My boyfriend from the star🌠🌠
အပိုင်း ( ၁၄ )
ဘာလိုလိုနဲ့ လွန်းနှင့်ကိုကိုချစ်သူဖြစ်တာ၁၀ရက်
ရှိပြီဖြစ်လေသည်....။တစ်ယောက်ကိုတစ်ယောက်မျက်
စိအောက်ကအပျောက်မခံလောက်အောင်ချစ်ကြလေ
သည်...။လွန်းဘဝဟာကိုကိုဖြစ်သလိုကိုကို့ရဲ့ဘဝဟာ
လည်းလွန်းဖြစ်ချင်မိသည်...။
"နောက်နှစ်ရက်လောက်ဆိုမေမေပြန်လာတော့မှာ
ကိုကို...."
လွန်းရဲ့စကားအဆုံးတွင်ကိုကိုရဲ့သက်ပြင်းချသံ
သဲ့သဲ့ကိုကြားရလေသည်...။လွန်းသိပါသည်...ကိုကို
ဘာကိုစိုးရိမ်နေသလဲဆိုတာ....။
"ကိုကို....."
"လွန်းမေမေကကိုကိုတို့ကိုသဘောတူပါ့မလား
ကိုယ်တို့ရဲ့အချစ်ကိုရောနားလည်နိုင်ပါ့မလား...."
ကိုကိုရဲ့စကားသံတွေကတိုးလျလျရယ်...ပြီးတော့
ကိုကိုရဲ့မျက်ဝန်းပြာပြာတွေကဝမ်းနည်းခြင်းအရိပ်ဆော
င်နေလေသည်....။လွန်း ကိုကိုရဲ့မျက်နှာကိုလက်နှစ်
ဖက်နှင့်အသာအုပ်ကိုင်လိုက်ရင်းပြုံးကာကြည့်လိုက်လေ
တော့သည်....။
"ကိုကို ဘာမှစိတ်မပူပါနဲ့ လွန်းရဲ့မေမေကလွန်းတို့
ကိုနားလည်မှာပါ တကယ်လို့နားမလည်နိုင်ရင်လည်း
နားလည်လာတဲ့အထိလွန်းတို့ကြိုးစားကြတာပေါ့...."
လွန်းရဲ့စကားကြောင့်Leoပြုံးလိုက်မိတော့သည်။
တကယ်ပဲသူ့ရဲ့ချစ်သူလေးကအခုလိုကျတော့လည်း လူ
ကြီးလေးအတိုင်းပင်....။
"အယ် ဒီနေ့တော့ဆိုင်သွားရမယ် ဆိုင်မရောက်
တာတောင်ကြာနေပြီ ဟိုဖက်တီးမျိုးကိုတော့လွန်းကို
စိတ်ဆိုးနေတော့မှာပဲ ကိုကို...."
"အင်း သွားကြမယ်လေ ကိုယ်လည်းလိုက်မယ်
ကဲ သွားပြင်ဆင်ချေ...."
"ဟုတ်...."
"နေဦး....."
သူ့နားကအမြန်ပြေးထွက်ရန်ပြင်နေသောလွန်းရဲ့
ခါးလေးကိုအသာဆွဲဖက်ထားလိုက်တော့သည်...။သူ့ရဲ့
ရင်ခွင်ထဲရောက်လာသောလွန်းကနားမလည်သလိုလေး
သူ့အားမော့ကြည့်လာလေသည်...။
YOU ARE READING
My boyfriend from the star🌠🌠🌠( Complete )
Romanceသွန်းရဲ့fbမှာပထမဆုံးစတင်တဲ့ ficကလေးပါ.... ပထမဆုံးစရေးတဲ့ bl ဇာတ်လမ်းလေး....
