Chapter-25

1.2K 60 8
                                    

"ချစ်တယ်......"

************************

မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ဘာမှမမြင်ရ။အရာအားလုံးဝိုးတိုးဝါးတား ။ကြည့်ရတာ သူမကိုအိတ်အမည်းစွတ်ထားတဲ့ပုံပေါ်သည်။ဘေးနားကဟွန်းတီးသံများကိုလည်းကြားနေရပုံထောက်လျှင် သူမအခုကားပေါ်မှာ။ ဘယ်လောက်ပဲမျက်လုံးဖွင့်ထားဖို့ကြိုးစား မေ့ဆေးကအရမ်းပြင်းသဖြင့်သူမထပ်အိပ်ပျော်သွားသည်။

"ဂရေ့စ်?...ဂရေ့စ်?" ကားနဲ့လာကြိုချိန် သူမသူငယ်ချင်း ဂရေ့စ်ကိုမတွေ့ရသောကြောင့် အရီယာကားပေါ်ကချက်ချင်းဆင်းလိုက်သည်။ ဂျွန်နီကလည်းထပ်တူပင် ကားပေါ်မှဆင်းလာကာ ဂရေ့စ်ရှိခဲ့သောနေရာကိုအကဲခတ်ကြည့်သည်။

"ဂရေ့စ်!!! ဂရေ့စ်!!!!နင်ဘယ်မှာလဲ" မိုးရွာထဲ လမ်းမပေါ်ထွက်လျက် သူမသူငယ်ချင်းနာမည်ကိုကျယ်လောင်စွာအော်ခေါ်သည်။စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ရင်တွေဆတ်ဆတ် ဆတ်ဆတ် တုန်နေပြီး မျက်ရည်တွေကျနေသည်။ ဂျွန်နီကလည်း တဖြည်းဖြည်းလန့်လာကာ ဂရေ့စ်တစ်နေရာရာကိုပဲသွားတာလား ဒါမှမဟုတ်အဖမ်းခံရတာလား သေချာစဉ်းစားသည်။

"အရီယာ ဂရေ့စ်ကိုဖုန်းဆက်ကြည့်စမ်း"

"အင်းအင်း"

ဖုန်းခေါ်ကြည့်သော်လည်း ဖုန်းကစက်ပိတ်ထားသဖြင့် အကြောင်းမထူး။ အရီယာ ပိုပြီးတော့စိုးရိမ်တကြီးဖြစ်လာသည်။ဂျွန်နီလည်းတစ်ခုခုတော့ရှိရမယ် ဆိုပြီး သဲလွန်စရှာရင်း မြေကြီးပေါ်တွင် ရှိနေသော ပုလဲကလစ်လေးကိုကောက်ကိုင်ကြည့်လိုက်သည်။အဲ့ကလစ်ထုတွင်ရွှေအိုရောင်ဆံနွယ်အချို့ကပ်ပါနေသည်ကိုတွေ့လိုက်ရသည်။ မာဖီးယားလောကမှာ ပြန်ပေးဆွဲခံရတာ ဖမ်းခေါ်သွားရတာ တွေက ဘယ်တော့မှအကြောင်းမလှဘူး။အထူးသဖြင့် အခုဟာ က လွန်ဘာဒီမာဖီးယားဘုရင်ရဲ့ အမြတ်နိုးရဆုံးမိန်းကလေး ဂရေ့စ်ဟာ ပျောက်နေသည်။

"ငါ..ငါ သွားရှာကြည့်မယ်"

"အရီယာ.."

"ငါရှာမှရမယ်!!!!" ကားလမ်းမပေါ်သို့ထွက်သွားရန်ပြင်သည်။ဂျွန်နီဟာ ဖရိုဖရဲ စိတ်ဂယောင်ဂတမ်းဖြစ်နေသောအရီယာကိုထိန်းထားရန်သေချာဖက်ထားလိုက်သည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now