Chapter-27

1.4K 60 6
                                    

" အခုမှပဲ နှလုံးသားနှစ်ခုရဲ့ညီညွတ်မှုကိုရရှိတော့တယ်"

**********************

ပြတင်းပေါက်မှတစ်ဆင့်ဝင်ရောက်လာသောရောင်ခြည်အချို့မှာမှောင်မိုက်နေသောအခန်းအတွက်တော့ နေမင်းကြီးသဖွယ် စူးရှလှသည်။ အိပ်ရာမှထရန်နိုးလိုက်သပင် ဂရေ့စ်ရဲ့မျက်လုံးလေးများတဖြည်းဖြည်းပွင့်လာသည်။သို့သော် မျက်လုံးပြန်မှိတ်လျက် အိမ်ချင်မူးတူး ခြုံထားသောစောင်လေးထဲခွေနေသည်။ သူမကိုဖက်ထားတဲ့ထွားကျိုင်းတဲ့လက်မောင်းကြီးကိုတော့သတိမထားမိပေ။

"အွန်း............" နွေးပြီးအိပ်လို့ကောင်းလွန်းသဖြင့်သူမငြီးလိုက်သည်။

သူမဟာပြန်အိပ်သော်လည်းပဲအနီးအကပ်မှတစ်ယောက်ယောက်ရဲ့အသက်ရှူသံတွေကြောင့် စိတ်မဖြောင့်။ ထို့ကြောင့်ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကာကြည့်လိုက်သည်။ ဒေမွန်ရဲ့မျက်နှာဟာ သူမအနီးမှာရှိနေ၍ သူမကိုသေချာဖက်တွယ်ထားကာ သူ့ရင်ခွင်ထဲထည့်ထားသည်။မျက်လုံးဖွင့်ဖွင်းချင်းဒေမွန့်ကိုမြင်လိုက်ရသော ကြောင့်ရင်တုန်သွားသော်လည်းပဲ အိပ်မောကျနေသောသူ့ရဲ့မျက်နှာလေး ညင်သာစွာကိုင်လိုက်သည်။

ဆံပင်သေးသေးကောက်ကောက်လေးတွေကမျက်နှာရှေ့ကိုအနည်းငယ်ကျနေလျက် ချစ်စရာကောင်းတဲ့ဒေမွန့်ရုပ်လေးကိုဂရေ့စ်လေးကအူတွေယား။သူ့ပါးပြင်လေးကိုလက်မလေးနဲ့စက်ဝိုင်းအသွင်ပွတ်သပ်နေကာရှုမဝပါ။သူမတစ်ယောက်တည်းရယ်လိုက် ပြုံးလိုက်နဲ့သာယာနေတော့သည်။

"အွန်း......ကိုယ့်ကိုဆော့နေရတာ ပျော်ရဲ့လား" မျက်လုံးမဖွင့်သေးဘဲ ရုတ်တရတ်ပြောသံကြောင့် ဂရေ့စ်လေး လန့်သွားကာ သူ့မလက်ကိုဖယ်လိုက်သည်။ဒေမွန်ဟာ မြန်မြန် ဂရေ့စ်ရဲ့လက်ကိုပြန်ဖမ်းယူလိုက်ပြီး သူ့ရဲ့အစိမ်းရောင်မျက်လုံးလေးဖြင့် တုံ့ပြန်သည်။

ဂရေ့စ်ကတော့ အငိုက်မိတဲ့ကြောင်လေးအတိုင်းရှက်ရှက်လေး မျက်လွှာချထားသည်။ ဒေမွန်ဟာပြုံးပြုံးလေးနဲ့ ဂရေ့စ်ရဲ့လက်လေးကိုနမ်းရှုပ်လိုက်ကာအိပ်ရာမှနိုးထလိုက်သည်။ အခုမှပဲ သူ့စိတ်တွေပြန်လန်းဆန်းလာကာ မနက်တိုင်းဒီလိုလေး သူမနဲ့အတူနိုးထချင်မိသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now