My boyfriend from the star🌠🌠
အပိုင်း ( ၁၃ )
Leoမနက်စောစောထကာလွန်းနိုးရင်စားဖို့မနက်
စာကိုမီးဖိုချောင်ထဲဝင်ကာပြင်ဆင်နေတော့သည်...။
(အဟင်း အချစ်တွေ အချစ်တွေ....)အားလုံးပြင်ဆင်ပြီး
လို့အပေါ်ထပ်အိပ်ခန်းထဲသို့ပြန်ဝင်လာသည့်အချိန်ထိ
လွန်းကမနိုးသေးပေ...။အိပ်ရာထက်တွင်ဘေးသို့စောင်း
ကာကွေးကွေးလေးအိပ်နေသောလွန်းကိုLeoမြတ်နိုးစွာ
ကြည့်ရင်းလွန်းအိပ်နေသည့်ကုတင်ပေါ်သို့တင်ပါးလွှဲဝင်
ထိုင်လိုက်တော့သည်...။
"လွန်း ထတော့လေ...."
လွန်းနဖူးစပ်ကဆံပင်လေးတွေကိုယုယစွာသပ်တ
င်ပေးလိုက်ရင်းခပ်တိုးတိုးလေးသူနှိုးလိုက်တော့သည်...။
သို့ပေမဲ့လွန်းကတုပ်တုပ်မလှုပ်...။သူတစ်ချက်ပြုံးလိုက်
ပြီးလွန်းရဲ့ပါးပြင်နုနုလေးကိုအသာဖိနမ်းလိုက်ရင်းထပ်နှိုး
လိုက်တော့သည်...။
"လွန်း ထတော့လေ ကလေးလေးရဲ့...."
"အင်မ်း ......"
လွန်းခပ်သဲ့သဲ့ညည်းရင်းတစ်ဖက်သို့ပြန်စောင်း
ကာကွေးကွေးလေးအိပ်နေပြန်လေသည်...။Leoလွန်းရဲ့
အပြုအမူကြောင့်သဘောကျစွာရယ်လိုက်မိတော့သည်။
"ကလေးဆိုးလေးပဲ ထတော့ဆို လွန်းလေးရဲ့
ကိုးနာရီတောင်ထိုးတော့မယ်...."
သူလွန်းရဲ့နားရွက်ဖျားလေးကိုခပ်ဖွဖွနမ်းလိုက်
ရင်းထပ်မံနှိုးလိုက်လေသည်...။လွန်းကမထသေးပဲဆက်
၍သာပေအိပ်နေလေသည်...။Leoလွန်းရဲ့အပြုအမူလေးကိုအသည်းယားလာတာကြောင့်စူတူတူလေးဖြစ်နေ
သောလွန်းရဲ့နီရဲရဲနှုတ်ခမ်းလေးကိုအသာဖိနမ်းလိုက်
တော့သည်...။
"အွန်း Leo....."
အိပ်ချင်မူးတူးပုံစံဖြင့်သူ့လည်ပင်းအားပြန်လည်
သိုင်းဖက်ကာအနမ်းတို့ကိုတုံ့ပြန်လာသောလွန်း....။
VOUS LISEZ
My boyfriend from the star🌠🌠🌠( Complete )
Roman d'amourသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
