျားလူမဟုတ်ဘူး..."
"ဟော ကိုယ်လွန်းကိုအကြိမ်ကြိမ်ပြောပြီးပြီလေ
ကိုယ်ကတခြားကမ်ဘာကလာတဲ့ဂြိုလ်သားပါလို့..."
"ဂြိုလ် ဂြိုလ်သား ဟုတ်လား ခင်ဗျားကဂြိုလ်သား
အာ့ဆိုခင်ဗျားကျွန်တော့်ကိုဘာလုပ်မလို့လဲ..."
အထိတ်တလန့်နှင့်သူ့အားမေးလာသောလွန်း
ကြောင့်Leoပြုံးမိတော့သည်...။မနေ့ကအထိသူ့အားလူ
ကြီးလေးတစ်ယောက်လိုပွစိပွစိဖြင့်ဆရာလုပ်နေတဲ့သူ
လေးကအခုတော့ကလေးတစ်ယောက်လိုပြူးကြောင်
ကြောင်လေးကြည့်နေလေသည်...။
ВЫ ЧИТАЕТЕ
My boyfriend from the star🌠🌠🌠( Complete )
Любовные романыသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
