My boyfriend from the star🌠🌠
Intro......
ကောင်းကင်ကြီးတစ်ခုလုံး ပုစွန်ဆီရောင်သန်းနေ
လေပြီ....။နေလုံးကြီးကကမ်ဘာမြေကြီးအတွင်းသို့ တဖြေး
ဖြေးနစ်ဝင်နေသယောင်....။အဝေးပြေးလမ်းမထက်တွင်
အရှိန်လေးနှင့်သွားနေသော ကားလေးတစ်စီး....။
"Hello !..."
"........."
"မင်းကလည်းကွာ တစ်ရက်တစ်လေလေးကို...."
"........"
"ကျစ် !! ......"
ကားမောင်းနေရင်းမို့ဖုန်းဆက်လာသည်ကိုစိတ်တို
နေမိတာ အရေးထဲသကောင့်သားကလာရစ်နေသေးသ
ည်....။လွန်းသံစဉ်စိတ်ညစ်ညစ်နှင့်စုပ်တစ်ချက်သပ်လိုက်ပြီး....
"အေးပါကွာ ငါလာရင်မင်းအတွက်မုန့်ဝယ်လာခဲ့
မယ် နော် သူငယ်ချင်း...."
ဟွန်းးး အစားပုတ် ဝက်စုတ်....။စိတ်ထဲကနေ
သာကျိန်ဆဲမိတော့သည်...။အပြင်မှာထုတ်ပြောကြည့်ပါ
လား....မျိုးကိုဆိုသောသူရဲ့အချစ်ဆုံးသူငယ်ချင်းဝက်မ
အစုတ်ပလုပ်ရဲ့သာယာနာပျော်ဖွယ်ကျိန်ဆဲသံတွေကို
နားသောတဆင်နေရလိမ့်မှာဧကန်မလွဲပင်...။တစ်ရက်တစ်လေလေးဆိုင်မှာလူစောင့်အဖြစ်ထားခဲ့ပါတယ်....
တစ်နေကုန်ဖုန်းဆက်ပြီးလူကိုတဂျီဂျီလုပ်နေတာမဆုံး
တော့....။
"ဒါဆိုမနက်ဖြန်မှတွေ့မယ်နော် ဒီနေ့အိမ်ပဲတန်း
ပြန်လိုက်တော့မယ် ဆိုင်ကိုမဝင်တော့ဘူး...."
"..........."
"Ok bye....."
ဖုန်းချလိုက်ပြီးကားကိုသာအာရုံစိုက်မောင်းနေ
လိုက်တော့သည်...။လွန်းသံစဉ်ဆိုတာသူ့နာမည်....။
မိန်းကလေးဆန်တဲ့ဖက်ရောက်နေသောသူ့နာမည်ကို
တစ်ခါတစ်လေသူသဘောမကျ....။ဒီနာမည်ကြောင့်ငယ်
ငယ်တုန်းကလူကြားထဲခဏခဏအစခံခဲ့ရဖူးသည်...။
ထိုစဉ်
"ဟာ....."
ရုတ်တရက်ကောင်းကင်ကြီးတစ်ခုလုံးလင်းခနဲ
ဖြစ်သွားတာကြောင့်လွန်းအံ့သြသွားရသည်...။အံ့သြပြီး
ငေးကြည့်နေမိစဉ် ကားရှေ့ရပ်လာသောလူရိပ်တစ်ခု
ကြောင့်လွန်းအလန့်တကြားကားကိုဘရိတ်ဆွဲအုပ်လိုက်
ရတော့သည်...။
"ကျွီ !!! ......."
"ဒုတ် ! ....."
"ဟာ ဒုက္ခပဲ တိုက်မိသွားပြီထင်တယ်...."
လွန်း တကယ်ကိုခေါင်းနပန်းကြီးသွားရသည်...။
သို့သော်စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာကားပေါ်မှဆင်း
လိုက်ေလသည်....။ကြောက်ရွံစိတ်ေကြာင့်လူတစ်ကိုယ်
လုံးတုန်နေသည်...။
"ဟင် !! ......"
လွန်း အံ့သြလွန်းလို့ ဘာစကားမှမပြောနိုင်တော့
ပေ...။လွန်းမြင်လိုက်ရသည်က လွန်းရဲ့ကားရှေ့မှာခွေ
ခွေလေးလဲကျနေသောလူတစ်ယောက်...။လွန်းအံ့သြမိ
သည်က ထိုလူမှာတစ်ကိုယ်လုံးအဝတ်ဗလာဖြစ်နေ
သောကြောင့်ဖြစ်သည်....။လွန်းကြည့်နေစဉ်မှာပဲ ထိုလူ
ကထလာလေသည်....။ထိုလူထရပ်လိုက်တော့ အရပ်
ကလွန်းထက်ခေါင်းတစ်လုံးပိုမြင့်လေသည်...။ယောက်
ကျားပီသပြီးချောတဲ့အထဲမှာပါသည်...။ခက်တာကတစ်
ကိုယ်လုံးအဝတ်နတၳိဖြစ်နေတာပင်...။လွန်းမျက်လုံးတွေ
က ထိုလူရဲ့ခေါင်းကနေအောက်ပိုင်းကိုရောက်သွားချိန်
မှာတော့
"😳😳..."
"ဂလု !! ......"
မနေနိုင်လွန်းလို့ ရေးမိပြန်တာ....😁😁
ဒါကတော့ introလေးပါ...
အားပေးကြပါဦးနော်....
ВЫ ЧИТАЕТЕ
My boyfriend from the star🌠🌠🌠( Complete )
Любовные романыသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
