Chapter-34

1.4K 44 0
                                    

"အတိတ်ရဲ့မနက်ဖြန်"

*********************

အရှိန်မသတ်နိုင် မာန်ဖီသံတို့ဖြင့် ပြေးလွှားနေသည်။ ချွေးစီးတွေလည်းကျနေပြီး နှလုံးသားကြီးတစ်ခုလုံးတုန်ခါနေလျက် "ဘာမှမဖြစ်ပါစေနဲ့" လို့သာရေရွတ်သွေးပူနေသည်။ စာကြည့်တိုက်အခန်းတံခါးဝရောက်လာသည့်အခါ ဒေမွန့်ခြေထောက်တို့ငြိမ်ကျသွားပြီး ချွေးစီးတွေကျနေသည်။ ဂနာမငြိမ်သောလက်ချောင်းတို့ဖြင့်တံခါးဆွဲဖွင့်လိုက်ရာ သွေးအိုင်တို့ကိုတက်နင်းလိုက်မိသည်။ထို့နောက် သွေးသံကြားထဲကသေနတ်ကိုကောက်ကိုင်ရင်းကြည့်လိုက်ရာ အခန်းအလည်မှာရင်ဘတ်ထဲရှိ နီညှိုရောင် သွေးချောင်း တို့ဖြင့်နာကျင်ခံစား သေလုမြောပါးဖြစ်နေသူ အဲရစ်ကာ ဒီယွန်တည်း။

"ဒေ...ဒေမွန်.." တီးတိုးခေါ်သံကိုကြားသောအခါ မြန်မြန်သွက်သွက်ပြေးသွားလိုက်ပြီး သူမခန္ဓာကိုယ် ကိုင်လိုက်သည်။ ဒေမွန်ဟာမျက်ရည်တွေကျနေပြီး ဘယ်လိုလုပ်ပေးရမှန်းမသိ ကယောင်ခြောက်ခြားဖြစ်နေတော့သည်။

" တီလေး!တီလေး...စိတ်မပူနဲ့နော် ကျွန်တော် ကျွန်တော် အခုချက်ချင်း လူနာတင်ကား.."

" ...ဒေ...ဒေမွန်.....သား..."

"တီလေး ..စ..စကားမပြောပါနဲ့တော့...ကျွန်..ကျွန်တော်တောင်းပန်ပါတယ်..."

"..အန်..အန်တီ့ မိ..မိသားစုကို..စောင့်ရှောက်..နော်....." စကားဆုံးသည့်နောက် သေမင်းသည် အသက်ဝိညာဉ်ကို နှုတ်ယူလိုက်ကာ လူ့လောကကြီးထဲကနေနှင်ထုတ်လိုက်သည်။

"တီလေး!!!တီလေး!!!!! မအိပ်နဲ့!!!!ထ!!ထပါ!!!.....တီ....တီလေး......"

ကိုယ်တစ်ယောက်တည်းအလွှတ်ရုံး လျက် အခြားသူကိုထားခဲ့ရသည်မှာ ယခုအခါနှစ်ကြိမ်ဖြစ်ပါပြီ။နောင်တရမှုတွေအောက်ထဲနစ်မြှုပ်နေကာ မိမိကိုယ်ကိုယ်လွန်စွာမုန်းတီး မိသည်။ သူ့ကြောင့် အဖိုးတန် အရေးပါ တဲ့လူတွေကိုဆုံးရှုံးမိပါသလားဆိုတဲ့စိတ်ကို မခံစားနိုင်တဲ့အဆုံး ကြောက်ကြောက်ရွံရွံအော်မိကာ လက်ထဲကသေနတ်ကိုဆုပ်ကိုင်ပြီး အခန်းထောင့်ကိုတစ်ဇွတ်ထိုးကပ်သွားသည်။ တစ်ကယ်လို့ သူသာသန်သန်မာမာ အင်အားကြီး နေမယ်ဆိုရင် ဒီလိုဖြစ်ခဲ့မှာမဟုတ်ဘူး ၊ ဘယ်သူမှ အသတ်ဘေးအန္တရာယ်ရမှာမဟုတ်ဘူး၊ သူသာ ပြန်ပေးဆွဲသမားတို့နဲ့လိုက်ပါသွားခဲ့ရင် အခုတော့.....

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now