Part 4 ( unicode )

1.2K 71 1
                                        

My boyfriend from the star🌠🌠

အပိုင်​း ( ၄ )

မ​မျှော်​လင်​့ပဲ ​တွေ့လိုက်​ရတဲ့သ​ူ​ကြောင်​့ လွန်​းရင်​
​တွေအဆမတန်​ခုန်​သွားရသည်​...။

"ညီ တကယ်​ပဲအဆင်​​ပြေရဲ့လား..."

"ဗျာ ​အော်​ ဟုတ်​ ဟုတ်​ကဲ့...."

ရင်​​တွေခုန်​လွန်​းလို့ စကား​တွေ​တောင်​အထစ်​ထစ်​
အ​ငေါ့​ငေါ့ထွက်​လာ​လေသည်​...။(အဟမ်​း ခ​လေး​နော်​..)
လွန်​းအမြဲတမ်​းအ​ဝေးကခိုးကာ​ငေးကြည်​့​နေခဲ့ရတဲ့သူကို
အခုလိုနီးနီးကပ်​ကပ်​ကြီးမြင်​ရလိမ်​့မယ်​လို့ လွန်​းတကယ်​
ကိုမထင်​ထားခဲ့​ပေ...။ခန်​့​သော်​ဇင်​က​တော့ခပ်​​အေး​အေး
ပင်​...အပြုံး​လေးတစ်​ပွင်​့​ပေးပြီးလွန်​း​ရှေ့က​နေထွက်​သွား
​တော့သည်​...။ကျန်​ခဲ့သည်​့လွန်​းက​တော့ထို​နေရာမှာတင်​​တောင်​့​တောင်​့ကြီးရပ်​ကျန်​လျက်​...။

"လွန်​းသံစဉ်​ မျက်​နှာကြီးကစပ်​ဖြီးဖြီးနဲ့ဘာဖြစ်လာ
တာလဲ...."

ဆိုင်​ထဲဝင်​ဝင်​ချင်​းစီး​ပြော​သောမျိုးကိုရဲ့စကား
​ကြောင်​့လွန်​းမျက်​နှာကိုပြန်​တည်​လိုက်​ကာ

"ဘာဖြစ်​ဖြစ်​​ပေါ့ ​နေရာတကာသိချင်​​နေတယ်​
​ရော့ မင်​းအတွက်​..."

လွန်​းလက်​ထဲကမုန်​့ထုပ်​​ကြောင်​့မျိုးကိုရဲ့မျက်​နှာ
ဝင်​းခနဲဖြစ်​သွား​တော့သည်​...။ပြီး​တော့မုန်​့ထုပ်​ကိုလှမ်​း
ယူရင်​းသူသိချင်​တာကိုထပ်​​မေးပြန်​သည်​...။

"ဟဲဟဲ ​ကျေးဇူး ဒါနဲ့ငါ​မေးတာလည်​း​ဖြေဦး ဘာ
ဖြစ်​လာတာလဲ ရုပ်​ကမှိုရလာတဲ့ရုပ်​နဲ့..."

"မှိုရလာတာမဟုတ်​ဘူး ငါ့ချစ်​ချစ်​နဲ့​တွေ့လာလို့
အဟိ...."(ဟင်​မ်​းးး ငါမ​ပြော​သေးဘူး...)

"ခန်​့​သော်​ဇင်​နဲ့​တွေ့လာတာကိုး လင်​းစမ်​းပါဦး
ဘယ်​လို​တွေ့လာတာလဲ..."

"ဒီလိုကွ..................."

လွန်​းဖြစ်​​ကြောင်​းကုန်​စင်​​ပြောပြလိုက်​​တော့မျိုးကို
တစ်​​ယောက်​ရယ်​ကာ

My boyfriend from the star🌠🌠🌠( Complete )Donde viven las historias. Descúbrelo ahora