အခန်း-၁

7.8K 790 11
                                    

[UNICODE]
ရေချိုးခန်း၏မှန်ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး ဖုယွမ်ကျုံးဟာ သူ့ကိုယ်သူ မိနစ်အနည်းငယ်ကြည့်နေလိုက်သည်။
နောက်ဆုံး သူ ၁၇နှစ်သားအဖြစ်ပြန်လည်ရောက်ရှိသွားတာကို လက်ခံနိုင်သည်အထိ။

မှန်ရှေ့မှာရှိတဲ့ကောင်လေးဟာ ချောမော၊ငယ်ရွယ်တုန်းဖြစ်ပြီး တူညီသောမျက်နှာအသွင်အပြင်များဖြင့် သူဟာယခုအချိန်မှာတော့ သန်စွမ်းပြီး တက်ကြွမှုအပြည့်ရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်သည်။

သူသည် ယခုအခြေအနေများကြောင့် ဝမ်းနည်းနေခဲ့ပြီး သူ့၏လှပသောမျက်လုံးတစ်စုံဟာ အဓိပ္ပာယ်ကင်းမဲ့နေခဲ့သည်။သို့သော် ထိုအရာသည် သူ့၏ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်းကို ဖုံးကွယ်ခြင်းမပြုနိုင်ခဲ့ပေ။

ငယ်ရွယ်တဲ့သူ့ကိုယ်သူမှန်ထဲမှာမြင်ပြီး နောက် ဖုယွမ်ကျုံးဟာ စိတ်တိုစွာဖြင့် မတားဆီးနိုင်ဘဲငိုဖို့ဖြစ် လာခဲ့သည်။

အခုတလော သူမှန်ကြည့်ရတာမုန်းလာသည်။အဘယ်ကြောင့်ဆိုသော် သူမှန်ကြည့်လိုက်တဲ့အချိန်တိုင်း သူရဲ့လူပုံမပေါ်ဘဲ သရဲလိုဖြစ်နေတဲ့အသွင်အပြင်၊ပိန်ပြီး ချောင်ကျနေသောမျက်လုံးများဟာအသက်မဲ့နေသောကြောင့်ပင်။

မည်သို့ပင်ဖြစ်စေကာမူ သူကဒီအခြေနေထိရောက်လာပြီး ဤသည်မှာလည်း သူကိုယ်တိုင်ပင်ဖြစ်သည်လေ။သူဟာ ထိုလူကို စွဲလမ်းခဲ့မိသည်။ သူ့ကိုယ်သူပျက်ဆီးစေရုံသာမက သူ့အမေကိုလည်း နှလုံးရောဂါရစေခဲ့သည်။သူအဖေကားမောင်းနေတုန်း အက်ဆီးဒန့်ဖြစ်ခဲ့ပြီး သတိပြန်မရတဲ့အနေအထားမှာရောက်စေခဲ့သည်။သူ့သူငယ်ချင်းတွေအားလုံးကလည်း သူနဲ့အဆက်အသွယ်ဖြတ်ခဲ့သည်။

အမှတ်တမဲ့ ဖုယွမ်ကျုံးဟာ ဆိုးရွှားတဲ့အမှတ်တရများထံရောက်ခဲ့သည်။သူ့စိတ်ထဲပေါ်နေတာကတော့ သု့အမေရုတ်တရပ်လဲကျသွားတဲ့ ပုံရိပ်ရယ် သူ့အဖေအထူးကြပ်မတ်စောင့်ရှောက်ဆောင်မှာ အသက်ရှုစက်တပ်ထားပြီး သူ့ကို အေးစက်ပြီး စိတ်ပျက်နေတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်ကိုပင်။

ဖုယွမ်ကျုံး၏နှလုံးသားဟာတုန်လှုပ်နေပြီး သူဟာ ရုတ်တရပ်နိုးထလာခဲ့သည်။အကြောက်တရားနဲ့နောင်တရခြင်းကိုပြနေတဲ့မျက်နှာအမူအရာနဲ့ သူ့ရဲ့ငယ်ရွယ်တဲ့ပုံကို မြင်လိုက်ရသည်။

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now