My boyfriend from the star🌠🌠
အပိုင်း( ၉ )
လွန်းToiletကထွက်လာပြီးကိုခန့်ဆီသိုပြန်လျှော
က်လာခဲ့တော့သည်....။
"ဟင်....."
ကိုခန့်ထိုင်နေသောစားပွဲနားသို့ကောင်မလေးတ
စ်ယောက်ရောက်နေလေသည်...။လွန်းလည်းအနားသို့
မသွားသေးဘဲအကွယ်တစ်နေရာတွင်ရပ်ကာသူတို့ပြော
တာတွေကိုနားထောင်နေမိသည်...။
"ကိုကို ဘာတွေလျှောက်လုပ်နေတာလဲ ကိုကို
တကယ်ပဲကောင်လေးတစ်ယောက်ကိုရည်းစားစကား
ပြောမလို့လား...."
ကောင်မလေးရဲ့စကားကြောင့်လွန်းရင်ထဲဒိန်းခနဲ
ဖြစ်သွားတော့သည်...။လွန်းလည်းသိချင်မိသည်...။ကို
ခန့်ဘယ်လိုဖြေမလဲဆိုတာကို....။
"ဟာ အဲ့ဒါကဟိုကောင်တွေနဲ့အလောင်းအစား
လုပ်ထားတာပါ ကိုကိုကယောကျ်ားလေးတွေကိုမကြိုက်
ပါဘူး ပြီးတော့ကိုကို့မှာသဇင်တစ်ယောက်လုံးရှိနေတာ
ပဲကို....."
ခန့်သော်ဇင်ရဲ့အဖြေကြောင့်လွန်းတကယ်ကို
ထိတ်လန့်သွားရသည်...။အလောင်းအစား....ကိုခန့်
လွန်းအပေါ်တန်ဖိုးဖြတ်လိုက်တာကတကယ်ကိုအပေါ
စားဆန်လွန်းသည်...။လွန်းတကယ်ကိုမယုံနိုင်ပေ....။
လုပ်ရက်လိုက်တာဟုသာတွေးမိရင်းလွန်းမျက်ရည်တွေ
ပါးပြင်ထက်သို့စီးကျလာတော့သည်...။
"ကိိုကိုပြောတာတကယ်ပါနော်...."
"တကယ်ပါကွာ ကိုကိုကသဇင်ကိုပဲချစ်တာ ဘာ
လဲသဇင်ကကိိုကို့ကိုမနိုင်စေချင်ဘူးလား...."
"ကိုကိုကနိုင်မှာရောသေချာရဲ့လား...."
"သေချာတာပေါ့ ကောင်လေးကကိိုကိုမခြွေခင်
ကတည်းကကြွေနေပြီးသား ဟား ဟား ဟား...."
(မသာကြီး....)ခန့်သော်ဇင်ရဲ့စကားကြောင့်လွန်း
ရင်ထဲတွင်ဆစ်ခနဲနာကျင်သွားရသည်...။လွန်းအသက်
ကိုခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးပါးပြင်ထက်ကမျက်
ရည်စတွေကိုသုတ်လိုက်ကာကိုခန့်တို့စားပွဲနားသို့လျှော
က်သွားလိုက်တော့သည်...။
BINABASA MO ANG
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
