[UNICODE]
သူ့အမေကို စိတ်ပျက်စေခဲ့တယ်
သူ့အဖေကို ကားအက်စီးဒန့်ထဲပါဝင်စေပြီး ကိုမာဖြစ်စေခဲ့တယ်
သူ့ရဲ့ကောင်းမွန်လှစွာသောrelationship ကြီးလည်း လုံးဝပျက်ဆီးသွားခဲ့တယ်
"ဖုယွမ်ကျုံး"ဆိုတဲ့ လူ ငယ်လေးက အမျိုးတွေကိုသစ္စာဖောက်ပြီး ရင်ကျိုးစေခဲ့တယ်
သို့သော် အရာရာဟာ နောက်ကျသွားပြီဖြစ်လေသည်။တစ်နေ့ သူနိုးထလာတဲ့အချိန်မှာ
အထက်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားလေရဲ့
ယခုအချိန်မှာတော့ သူက ဖုမိသားစုရဲ့ ငယ်ရွှယ်ပြီး ဂုဏ်ယူစရာ သခင်လေးတစ်ယောက်ဖြစ်နေတုန်းပင်
လူတိုင်းက သူ့ကို အားကျကြပြီး လူတိုင်းက သူ့ကိုချစ်ခင်ကြတယ်
ဘဝကိုနောက်တစ်ဖန်စတင်ဖို့အခွင့်ရေးနဲ့အတူ ဒီတစ်ကြိမ်မှာတော့ သူ့ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးနဲ့နေထိုင်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်
တူညီတဲ့အမှားတွေကိုထပ်မလုပ်တော့ဘဲ သူ့သူငယ်ချင်းတွေနဲ့ မိသားစုကို ပြန်အလျော်ပေးရန် အကောင်းဆုံးကြိုစားတော့မည်။
ထိုနောက် ဖုယွမ်ကျုံး သံသယရှိစွာနဲ့ သူ့ရဲ့ id ကဒ်ကို ကြည့်လိုက်သည့်အချိန်မှာတော့........
Omega ဆိုတာဘာကြီးလဲ?
ဘာလဲဆိုတာသိရှိပြီးနောက်မှာတော့
ဖုယွမ်ကျုံးရဲ့မျက်နှာက ဖြူဖတ်ဖြူရောဖြစ်သွားတယ်
စိတ်လှုပ်ရှားစွာနဲ့ သူ့အိမ်ရဲ့တံခါးကိုခေါက်လိုက်သောအခါ
.......ကသူ့ကိုတံခါးလာဖွင့်ပေးပြီး alphaတစ်ယောက်ရဲ့အသက်ရှုလိုက်တဲ့လေဟာ သူရဲ့မျက်နှာကိုလာရိုက်ခတ်ပြီး ဖုယွမ်ကျုံးရဲ့ခြေကို ပျော့ခွေသွားစေတယ်
.......က သူ့နောက်ကျောကို ထိန်းထားပေးပြီး မှောင်မဲနေသောမျက်လုံးဖြင့် အသံနိမ့်စကားပြောလိုက်တယ်
"ဒီလောက် အလောတကြီးနဲ့ငါ့ဆီလာတာ ငါနဲ့ပေါင်းစပ်ဆက်နွယ်ဖို့ မင်းစဉ်းစားပြီးပြီလား?"ဖုယွမ်ကျုံး :????
ဒီကောင် သူဘာပြောနေလဲသူ့ကိုယ်သူသိရဲ့လား
ဘယ်လိုပဲဖြစ်ဖြစ် ဒါအဆုံးသတ်မှ မဟုတ်သေးတာ
ဖုယွမ်ကျုံးရှာတွေ့ခဲ့တဲ့ နောက်ထပ်စိတ်ညစ်စရာကတော့ သူ့ရဲ့ငယ်သူငယ်ချင်း၊သူ့ရဲ့ရန်သူ ပြီးတော့ အရင်တုန်းက သူ့စကားနာခံကြတဲ့ ညီေနာင်တွေအကုန်လုံးက Alpha ဖြစ်နေပြီး သူ့ကိုစိတ်ဝင်စားနေပုံရတယ်
ထို့အပြင် သူ့ရဲ့အရင်တုန်းက ရည်းစားတောင်မှ ယောင်္ကျားလေးalphaဖြစ်နေလေရဲ့!
YOU ARE READING
OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!
Teen FictionUnicode & Zawgyi available! Title- (After regenerating into omega,everyone is dying to marry me) All credit goes to author & English translator !!!!!