Chapter-31

1.1K 39 50
                                    

"မသင်္ကာစရာ"

***********************

ဆေးရုံနားနေခန်းထဲရှိတည်ငြိမ်တဲ့အခြေအနေဟာလောကကြီးတစ်ခုလုံးရဲ့အသံမျိုးစုံ စွန့်ပစ်ထားသလိုပင်။ အခန်းအပြင်အဝမှစကားသံမျိုးစုံ မြည်သံအသီးသီးတို့မှာဖြင့်အားချင်းမယှဉ်နိုင် ဂရေ့စ်ရဲ့စူးစိုက်မှုအောက်မှာကျရှုံးနေသည်။လေးလေးနက်နက် ဖော်ပြ ရှင်းပြ အနာဟောင်းကိုဖွင့်ပြနေတဲ့ သူမသူငယ်ချင်း အက်စ်မာရေးပြောသံကို ဗီဒီယိုစကားဝိုင်းကနေ အလေးထားနားစင်နေသည်။

                 အရာရာအဆင်ပြေချောမွတ်ပြီဆိုတဲ့အတွေးနဲ့ အားလုံးကိုဖုန်းဆက်အကြောင်းကြားပြီးသွားသောအခါ ဗယ်လော့ခ်သည် အစည်းအဝေးခန်းထဲသို့ဦးတည်လာခဲ့သည်။ ထိုအခန်းထဲဝင်သည်နှင့်တစ်ပြိုင်နက် အနံ့လှိုင်သောဆေးလိပ်ရနံ့ကို ရှူရှိုက်မိလိုက်သည်။ ကြီးမားလှတဲ့စားပွဲဝိုင်းဘေးပတ်လည်ရှိအခန်းအစွန်းထောင့်က ထိုင်ခုံတွင် လူယုံလက်အောက်ငယ်သားများနှင့်ဆေးလိပ်ထိုင်သောက်နေသူ မှာ ခိုလာနီရဲ့ ခေါင်းဆောင် ဖရန့်လန်ဘာဒီ။

                    ဖရန့်ဟာ ဗယ်လော့လည်းမြင်ရော အားတက်သောအပြုံးနဲ့ နှုတ်ဆက်လိုက်ရင်း စကားစသည်။

                 "အိုး မစ်စတာဒီယွန် ဘယ်လိုလဲ ဆုံးဖြတ်ချက်ချပြီးပြီထင်ပါတယ်    ကျွန်တော်နားလည်ပါတယ် လန်ဘာဒီတွေရဲ့အနာဂတ်က ဘာမဟုတ်တဲ့ ၁၃နှစ်အရွယ်ကလေးတစ်ယောက်အပေါ်မှာမူတည်နေတော့ ခင်ဗျားလည်း ကိုယ့်မိသားစုအတွက်ငဲ့ညာပြီး ကြည့်ရတာပေါ့...ခင်ဗျားဆုံးဖြတ်ချက်ကောင်းကောင်းချခဲ့တာပါ....ရှေ့လျှောက် ပြဿနာတွေလည်းမတက်အောင် ခင်ဗျားမိသားစုလည်းအန္တရာယ်ကင်းအောင် ကျွန်တော်တို့နဲ့လာပူးပေါင်းဖို့ဖိတ်ခေါ်ပါတယ်......"

                      ဗယ်လော့ခ်ဟာ စကားအဆုံး ရွှင်ရွှင်မြူးမြူးရယ်မောလိုက်သည်။ မူမမှန်တဲ့သဏ္ဌာန်နဲ့ တုံ့ပြန်နေသော သူ​၏အသွင်ဟာ ဖရန့်စိတ်ထဲ အခက်တွေ့ မျက်ခုံးကျုံ့စရာဖြစ်သွားသည်။ အားရပါးရရယ်မောပြီးသွားသောအခါ ဗယ်လော့ခ် မျက်နှာတည်သွားသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now