Chapter-22

1.4K 44 4
                                    

"အတိတ်ကမင်း......."

**************************

နူးညံ့သောကြည်လင်သောမနက်ခင်းလေးမှာ ရင်တုန်စွာနှင့်စားပွဲပေါ်ရှိဖုန်းကိုကြည့်လိုက်ခေါင်းကုတ်လိုက်နှင့် ဖြစ်ပျက်နေသာရိုင်ဒါပင်။ သူ့စိတ်တွေ ဟာအတည်တကျမရှိ ရှုပ်ယှက်ခတ်သွေးပူနေတော့သည်။

"ရိုင်ဒါ မင်းဘဝမှာရာဇဝတ်လူမျိုးစုံ ကိုသတ်ဖူးတယ် ဘယ်အရာကိုမဆိုအကြောက်တရားမရှိဘူး အရမ်းသတ္တိရှိလွန်းလို့ အမှောင်လောကမှာလူတိုင်းလေးစားကြောက်ရွံ့တယ်....အဲ့ဒါကိုဘာလို့အခု အက်စ်မာရေးကိုဖုန်းခေါ်ရမှာကြောက်နေရတာလဲ!!!!!!!!" ရုံးခန်းထဲမှ အော်သံကြောင့် အပြင်မှဖြတ်သွားဖြတ်လာလုပ်နေသော ဝန်ထမ်းများ အလန့်တကြားဖြစ်သွားကြသည်။

"သွားစမ်းကွာ ခေါ်မယ်...ဘာပဲဖြစ်ဖြစ်" သတ္တိမွေးလိုက်ပြီးဖုန်းကိုတစ်ချက်ကောက်ဆက်လိုက်သည်။

"တီ!!!!!!!!!!!"

အီတလီရှိခမ်းနားလှပသောစံအိမ်ကြီးထဲမှအခန်းတစ်နေရာတွင်

"I got one less problem without ya!🎵🎶I got one less one less problem!!" မိမိအခန်းထဲတစ်ယောက်တည်းဇန်ဝင်သီချင်းဆိုပြီး ပန်းချီဆွဲနေသောအက်စ်မာရေးဟာ လှုပ်စိလှုပ်စိ ပုခုံးလေးတွန့်၍ကနေသည်။

"တီ!!!!!!!!!!!" Bluetoothနဲ့ဖုန်းချိတ်ဆက်ထားသောကြောင့် ဖုန်းသံမှာ အကျယ်ကြီးဖြစ်သွားပြီး သူမပျော်ပျော်ရွှင်ရွှင် ပုံဆွဲနေတဲ့ ကျေနပ်နေမှုကြီးပျောက်သွားသည်။ထို့ကြောင့် Bluetooth ကိုပိတ်ပြီး ဖုန်းပေါ်မှနာမည်ကိုစိတ်ဆိုးဆိုးနှင့်ကောက်ကြည့်လိုက်သည်။

"ရိုင်ဒါ " ဟူသောနာမည်ကိုတွေ့တွေ့ချင်း ပန်းချီဆရာမအက်စ်မာရေးတစ်ယောက် မျက်လုံးပြူး ကာပြာယာတွေခတ်။ ခုနကတော့ "ငါပုံဆွဲနေတာဘယ်သူကလာပြီးနှောင့်ယှက်တာလဲ"ဆိုပြီး ဒေါသတွေအလိမ့်လိုက်ထွက်နေတာ အခုကျတော့ အချိုးကိုပြောင်းနေပြီး ရင်တွေတောင်ခုန်နေပြီ။မြန်မြန် မြန်မြန်နှင့် မိမိစိတ်ကိုငြိမ်ငြိမ်ထားပြီး ဖုန်းကို ကိုင်လိုက်သည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now