Chapter-6

2.5K 106 0
                                    

"ငါ့ဘဝဟာအမြဲတမ်းဆိုးဝါးအကျဉ်းတန်မှုတွေကြီးတွေနဲ့ပဲပြည့်နေတယ် ဒါပေမယ့်အခုငါ့ဘဝထဲကိုပျော်ရွှင်မှုတွေနဲ့လုံခြုံမှုပေးနိုင်တဲ့လူတစ်ယောက်ဝင်လာပြီ အဲ့ဒီလူကိုငါယုံနိုင်ပါ့မလား ငါ.....ငါသူ့ကိုယုံချင်တယ်"

ကားထဲတွင်အသံတစ်စိုးတစ်စမျှမရှိတိတ်ဆိတ်ငြိမ်သက်နေသည်။ဒေမွန်တည်ငြိမ်စွာထိုင်နေသော်လည်းသူ​၏ဘေးနားတွင်ထိုင်နေသောဂရေ့စ်အားလှမ်းကြည့်နေသည်။ဂရေ့စ်သည်ကျောက်တိုင်အသွင်ဆောင်ကာသူမ မျက်နှာတွင်မည့်သည့်ခံစားချက်များမဖော်ပြထားပါ။ကြိုးပျက်သောအရုပ်ကဲ့သို့  သူမခန္ဓာကိုယ်သည် ငြိမ်သက်နေသည်။ဒေမွန်သည် သူမ ကို ထိုကဲ့သို့ပုံစံမျိုးနှင့်တွေ့ရသဖြင့် မိမိကိုယ်ကိုအပြစ်ပုံချနေသည်။

"ငါဘာလို့ သူမကိုမြန်မြန်မကယ်နိုင်ရတာလဲ......ငါ ဘာလို့သူမဆီမြန်မြန်မသွားနိုင်ရတာလဲ ညံ့လိုက်တဲ့ငါ တုံးလိုက်တဲ့ငါ...."စသည့်အတွေးပေါင်းစုံနှင့်မိမိကိုယ်ကိုအပြစ်ပုံချနေသည်။ကားသည်အလွန်ကြီးကျယ်ခမ်းနား၍ကျယ်ဝန်းသော မိုးမျှော်တိုက်ကြီး" King Royal Penthouse(ကင်းလော်ရယ်ပန်ဟောက်စ်)" ရှေ့တွင်ရပ်လိုက်သည်။ ကားရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဒေမွန်သည်ဂရေ့စ်လက်ကလေးအား​သေချာကိုင်၍သူ​၏ကွန်ဒိုအခန်းသို့ခေါ်လာသည်။

ကွန်ဒိုအခန်းထဲရောက်သောအခါ ဒေမွန်သည် ဂရေ့စ်အားကြည့်၍

"အိန်ဂျယ် ဘာလိုအပ်လဲ။မုန့်စားမလား.....ဘာလုပ်မလဲ ကိုယ့်ကိုပြောပါ"ဟုမေးလိုက်သည်။

"ရေချိုးခန်း...ရေချိုးခန်း ဘယ်..ဘယ်မှာလဲ" တီးတိုးကာပြောလိုက်သည်။

"ရေချိုးမလို့လား အိန်ဂျယ် လာ.....ကိုယ့်အခန်းထဲမှာရှိတယ် ကိုယ့်အခန်းကဒီဘက်မှာ " သူမ လက်ကိုဆွဲ၍ အခန်းထဲခေါ်လာသည်။ထို့နောက်ရေချိုးခန်းရှိရာသို့ညွှန်ပြလိုက်သည်။ဂရေ့စ်သည်ဒေမွန်​၏အပေါ်အင်္ကျီကို ကုတင်ဘေးနားရှိစားပွဲပေါ်တွင်တင်၍ရေချိုးခန်းထဲသို့ဝင်သွားသည်။

ဒေမွန် ကုတင်ပေါ်သို့ထိုင်ချလိုက်သည်။ရေချိုးခန်းမှရေစက်သံကလေးများကိုကြားလိုက်ရသည်။ သက်ပြင်း ပြင်းစွာချ၍ သူရဲ့ခေါင်းကိုကုတ်နေသည်။ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဂရေ့စ် ခံစားနေရတာတွေအကုန်လုံး ကို မကြည့်နိုင် မခံစားနိုင်ပါ။သူ့ရဲ့ရင်ပူလောင်နေသည်။ အဖြစ်အပျက်များကို ပြန်စဉ်းစားလျက် မိမိကိုယ်ကိုအကြိမ်ကြိမ်အပြစ်တင် နေသည်။ ခနတာကလပ်တွင်တွေ့လိုက်ရသော ကောင်မလေးတစ်ယောက်ကြောင့် သူ့ကိုယ်သူ ဒီလောက်ခံစားရမယ်လို့မထင်ထားပါ။ သူမနှင့်ပတ်သက်၍ရင်ထဲတွင် ဖြစ်ပျက်လာသောခံစားချက်မျိုးစုံသည် ဒေမွန်အတွက် အသစ်အဆန်းဖြစ်နေသောကြောင့်နားမလည်နိုင်ဖြစ်နေသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now