My boyfriend from the star🌠🌠
အပိုင်း ( ၁၈ )ဇာတ်သိမ်းပိုင်း
"ဟုတ်ကဲ့ ကျွန်တော်နေမင်းမာန်ပါ အားလုံးတွေ့ရ
တာဝမ်းသာပါတယ် ကျွန်တော့ကိုကြောက်နေစရာမလို
ပါဘူး အားလုံးနွေးနွေးထွေးထွေးဆက်ဆံပေးကြပါနော်
....."
ဖော်ရွေစွာပြောသွားသောနှုတ်ဆက်စကားအဆုံး
တွင်လွန်းသတိပြန်ဝင်လာရတော့သည်...။ကိုကို.....ဒီလူ
ကတကယ်ပဲကိုကိုလား....။လွန်း နေမင်းမာန်ဆိုတဲ့လူ
ကိုမျက်တောင်မခတ်ငေးကြည့်နေမိလေသည်...။ကိုကို
နဲ့တစ်ပုံစံတည်းတူပေမဲ့မတူတဲ့အရာတော့ရှိလေသည်..။
မျက်ဝန်းတွေ....ကိုကိုကအပြာရောင်မျက်ဝန်းကိုပိုင်ဆိုင်
ထားသည်မဟုတ်ပါလား....နေမင်းမာန်ဆိုတဲ့လူမှာတော့
ထိုအပြာရောင်မျက်ဝန်းတွေရှိမနေပေ....အနက်ရောင်စူး
ရှတဲ့မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားလေသည်...။
"MD သူကလွန်းသံစဉ်တဲ့ သူကတော့ဒီရုံးမှာဘာမှ
မသိတာမရှိတဲ့ဝန်ထမ်းပဲ MDလိုချင်တာရှိရင်သူ့ကိုခိုင်း
လို့ရတယ် နောက်တစ်ယောက်လည်းရှိသေးတယ် ဒီနေ့
တော့ရုံးမလာဘူးဗျ...."
မျက်ဝန်းမှမျက်ရည်တွေကိုတခြားသူတွေမြင်မှာ
ကြောက်၍လွန်းမျက်နှာကိုအောက်သို့ငုံ့ကာလွှဲထားမိ
တော့သည်....။
"ဟုတ် ဟုတ်ကဲ့ ကျွန်တော်လွန်းသံစဉ်ပါ...."
"လွန်းသံစဉ် နာမည်လေးလှတယ်နော် ကိုယ်တို့
ရှေ့လျှောက်အလုပ်အတူတူတွဲလုပ်ကြတာပေါ့...."
လွန်း အံ့သြတကြီးမော့ကြည့်လိုက်မိသည်...။သူ့
ရဲ့အသံကကိုကို့ရဲ့အသံလိုလွန်းအပေါ်သိပ်ကိုနွေးထွေး
လွန်းလှလေသည်...။သူကလွန်းရဲ့ကိုကိုမဟုတ်ပေမဲ့
သူ့အကြည့်သူ့အသံတွေကကိုကိုနဲ့သိပ်ကိုတူလွန်းလှပေ
သည်....။
"ဟုတ် ဟုတ်ကဲ့ MD....."
"MD အခန်းထဲကိုကြွပါ....."
YOU ARE READING
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
