Part 7 ( unicode )

979 58 0
                                        

My boyfriend from the star🌠🌠

အပိုင်​း( ၇ )

ဘာလိုလိုနဲ့Leo​တောင်​လွန်​းအိမ်​​ရောက်​​နေတာ
သုံးရက်​​လောက်​ရှိပြီဖြစ်​သည်​...။စစချင်​းတုန်​းက​တော့
ပြသနာ​ပေါင်​းစုံနှင်​့နည်​းနည်​းကသိက​အောက်​နိုင်​​ပေမဲ့
အခု​တော့အသားကျ​နေ​လေပြီ...။Leoဆိုတဲ့လူကြီးက
ရူးသာရူး​နေတာ...ဉာဏ်​က​တော့​ကောင်​းလှသည်​...။
ဘာကိုပဲဖြစ်​ဖြစ်​အခုချက်​ချင်​းသင်​အခုချက်​ချင်​းတက်​​
ခြင်​းဖြစ်​​လေသည်​...၊

"လွန်​း ထမင်​းစား​တော့မယ်​မလား ကိုယ်​ထမင်​းပွဲ
ပြင်​ပြီးပြီ...."

"အင်​း......"

အခုလည်​းထမင်​းစားဖို့လာ​ခေါ်​နေပြီမို့ လွန်​းထိုင်​
ရာမှထကာ ထမင်​းစားထဲသို့လိုက်​ခဲ့​တော့သည်​...။
(အင်​း ခ​လေးကဇိမ်​ကျ​နေတာ....)ထမင်​းစားပွဲ​ပေါ်တွင်​
ပြင်​ထား​သောဟင်​းလျာ​တွေ​ကြောင်​့လွန်​းမျက်​လုံးပြူး
သွားရ​တော့သည်​...။လွန်​းတို့နှစ်​​ယောက်​စားဖို့တဲ့...
ဘယ်​ကဘုန်​းကြီးပွဲသွားမလာသလဲမသိဘူး...ဟင်​းပွဲ
​တွေကအ​တော်​ကိုစုံလင်​ကာဖွယ်​ဖွယ်​ရာရာရှိလှသည်​..။

"လွန်​း စား​လေ...."

"ဒါ ဒါ​တွေကိုခင်​ဗျားတစ်​​ယောက်​တည်​းချက်​ထား
တာလား..."

"အင်​း​လေ....."

အမ​လေး​နော်​....​ရေခဲ​သေတ္တာထဲကတစ်​ပတ်​စာ
ဝယ်​ထားသမျှ​တော့ကုန်​ပြီထင်​တယ်​...။လွန်​းစိတ်​ထဲက
သာ​ရေရွတ်​လိုက်​​တော့သည်​...။

"ဘာလို့လဲ လွန်​းမကြိုက်​လို့လား...."

"မဟုတ်​ပါဘူး...."

လွန်​း​ပြော​ပြောဆိုဆိုနှင်​့သီးစုံပဲကုလားဟင်​းကို
မြည်​းကြည်​့လိုက်​​တော့သည်​...။အားပါးပါး....​ကောင်​းလှ
ချည်​လား...​မေ​မေချက်​တာထက်​ပင်​​ကောင်​း​သေးသည်​။
ဟီး....​မေ​မေကြားရင်​လာသတ်​​နေဦးမယ်​...။

"ဘယ်​လို​နေလဲဟင်​ လွန်​း...."

"အရမ်​း​ကောင်​းတယ်​ ဒါ​တွေခင်​ဗျားဘယ်လိုတတ်​
တာလဲ....."

My boyfriend from the star🌠🌠🌠( Complete )Место, где живут истории. Откройте их для себя