Chapter-16

1.3K 52 2
                                    


"အရာရာပြောင်းလဲနေတာသိပေမယ့် ....."

                   **********************************


               "ကျွန်မရှေ့ဆက်မယ်"


            ဂရေ့စ်ရဲ့စကားကိုကြားကြားချင်း အရီယာ ကသူမကိုပြေး၍တင်းကြပ်စွာဖက်လိုက်သည်။ ဂျွန်နီက ရွှင်မြူးသောအပြုံးတစ်ချက်နှင့်သူမတို့နှစ်ဦးအားကြည့်ရင်းပျော်ရွှင်နေသည်။ သုံးယောက်သား ရယ်မော ဝမ်းသာနေကြသည်။

            "ကဲ ကဲ ဂရေ့စ်ကရွေးချယ်ပြီးပြီဆိုတော့ နင်တို့ကားဆီသွားနှင့် ငါဖုန်းဆက်စရာရှိသေးတယ်"ဂျွန်နီ စ စကားဆိုလိုက်သည်။

             ဂျွန်နီစကားကြောင့် သူမတို့နှစ်ဦးလက်တွဲ၍ဆေးရုံမှထွက်သွားခဲ့သည်။ သူ​၏အနားမည်သူမျှမရှိကြသောအခါ ဂျွန်နီက ဒေမွန်အားဖုန်းတစ်ချက်ဆက်သည်။

            "အေး ပြော ဂျွန်နီ"

           " ဂရေ့စ် မင်းနဲ့နေဖို့ဆုံးဖြတ်လိုက်တယ်"

            ".........."


           "ဒေမွန် ဟယ်လို!"

           "ငါ ဒီနေ့အလုပ်ရှုပ်မှာမလို့ အိမ်ကိုပြန်ဖြစ်မယ်မထင်ဘူး..."

           "မင်း ဘာတွေဖြစ်နေတာလဲ ဒေမွန်! မင်းမရူးစမ်းနဲ့ကွာ"

            "ဂျွန်နီ စကားပြင်ပြောလိုက် !!ငါက မင်းရဲ့သူယ်ချင်းဖြစ်သလို မင်းရဲ့ခေါင်းဆောင်လည်းဖြစ်တယ် ဒါ့ကြောင့်စကားမရှည်နဲ့ ရှင်းလား!!!!!!!

         " ဟုတ်ကဲ့ပါ..ဒါပေမယ့် မင်းလုပ်နေတဲ့အရာတွေကို သေချာစဉ်းစားပါ " ဟုပြောရင်းဖုန်းကိုချလိုက်သည်။

              ဆေးရုံရှေ့တွင် ဂရေ့စ်နှင့်အရီယာ သည် ဂျွန်နီအလာကိုစောင့်ဆိုင်းနေသည်။စက္ကန့်အနည်းငယ်အကြာတွင် ဂျွန်နီကသူမတို့နှစ်ယောက်ရှိရာသို့ဦးတည်လမ်းလျှောက်လာသည်။သူ​၏မျက်နှာသည်မရွှင်မလန်းဖြစ်နေသည်ကို သူမတို့နှစ်ယောက်သတိထားမိသည်။

"ဂျွန်နီ နင်ဘာဖြစ်လာတာလဲ"အရီယာမေးရင်းသူ့(ဂျွန်နီ)ရဲ့ခေါင်းလေးကိုလက်ဖြင့်ပွတ်လိုက်သည်။ ဂျွန်နီမှာ အရီယာရဲ့အထိအတွေ့ကိုမျက်လုံးလေူမှိတ်လျက်ခံစားနေသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now