Chapter-23

1.5K 52 56
                                    

" ကျိုးပဲ့နေသောနှလုံးသားနှစ်ခု"

                          ************************

              ကားကိုလမ်းထောင့်ခြားလူကွယ်ရာနေရာ၌ရပ်ထားကာ ရိုင်ဒါသည် ကားလို့စ်(ဒေမွန့်လက်နက်ထောက်ပံ့သူ) အိမ်အဝင်အထွက်ကို ကားထဲမှတစ်ဆင့် သေချာအကဲခတ်စောင့်ကြည့်သည်။ ဝုန်းခနဲဒိုင်းခနဲ သက်သေအထောက်အထားမရှိဘဲ စိတ်ရှိတိုင်းဝင်သွားပြီး ပြသနာရှာလိုက်လျှင် လန်ဘာဒီမားဖီးယားအတွက်ထိခိုက်မှုရှိနိုင်သဖြင့်စိတ်ရှည်သည်းခံလျက် ဒေါသထိန်းနေရသည်။ကားလို့စ် ဒီဗိမ်း (Carlos Devine) လောဘစည်းစိမ်တရားကိုမက်မောပြီး ကိုယ်ကျိုးကိုသာကြည့်တတ်တဲ့ယောကျာ်းတစ်မျိုး။ အိမ်ကလည်း သူနဲ့ အိမ်အကူလေးယောက်လောက်ပဲနေတာကိုအကြီးကြီး နေတဲ့နေရာကလည်း နယူးရောက်စ်မှာဈေးအကြီးဆုံး အိမ်ရာကြီးထဲမှာ မာဖီးယားဘုရင်လို့ခေါ်မှန်းရတဲ့သူ့ထက်ချမ်းသာကြွယ်ဝတဲ့ဒေမွန်တောင်အဲ့လိုမဟုတ်။

                 လန်ဘာဒီမာဖီးယားနဲ့လက်တွဲနေတာအထူးအဆန်းမဟုတ် ဒေမွန်ရဲ့အင်အားကြီးမားတဲ့အရိပ်အာဝါသမှာ သူအန္တရာယ်ကင်းကင်းနေနိုင်ရုံသာမက ပိုက်ဆံအင်အားလည်းပိုရနိုင်သည်။ သူ့စိတ်တိုင်းခြယ်လှယ်နိုင်သည်ကိုထင်မှတ်ကာ ဒေမွန်နားကပ်နေသည်ကိုရိုင်ဒါသာမက လွန်ဘာဒီမာဖီးယားတစ်ဖွဲ့လုံးကောင်းကောင်းကြီးကြီးသိနေသည်။သို့သော် ဘာမှမတတ်နိုင် သူကလည်းလက်နက်အင်အားကိုတောင့်တောင့်တင်းတင်းဖြည့်စွက်ပေးသဖြင့်အပြစ်မပြောနိုင်။

                 ခနနေသော် ကားအနက်တစ်စီးသည် အိမ်​ရှေ့ကိုရပ်လိုက်ကာ အနက်ရောင်အင်္ကျီဝတ်စုံ ဝတ်ထားသောလူတစ်ယောက် ကားထဲမှထွက်လာသည်။မျက်နှာကိုသေချာမမြင်ရ  မျက်မှန် ဦးထုပ်တို့ဖြင့်ရုပ်ဖျက်ထားသည်။ထိုလူဟာ ခြံတံခါး ခေါင်းလောင်းကိုတီးလျက် စောင့်နေသည်။ အသံကိုကြားသည်နှင့်တစ်ပြိုင်နက် အိမ်ဖော်အဒေါ်ကြီးတစ်ဦးဟာ ထွက်လာသည်။ထိုလူဟာ ကားထဲကနေ အိတ်အနက်ရောင်တစ်ခုကိုထုတ်ပေးလိုက်လျက်စကားပြောလိုက်သည်။ အဝေးကနေ မှန်ပြောင်းဖြင့်စောင့်ကြည့်နေသော ရိုင်ဒါသည် မျက်တောင်မခတ် အာရုံစူးစိုက်နေသည်။ရုပ်သွင်ကိုသေချာမမြင်ရသော်လည်း ထိုသူ့လက်တွင် နဂါးအသွင်တက်တူးထိုးထားသည်ကိုသေချာမြင်လိုက်ရသည်။ အိတ်ပေးပြီးပြီးချင်းထိုလူဟာ ကားထဲဝင်ကာ ထွက်ခွာတော့သည်။ရိုင်ဒါလည်း အရာရာကိုအဖြေရှာရန်ခါးပတ်ပတ်လိုက်ကာ အနောက်ကတတ်ကြတ်မကွာလိုက်တော့သည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now