Chapter-4

2.6K 115 0
                                    

"လူတိုင်းကနတ်ဆိုးနဲ့ဆုံရမှာအရမ်းကြောက်ကြတယ်...ဒါဆိုငါကဘာဖြစ်လို့လူတိုင်းနဲ့မတူတဲ့ခံစားမှုကြီးကိုခံစားနေရတာလဲ"

***************************

             "အမ ဆိုဖီ အဆင်ပြေလား ရေသောက်မလား.."

             "ရတယ် ဂရေ့စ် ဒီလိုပါပဲ..မင်းရောအဆင်ပြေလားအလုပ်လုပ်ရတာ"

             "အော်...ပြေပါတယ် လူတွေကတော့လိုက်လိုက်ကြည့်နေပေမယ့် မသိချင်ယောင်ဆောင်ပြီးအစွမ်းကုန်အလုပ်လုပ်နေပါတယ် အမ ဆိုဖီ"

              "တော်တယ် ဂရေ့စ် ..အော်!ဟိုမှာအဲလန်အကူလိုနေပြီထင်တယ်သွားလိုက်အုံး  ငါလည်းခနနားလိုက်အုံးမယ်"
             "ဟုတ် အမဆိုဖီ"ဟုပြောကာဘားရှိရာသို့သွားသည်။

            ကလပ်​၏ရုံးခန်းထဲတွင်  လယ်ရီသည် ဂရေ့စ်ကိုချောင်းကြည့်ကာ

             "ဂရေ့စ့်လေးကချစ်စရာလေးပါလား.....ခန္ဓာကိုယ်လေးကလည်းတင်းတင်းသွယ်သွယ်လေး ချောချောလှလှလေး ဒီကလပ်ကအဖော်အချွတ်သမားမပြောနဲ့မင်းသမီးတွေမော်ဒယ်တွေထက်တောင်ပိုလှနေတယ်...သူ့ကိုအရသာခံချင်လိုက်တာ ငါဘယ်လိုလုပ်ရမလဲ....တွေးစမ်း .....တွေးစမ်း.....ဟုတ်ပြီ!"

ဘားတွင်လူများစွာကျပ်ညှပ်လျက်ရှိသည်။အလွန်တိုသောအဝတ်အစားများဝတ်ဆင်ကာကနေသောမိန်းကလေးများ၊အရက်သောက်နေသောယောကျာ်းလေးများ၊စားပွဲထိုးများ၊အတွဲများစသဖြင့်ဘားသည်စည်ကားနေသည်။ဂရေ့စ်သည်အဲလန်နားသို့ကူညီရန်လျင်မြန်စွာသွားသည်။အဲလန်သည်လည်းcustomerများမှာထားသောအရက်များဝိုင်များစသည်တို့ကိုအစွမ်းကုန်ဖျော်စပ်ကာအလုပ်ရှုပ်နေသည်။

"ဂရေ့စ် မြန်မြန်လာ ငါလက်မလည်တော့ဘူးဖြစ်နေတယ် ဟိုနားက စားပွဲပေါ်က ဝိုင်ပုလင်းအလွတ်ကိုယူလာပေးစမ်းပါ ခနနေရင်အရေးကြီးပုဂ္ဂိုလ်တွေဆိုင်ကိုလာမယ်လို့ကြားတယ် အဲ့ကြောင့်အားလုံးအကောင်းဆုံးဖြစ်နေရမယ် ဂရေ့စ်သွားမြန်မြန်လုပ် ခနနေရင်လာပါတော့မယ်ဆိုနေ!!!!"

"ဟုတ်!!!အဲလန်!!!!!" ဟုမြန်မြန်ပြောကာဝိုင်ပုလင်းအလွတ်များကိုဂရေ့စ်မြန်မြန်သွားယူသည်။သူမသည်အရေးကြီးပုဂ္ဂိုလ်များလာမည်ဖြစ်ဖြစ်သောကြောင့် တုန်လှုပ်စိုးရိမ်မိသည်။အမှားလုပ်မိမှာကြောက်နေမိသည်။ဂရေ့စ်​၏စိတ်တစ်နေရာတွင်မူစူးစမ်းမှုများနှင့်လည်းပြည့်နှက်နေမိသည်။သို့သော် အဲလန်သည်သူမအားဆူမှာကိုကြောက်သဖြင့်မြန်မြန်ဝိုင်ပုလင်းကိုယူကာအဲလန်ရှိရာဘားသို့မြန်မြန်လာသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now