Chapter-1

19.7K 233 12
                                    

"လူတွေဟာအချစ်မှာနူးညံ့မှုတွေပျော်ရွှင်မှုတွေပဲရှိတယ်ငြိမ်းချမ်းမှုတွေပဲရှိတယ်လို့ပြောကြတယ် ..။အဲ့ဒါဆိုငါကဘာလို့အချစ်ကိုကြောက်ဖို့ကောင်းတယ်လို့ထင်ရတာလဲ"
****************************
၂၀၂၁,ဧပြီလ ၁၃
"တောင်းပန်ပါတယ်..ထွက်သွားခွင့်ပေးပါ!!!သမီးကိုထွက်သွားခွင့်ပေးပါ!!!အား!!!!!!!"
ကျယ်လောင်စွာအော်ရင်း ဂရေ့စ်(Grace)အိပ်ရာကနိုးထလာသည်။ဂရေ့စ်​၏အသက်ရှူသံများသည်ပြင်းပြနေသည်။နဖူးပေါ်မှာရေစက်လေးများသဖွယ်ရှိနေသောချွေး စက်လေးကို ဂရေ့စ်သည်ညင်သာစွာလက်ဖြင့်သုတ်လိုက်သည်။လက်တွင်ပေကျန်နေသောချွေးစက်များကိုကြည့်ရင်း ဂရေ့စ်သက်ပြင်းချလိုက်သည်။
"ဒီအိမ်မက်ဆိုးတွေပဲ..."ဟုရေရွတ်လိုက်သည်။ထိုအိမ်မက်ဆိုးများသည် ဂရေ့စ်ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သည်။ဘယ်လိုပဲကြိုးစားကြိုးစား ဂရေ့စ်သည်ထိုအိမ်မက်ဆိုးများမှရုံးမထွက်နိုင်ပါ။နေ့စဉ်နေ့တိုင်းထိုအိမ်မက်ဆိုးများနှင့်အတူမနက်ခင်းကိုကြော်ဖြတ်ရသည်မှာ ဂရေ့စ်အတွက်အလွန်ပင်ပန်းလွန်းလှသည်။
ဂရေ့စ်သည်အိပ်ရာဘေးနားက စားပွဲပေါ်တွင်ရှိသောနာရီကိုကြည့်လိုက်သည်။၈နာရီထိုးပြီဖြစ်သည်။ဂရေ့စ်သည်ချက်ချင်းအိပ်ရာကနေ ထထိုင်ကာမျက်နှာကို လက်နှစ်ဖက်နှင့်ရိုက်လိုက်သည်။"ဂရေ့စ်စိတ်ထိန်းထား မနက်ဖြန်ဆိုနင်လွတ်မြောက်ပြီ။ဒီနေ့နောက်ဆုံးနေ့ မကြောက်နဲ့!။အိမ်မက်ဆိုးတွေကနေလွတ်မြောက်နိုင်တော့မှာ မပူပါနဲ့။"ဟုမိမိကိုယ်ကိုပြောကာအိပ်ရာကထ၍ရေချိုးခန်းထဲဝင်သွားလေသည်။ရေချိုးခန်းထဲရှိနံရံကပ်မှန်ကနေတစ်တင့်မိမိ​၏ကျောကုန်းကိုပြန်ကြည့်နေသည်။ကျောကုန်းတွင်ကြောက်မက်ဖွယ်ရာအမာရွတ်များစွာရှိနေသည်။ထိုအမာရွတ်များကိုဂရေ့စ်ကြည့်၍ကြောက်နေသည်။ရင်ထဲတွင်နာကျင်နေမိသည်။ထိုဒဏ်ရာအမာရွတ်များသည်ဂရေ့စ် အိမ်မက်ဆိုးများဖြစ်ရခြင်းရဲ့အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။

မနက်(၈:၃၀)

ရေချိုးခန်းထဲကထွက်လာပြီးနောက် ဂရေ့စ်သည်မှန်တင်ခုံရှေ့တွင်ထိုင်ကာ သူ​၏ရွှေအိုရောင်ဆံပင်ရှည်ကြီးကိုဘီးနှင့်ညင်သာစွာဖြီးလေသည်။ထို့နောက်ဂါဝန်တိုအဖြူရောင်လက်ပြတ်လေးနှင့်ဂျင်းဂျက်ကတ်လေးဝတ်ကာ သူမ​၏နေ့စဉ်အလုပ်ကိုစလေသည်။ဂရေ့စ်သည်သူ​၏အခန်းမှတိတ်ဆိတ်စွာထွက်လာကာအခန်းတံခါးကိုဖြေးညင်းစွာပိတ်လိုက်သည်။ထို့နောက်မီးဖိုချောင်ထဲကိုသွားလေသည်။မီးဖိုချောင်ထဲတွင်ဂရေ့စ်သည်မနက်စာအတွက် ပေါင်မုန့်ထောပတ်သုတ်လုပ်နေသည်။ထိုအချိန်တွင်........

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now