"ခံစားချက်တွေကိုထိန်းဖို့ခက်ခဲလာပြီ"
***********************
"ကျောကုံးက ဒဏ်ရာတွေကိုဘယ်သူလုပ်တာလဲ"
ဒေမွန် လည်ပင်းနားမျက်နှာလေးကပ်၍ ဆော့ကစားနေသော ဂရေ့စ်ဟာရပ်တန့်သွားသည်။သူမလက်ကလေးများသည်တဖြည်းဖြည်း တုန်လာသည်။မိမိကိုယ်ကို "ဘယ်လိုဖြေရမလဲ"ဆိုပြီးအကြိမ်ကြိမ်အခါအခါမေးခွန်းထုတ်နေသည်။
ကြံရာမရ အခက်တွေ့နေသောဂရေ့စ်ကို ကြည့်လျက် ဒေမွန် ရင်ထဲလေးလံနေပါတော့သည်။သူမရဲ့ဖြူဖတ်ဖြူရော် မျက်နှာလေးကို တစ်ချက်ထိတွေ့၍ ဂရေ့စ်၏ စိုးရိမ်သောကတို့ကိုထိန်းညှိပေးသည်။ဂရေ့စ်လေးက အကြောက်တရားတို့ဖုံးလွှမ်းနေသောအကြည့်တို့ဖြင့်ဒေမွန်အားတုံ့ပြန်သည်။
" ဒေ..ဒေမွန်......."
"မကြောက်နဲ့နော် ကလေးလေး...ကိုယ်ရှိတယ် ...."
"အွန်း...." ပါးလေးကိုကိုင်ထားသောသူ့(ဒေမွန်)လက်ကလေးကို သူမ ထိတွေ့လိုက်သည်။ဒေမွန့် စကားတစ်ခွန်းကြောင့်သူမ၏ကြောက်စိတ်အလုံးစုံတို့သည် တစ်စက္ကန့်အတွင်း ဖြိုခွင်းပျက်စီးသွားသည်။ဂရေ့စ်နှလုံးသားလေးဟာနွေးထွေးမှုကိုပြန်လည်ရရှိလာပြီး စိုးရိမ်မှုမရှိတော့ပါ။ဒေမွန်အနီးမှ ခွန်အားများရရှိလာပါသည်။
"ဒေ..ဒေမွန် စိတ်အေးအေးထားနော်" သူမနှင့်ပတ်သက်လာလျှင် စိတ်ဆတ်တတ်သောဒေမွန်ကို အရင်ဆုံးသတိပေးသည်။
သက် ပြင်း ချလိုက်ပြီးနောက် သူမအား အဆင့်သင့်ဖြစ်ပြီဟုခေါင်းညိတ်ပြသည်။
"စိတ်လိုက်မာန်ပါမလုပ်ပါဘူးလို့ကတိပေးပါနော်..."
"ကိုယ် ကတိပေးပါတယ်" ချုပ်နှောင်ထားသောမကောင်းဆိုးဝါးတွေ သူ့အားမစိုးမိုးအောင် စိတ်မနည်းဖြေလျှော့ရသည်။ထို့နောက် ဂရေ့စ် ၏အဖြေအား စောင့်မျှော်နေတော့သည်။
"အဲ့..အဲ့ဒီဒဏ်ရာတွေက...အ..အမေလုပ်ထားတာ"
ဂရေ့စ် နှုတ်မှအဖြေကိုကြားပြီးပြီးချင်းဒေမွန် သူမကို ကုတင်ပေါ်တင်ပေးပြီးအခန်းထဲမှထွက်သွားခဲ့သည်။ဂရေ့စ်မှာဘာဖြစ်သွားမှန်းမသိ အိပ်ခန်းထဲမှဝုန်းဝုန်းဒိုင်းဒိုင်း ထွက်သွားပုံကိုကြည့်လျက်ကြံရာမရ ပူပန်နေ။သို့သော် ငိုင်နေရုံနှင့်ကိစ္စကပြီးပြတ်မှာမဟုတ်သဖြင့် ကုတင်ပေါ်မှလျင်မြန်စွာထ၍ဒေမွန့်နောက်လိုက်သည်။ သူမ လမ်းလျှောက်လာရင်း ဧည့်ခန်းထဲသို့ရောက်လာသည်။ ညလေညင်းဟာ ပွင့်နေသည့်ဝရန်တာတံခါးပေါက်မှတစ်ဆင့် နူးညံ့စွာဝင်ရောက်နေသည်။အပြင်မှဆူညံနေသောကားဟွန်းသံများနှင့်ထပ်တူ တောက်ခေါက်သံများသည် ကျယ်လောင်စွာ မြည်ဟီးနေသည်။
YOU ARE READING
𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚
Romanceဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်းဖြစ်ပါသည်။translateထားခြင်းမဟုတ်ပါ။ "ဘယ်လောက်ပဲအန္တရာယ်များပါစေ..ဘယ်လောက်ပဲခက်ခဲပါစေမင်းကိုငါ့အနားမှာတစ်သက်လုံးထားမယ်!ဘယ်တော့မှလက်မလွှတ်ဘူး" Zawgyi ဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်...