အခန်း-၄

3.6K 695 45
                                    

[UNICODE]

ရန်ရှုထန်၏နားများနီရဲသွားသည်ကို ဖုယွမ်ကျုံးသတိထားမိသွားသည်။ ဖုယွမ်ကျုံးက သူအမြင်မှားသွားသလား လို့ထင်မိသောကြောင့် သူမြင်တာမှန်တယ်ဆိုတာ သေချာအောင် ပိုပြီးစူးစိုက်ကြည့်လိုက်မိသည်။ ရန်ရှုထန်ရဲ့အသားအရည်က ဖြူဖွေးလွန်းသောကြောင့် နားရွက်များနီနေသည်က လုံးဝကိုထင်ရှားလွန်းနေလေသည်။

ဖုယွမ်ကျုံးတစ်ယောက် တကယ်ကိုအသစ်အဆန်းဖြစ်သွားမိသည်။ အထက်တန်းကျောင်းပြီးကတည်းက သူနဲ့ရန်ရှုထန်တို့ အဆက်အသွယ်လုပ်ခဲပေမယ့် ပြီးခဲ့တဲ့သုံးနှစ်လုံးမှာ သူနဲ့ပတ်သက်ရင် တကယ်ကိုအံ့သြစရာပဲလေ။ ရန်ရှုထန်ဆီကနေ ဒီလိုအမူအရာထွက်လာတာ သူတစ်ခါမှမမြင်ဖူးဘူး။

ဘာလို့လဲ? သူသဘောမကျတဲ့လူက သူချောင်းကြည့်နေတာကို မိသွားတော့ရှက်သွားတာလား? သူကတကယ်ခန့်မှန်းရလွယ်တာပဲ။

ရန်ရှုထန်ကသူ့ကိုကြည့်နေတဲ့အကြောင်းကိုတော့ ဖုယွမ်ကျုံးအတော်လေးနားလည်လိုက်ပါပြီ။ သူထွက်သွားမှာကိုကြည့်ရတာ ပျော်နေတာကလွဲရင်တစ်ခြားမရှိနိုင်တော့ဘူး။ သူ့အရင်ဘဝတုန်းကသာဆိုရင် သူလည်းရန်ရှုထန်သာထွက်သွားတာကို ကြည့်နေရရင် ခုန်ပေါက်ပြီးပျော်ရွှင်နေလိမ့်မှာပဲလေ။ ရန်ရှုထန်ရဲ့ တုန့်ပြန်မှုက တော်တော်ကိုဒီသဘောသက်ရောက်နေတာပဲကို။

တကယ်တော့ အထက်တန်းကျောင်းပြီးလို့ နှစ်အနည်းငယ်လောက်ကြာကတည်းက ရန်ရှုထန်အပေါ်ရှိနေတဲ့ ဖုယွမ်ကျုံးရဲ့မနှစ်လိုမှုတွေက တော်တော်လေးကိုပျောက်ရှသွားပြီး အစပိုင်းမှာဖြစ်ခဲ့တဲ့ မနှစ်မြို့ဖွယ်ကိစ္စတွေကိုလည်း သူမေ့ထားပြီးသားပါ။ ဒါပေမဲ့ အခုတော့ သူ့မှာ အထက်တန်းကျောင်းကသူ့ရဲ့ပြိုင်ဘက်ကို စနောက်ဖို့အခွင့်အရေးရှိသွားပြီဆိုတာကို ရုတ်တရက်နားလည်သွားသည်။ တအားပျော်ဖို့ကောင်းတာပဲ။

ထို့ကြောင့် ဖုယွမ်ကျုံးက ဖုန်းကိုယူလိုက်ပြီး ရန်ရှုထန်ရဲ့စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

သူ့ရဲ့ရုတ်တရက်လုပ်ရပ်ကြောင့် အတန်းသားအားလုံးက သူ့ကိုအာရုံစိုက်လာကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အဆက်အဆံမရှိမှန်းသူတို့အားလုံးသိသည်။ ပြီးတော့ သူတို့နှစ်ယောက်တွေ့လိုက်တိုင်း မနှစ်မြို့ဖွယ်ကောင်းတဲ့ကိစ္စတွေပဲဖြစ်လာတတ်သည်။ အခုတော့ တစ်တန်းလုံးက သူတို့နှစ်ယောက် ထပ်ပြီး ကတောက်ကဆဖြစ်မှာကို စိုးရိမ်လွန်းလို့ စိတ်လှုပ်ရှားကြနေရသည်။

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now