အခန်း-၁၀

3.8K 526 32
                                    

[ Unicode ]

Message ဝင်လာလာချင်းတွင် ဖုယွမ်ကျုံးက ဖုန်းကိုဖွင့်မကြည့်မိခဲ့ပါချေ။ သူ၏ lock screen ထက်တွင် ပို့သည့်သူက ယွီဖေးဆိုတာသာပေါ်လျက် စာအကြောင်းအရာကိုတော့မမြင်ရပါ။

သူ့စိတ်အခြေအနေက မြင့်တက်သွားရပြီး ချက်ချင်းပင် ယွီဖေးနှင့်ပြောထားသည့် Wechat conversation ကိုဝင်ကြည့်လိုက်သော်ငြားလည်း ယွီဖေး၏ယခုနက စာကမူဖျက်သွားခဲ့လေပြီ ဖြစ်သည်။

ခဏကြာသောအခါ တစ်ဖက်မှလူက သူ့အားစာနောက်တစ်စောင်ထပ်မံပို့လာပါ၏။

"ဆောရီး၊ ငါအခုတလောမှ Wechat ပြန်သုံးလို့။ မသုံးတာကြာပြီဖြစ်နေတာနဲ့ နင့်ကိုစာမှားပို့မိတာ"

စာကမှားပို့မိခြင်းပင်ဖြစ်ပြီး သူ့မှာဘာလို့ယွီဖေးက မမျှော်လင့်ထားစွာစာပို့လာသနည်းဟု စဥ်းစားနေခဲ့သေးသည်။

ယွီဖေး၏စကားအသွားအလာက နည်းနည်းထူးဆန်းနေပြီး သူတို့သည်ငယ်စဥ်က တူတူဆော့ကစားဖူးသည်မှလွဲ၍ အချိန်တော်တော်ကြာမဆက်သွယ်ခဲ့ကြခြင်းကြောင့်ဖြစ်မှန်း ဖုယွမ်ကျုံးနားလည်ပါသည်။ အရင်ဘဝတုန်းသည်ပင် နောက်ပိုင်းအခါမှသာ သူတို့ပြန်ဆက်သွယ်မိခဲ့ကြခြင်းပင်။

သူ့နှလုံးသားထဲတွင် နည်းနည်းလေးလွဲချော်နေရတဲ့ ကံကြမ္မာဆိုးအား နှမြောနေရင်းမှ စာပြန်လိုက်ပါတော့သည်။

"ရပါတယ်"

ယွီဖေးအားအရှက်မရစေရန်နှင့် စကားအသွားအလာအနေခက်မှုကို ပြေလျော့စေရန် ဖုယွမ်ကျုံးက ချစ်ဖို့ကောင်းသော emoji များပါ ပို့လိုက်ပါသေး၏။

တစ်ဖက်မှလူက သူ့အားစကားပြန်လာပါသေးသည်။ ဖုယွမ်ကျုံးက သူတို့နှစ်ယောက်ကြားပြောစရာများ ဒီနေရာတွင်ပင် ရပ်သွားပြီဟုထင်လိုက်ပေမယ့် ယွီဖေးကမကြာခင်မှာပဲ စာနောက်တစ်ခုထပ်ပို့လာလေ၏။

"နည်းနည်းတော့ အနည်းရခက်နေမလားမသိပေမယ့် နင်ငါ့ကိုမှတ်မိရဲ့လား? ငါယွီဖေးလေ၊ ငါတို့ငယ်ငယ်က တူတူဆော့ခဲ့ကြသေးတာ။ နောက်တော့ ငါကနိုင်ငံခြားကိုပြောင်းသွားတာလေ၊ ပြီးတော့ငါမကြာခင်ပြန်လာတော့မှာ"

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now