My boyfriend from the star🌠🌠
အပိုင်း( ၅ )
လွန်း မီးဖိုချောင်ထဲဝင်ဝင်ချင်းမြင်လိုက်ရသော
မြင်ကွင်းကြောင့်ကြက်သေသေသွားရသည်...။မီးဖိုချောင်တစ်ခုလုံးမြင်မကောင်းအောင်ရှုပ်ပွနေလေသည်...။ရေ
ခဲသေတ္တာထဲကပ္စစည်းတွေကိုလည်းအပြင်သို့အကုန်
ထုတ်ထားလေသည်...။"အား လူကြီး ခင်ဗျားဘာတွေလုပ်ထားတာလဲ..."
လွန်းရဲ့အော်သံအဆုံးတွင်မီးဖိုချောင်ထဲသို့အပြေး
ဝင်လာလေတော့သည်...။"ဘာ ဘာဖြစ်လို့လဲ လွန်း..."
လွန်းကိုဘာမှမသိသလိုမေးသောလူကြီးကြောင့်
လွန်းဒေါသတွေငယ်ထိပ်ထိဆောင့်တက်လာတော့သည်...။"ခင်ဗျား ဘာတွေလုပ်ထားတာလဲ...."
လွန်းရဲ့အသံကဒေါသကြောင့်သိသိသာသာမာ
နေလေသည်...။Leoဆိုတဲ့လူကြီးကတော့မျက်နှာငယ်
လေးနဲ့သာလွန်းကိုကြည့်နေလေသည်...။"ဟို ကိုယ်ကလွန်းစားဖို့ အဲ့ အဲ့ဒါပြင်မလို့..."
အော်...သူ့ကိုပဲပြန်ကျေးဇူးတင်ရမယ့်ကိန်းဆိုက်
ပြန်သည်...။(ခလေးရယ် လူကြီးကစေတနာနဲ့ကို....)
လွန်းမှားတာပါ...သူ့လိုအရူးကိုလွန်းအိမ်မှာစိတ်ချလက်
ချထားခဲ့မိသည့် လွန်းကိုလွန်းပဲအပြစ်တင်မိတော့သည်။"အား မသိတော့ဘူး သွားစမ်း သွား ခင်ဗျားအပြ
င်ထွက်နေတော့..."လွန်း စိတ်တိုတိုနှင့်လူကြီးကိုအပြင်သို့နှင်ထုတ်
မိတော့သည်...။ဒါတောင်ဒင်းကမသွားချင်သွားချင်ပေ
ကပ်ကပ်လုပ်နေသေးသည်...။"ဟူးးး ငါတော့ကံဆိုးတာပဲ...."
ကဲ....လွန်းသံစဉ်....ရှင်းပေဦးတော့ပေါ့ကွာ...။
လွန်း စိတ်ပျက်လက်ပျက်သာတွေးမိတော့သည်...။အ
ချိန်အတော်ကြာမှ အိမ်ရှင်းခြင်းလုပ်ငန်းပြီးဆုံးသွားရ
တော့သည်...။လွန်း စိတ်မောလူမောနှင့်ဧည့်ခန်းထဲက
ဆိုဖာပေါ်ကိုခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်...။

YOU ARE READING
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....