Chapter-8

2K 80 8
                                    

" ငါ့ဘဝထဲကို နက်ရှိုင်းသိမ်မွေ့စွာဝင်လာတဲ့မင်းက ဘယ်သူလဲ"

                    *****************************

                ကုန်တိုက်စင်တာကြီးထဲတွင်သီးချင်းတီလုံးသံများ ထုတ်လွှင့်ထားသည်။ စင်တာကြီး သည်တိုက်အထပ်များ စွာရှိ၍ အထပ်တိုင်းတွင်ဖက်ရှင်ဒီဇိုင်နာတို့​ရဲ့လက်ရာမြောက်အဝတ်အထည်အသုံးအဆောင်ဆိုင်များ၊ရွှေငွေရတနာဆိုင်များ၊စားသောက်ဆိုင်များ၊ဆံပင်ညှပ်ဆိုင်များ၊ရေမွှေးနှင့်မိတ်ကပ်ပစ္စည်းအရောင်းဆိုင်များစွာ စသဖြင့် ဖွင့်လှစ်ကာရောင်းချပေးနေသည်။ အရောင်းဝန်ထမ်း ဆိုင်ဝန်ဝမ်းများသည်လည်းကြိုးစားပမ်းစားအလုပ် လုပ်နေကြသည်။ လူများစွာနှင့်ပြည့်နှက်နေကာ ကုန်တိုက်စင်တာကြီးသည် စည်ကားနေသည်။

                အရီယာသည် ဂရေ့စ်လက်အားသေချာလက်ဖြင့်ချိတ်၍ကုန်တိုက်စင်တာကြီးတွင်ရှိသောဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်လိုက်ထွက်လိုက်ဝယ်ယူနေသည်။ အက်စ်မာရေးသည်လည်း အရီယာနှင့်အတူ ဂရေ့စ်လိုအပ်သမျှပစ္စည်းများကို ဝယ်ယူပေးနေသည်။ဂရေ့စ်မှာမူ ဘာလုပ်ရမှန်းမသိ သူတို့နှစ်ယောက်သွားရာဆိုင်တိုင်းကိုလိုက်နေသည်။

၃နာရီကြာသော်

"ဟိုလေ အမအရီယာ နဲ့ အမအက်စ်မာရေးဝယ်လို့မပြီးသေးဘူးလား" ညီးညူပင်ပန်းသောအသံဖြင့် ဂရေ့စ်ပြောလိုက်သည်။

             " ဂရေ့စ် ရယ် မိန်းကလေးဆိုတာလိုအပ်တာတွေအများကြီး ဒီလောက်နဲ့ပြီးတာမဟုတ်ဘူး" အရီယာပြောလိုက်သည်။

            "ဟုတ်တယ် ဂရေ့စ်ရဲ့ အရီယာပြောတဲ့အတိုင်းပဲ လိုအပ်တာတွေကိုရောက်တုန်းအကုန်ဝယ်ထားရမှာ အထူးသဖြင့် ဘောစိသူဌေးကြီးဒေမွန်က သူရဲ့ ငွေကတ်ကိုပေးတဲ့အခါမျိုး" ရယ်မောကာ အက်စ်မာရေးပြောလိုက်သည်။

        "ဟုတ်ပ!!ဒေမွန်က ဘယ်တော့မှသူ့ရဲ့ငွေကတ်ကိုဘယ်သူမှပေးတာမဟုတ်ဘူး ငါတို့ကိုတောင်ပေးသုံးတာမဟုတ်ဘူး" အရီယာညီးညူးနေသည်။

"ဟုတ်တယ်!!ပြီးတော့ ဂရေ့စ်ကို အိန်ဂျယ်လို့ သူ့ပါးစပ်ကထွက်တယ်ဆိုတာ ငါမယုံနိုင်သေးဘူး....ဂရေ့စ်ကတော်တော်အရေးပါလို့ဖြစ်မယ်သူ့အတွက်" အက်စ်မာရေးပြုံး၍ပြောလိုက်သည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now