My boyfriend from the star🌠🌠
အပိုင်း ( ၁၇ )
ကိုကို မရှိတော့ဘူး....။ခေါင်းထဲဝင်လာသောအ
တွေးတစ်ချို့ကြောင့်လွန်းလှဲနေရာမှဆတ်ခနဲထလိုက်
တော့သည်...။လွန်း ရောက်နေတဲ့နေရာကအခန်းတစ်ခု
ထဲတွင်ဖြစ်လေသည်...။နှာခေါင်းထဲဝင်လာသောပိုးသတ်ဆေးအနံ့ကြောင့်ဒါဆေးရုံတစ်ခုရဲ့အခန်းတစ်ခုထဲတွင်ရောက်နေမှန်းလွန်းသိရလေသည်...။
"လွန်း သတိရပြီလား...."
လွန်း အနားသို့ရောက်လာကာစိုးရိမ်တကြီးရော
က်လာသောမျိုးကို...။သူကရော လွန်းဆီဘယ်လိုရော
က်နေတာလဲ....။
"ငါ ဘယ်ရောက်နေတာလဲ...."
"မင်းအခုဆေးရုံမှာလေ ဒါနဲ့မင်းကဘယ်လိုလုပ်
ပြီး ပဲခူးသွားတဲ့လမ်းမှာသတိမေ့လဲကျနေရတာလဲတော်
သေးတာပေါ့ ပဲခူးကပြန်လာတဲ့ကားတစ်စီးမင်းကိုလမ်း
မှာလဲနေတာတွေ့လို့ဆေးရုံတင်ပေးထားတာ..."
ဟင်....။လွန်း အခုမှသတိရတော့သည်...။ဟုတ်
တယ်...ကိုကို ထွက်သွားပြီးလွန်းငိုရင်းလဲကျသွားခဲ့တာ
ပဲလေ...။
"ပြီးတော့ မင်းလူကြီးရော ဘာလို့မင်းနဲ့အတူရှိမ
နေတာလဲ ငါအိမ်ကိုသွားကြည့်တော့လည်းဘယ်သူမှမ
ရှိဘူး...."
မျိုးကိုရဲ့အမေးကြောင့် လွန်းရင်ထဲဆစ်ခနဲဖြစ်
သွားရလေသည်...။ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တွေ
အလိုလိုရစ်ဝိုင်းလာလေတော့သည်...။
"လွန်း ဘာဖြစ်လို့...."
"ကိုကိုက ထွက်သွားပြီ မျိုးကို....."
"ဘာ ဒါဆိုသူမင်းကိုထားသွားတာပေါ့ တောက်
ဒါ ဒီကောင်သက်သက်လူပါးဝတာ..."
မျိုးကို ဒေါသတကြီးထအော်လေသည်...။လွန်း
ကတော့ခေါင်းတယမ်းယမ်းခါကာငိုမိလေတော့သည်...။
"မဟုတ်ဘူး ကိုကိုကငါ့ကိုထားသွားတာမဟုတ်
ဘူး သူပြန်လာမယ်တဲ့ သူငါ့ကိုကတိပေးခဲ့တယ်..."
YOU ARE READING
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
