My boyfriend from the star 🌠🌠
အပိုင်း( ၆ )
လွန်း ကိုယ့်ရှေ့မှာရပ်နေသောသူကိုမျက်တော
င်မခတ်တမ်းစိုက်ကြည့်နေမိသည်...။ပြီးမှ သတိပြန်ဝင်
လာ၍"ဟုတ် ဟုတ်ကဲ့ ထိုင် ထိုင်လို့ရပါတယ်..."
ပျာပျာသလဲပင်အထစ်ထစ်အငေါ့ငေါ့ထွက်လာ
သောလွန်းရဲ့စကားကြောင့်ခန့်သော်ဇင်ပြုံးပြီးလွန်းအ
ရှေ့ကခုံတွင်ဝင်ထိုင်လိုက်တော့သည်...။"ကျွန် ကျွန်တော်က...."
"လွန်းသံစဉ် အစ်ကိုမင်းကိုသိပါတယ် ဟိုတစ်
နေ့ကတောင်အစ်ကိုတို့ဆုံသေးတယ်မလား...""ဗျာ...."
လွန်းတကယ်ကိုအံသြသွားရသည်...။လွန်းရဲ့
crushကြီးကလွန်းကိုမှတ်မိနေသည့်အပြင်လွန်းရဲ့နာမည်ကိုပါသိနေသည့်အတွက်ရင်ထဲတကယ်ကိုကြည်နူးမိ
တော့သည်...။"ဒါနဲ့ သူက...."
ခန့်သော်ဇင် လွန်းဘေးတွင်ထိုင်နေသောLeo
ကိုကြည့်ကာမေးလိုက်ခြင်းဖြစ်သည်...။"အော် သူကလွန်းရဲ့အစ်ကိုပါ..."
(အစ်ကိုတဲ့လား ခလေးရယ်...)လွန်းရဲ့အဖြေ
ကြောင့်ခန်းသော်ဇင်အော်ဟူ၍သံရှည်ဆွဲကာခေါင်းကို
တဆတ်ဆတ်ညိတ်နေလေသည်...။လွန်းကတော့ဘာမှ
မသိ...အမြဲတမ်းအဝေးကသာငေးကြည့်နေခဲ့ရတဲ့ ခန့်
သော်ဇင်ရဲ့မျက်နှာကိုအခုလိုအနီးကပ်မြင်ခွင့်ရသည့်အ
တွက်လွန်းတစ်ယောက်ကျေနပ်ပီတိဖြစ်နေရလေသည်။
(ဟင်းးး ငါမပြောသေးဘူး...)"အစ်ကိုကလွန်းနဲ့ခင်ချင်လို့ပါ ဟိုအစ်ကို့ကြောင့်
လွန်းစိတ်အနှောက်အယှက်မဖြစ်ပါဘူးနော်...""ဟာ မဖြစ်ပါဘူး လွန်းလည်းအစ်ကို့ကိုခင်ပါတ
ယ်...."(အာ့လောက်လည်းယွမနေနဲ့လေ...)ခန့်သော်ဇင်
တစ်ယောက်လွန်းရဲ့အဖြေကြောင့်ကျေနပ်စွာပြုံးလိုက်
တော့သည်...။"ဟို လွန်းရဲ့ဖုန်းနံပါတ်လေးပေးပါလား..."
ခန့်သော်ဇင်နှစ်ခါမပြောလိုက်ရ...။လွန်းတစ်ယော
က်ချက်ချင်းပင်ဖုန်းနံပါတ်ပေးလိုက်တော့သည်...။(အစ
ကတည်းပေးချင်နေတာကိုး...)"အဲ့ဒါဆို အစ်ကိုသွားတော့မယ်နော် ညကျမှဖုန်း
ဆက်လိုက်မယ်...."လွန်းကတော့လွန်းကိုနှုတ်ဆက်ကာထွက်သွား
သောခန့်သော်ဇင်ရဲ့ကျောပြင်ကိုကြည့်ရင်းလက်တပြပြ
ဖြင့်သာကျန်ခဲ့လေတော့သည်..။"သူကလွန်းရဲ့သူငယ်ချင်းလား..."
"မဟုတ်ဘူး လွန်းရဲ့crush...."
"Crush ??...."
လွန်းအားမသိသလိုပြန်မေးနေသောLeoကို
လွန်းပြန်မဖြေတော့ပေ...။ဖြေလည်းနားမလည်ပါးမလည်ထပ်မေးဦးမည်မဟုတ်ပါလား...။"သူက...."
မျိုးကိုမောင်တစ်ယောက်သူ့ရှေ့တွင်ရပ်နေသော
Leoကိုမျက်လုံးကျွတ်ကျမတက်ကြည့်နေလေသည်..။"ကျွန်တော်ကLeoပါ...."
"အမလေး လူကလည်းချော အသံလေးကလည်း
သာယာ ပြီးတော့ယဉ်ေကျးမှုကလည်းအပြည့်ရှိလိုက်
တာ..."Leoကိုရှေ့တင်ထားပြီးချီးမွမ်းခန်းတွေဖွင့်နေ
သောမိျုးကို ကိုလွန်းကြည့်ရင်းအမြင်ကပ်ကပ်နှင့်မျက်နှာ
ကိုသာမဲ့လိုက်မိတော့သည်...။"လွန်းရယ် မင်းသူ့ရဲ့ဘယ်နေရာကိုကြည့်ပြီးအရူး
လို့သတ်မှတ်ရတာလဲ..."မျိုးကိုတစ်ယောက်လွန်းရဲ့အနားကပ်ကာလေ
သံလေးနှင့်ပြောလေသည်...။လွန်းလည်းလေသံလေး
နှင့်ပင်"မင်းကသူ့အကြောင်းမှမသိသေးတာ..."
ဟု ပြောလိုက်တော့သည်...။မျိုးကိုကတော့မယုံ
သလိုမျက်လုံးနှင့်ပြန်ကြည့်လေတော့သည်...။ဟွန်း....
သူကမှဒီအရူးဒုက္ခပေးတာမခံရတာ...။လွန်း စိတ်ထဲမှ
မကျေမနပ်ပြောမိတော့သည်...။အဲ့နေ့တစ်နေ့လုံးလွန်း
ကအပြင်လူဖြစ်နေလေသည်...။Leoနှင့်မျိုးကိုဆိုသော
သကောင့်သားနှစ်ေကာင်ကတော့လွန်းကိုရှိသည်လို့ပင်
မထင်...နှစ်ေယာက်သားကျိတ်ကျိတ်ကျိတ်ကျိတ်နှင်
အဖွဲ ့ကျနေလေတော့သည်...။(ခလေးကအပယ်ခံထားရ
တော့တင်းနေပြီလေ...)အပိုင်း ၇ ဆက်ရန်....
ဒီအပိုင်းတော်တော်တိုသွားပါတယ်...

YOU ARE READING
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....