အခန်း-၂

5.2K 718 37
                                    

[UNICODE]

ဖုယွမ်ကျုံး သည် heat ဟူသောစကားလုံး၏အဓိပ္ပာယ်ကိုမသိသော်လည်း ၎င်းသည်ကောင်းသောအဓိပ္ပာယ်မဟုတ်နိုင် အနည်းဆုံးတော့သူ့အတွက်မဖြစ်နိုင်ချေ။

နောက်ဆုံး သူထလာပြီး ရှဲ့လင်ကိုဖယ်ထုတ်ချင်ခဲ့သည်။သို့သော် သူသည်ခေါင်းမူးနေပြီး သူ့ခန္ဓာကိုယ်ဟာလည်း သူ့စကားနားမထောင်ခဲ့။

အကြောင်းပြချက်အချို့ကြောင့်လေထဲရှိစပျစ်ဝိုင်၏ရနံ့သည် ပို၍ ပြင်းထန်လာပြီး မိုးတိမ်ကဲ့သို့သူ့ကိုရစ်ပတ်ထားကာ အသေးငယ်ဆုံးသောအပေါက်များမှတစ်ဆင့်သူ့ခန္ဓာကိုယ်ထဲထိုးဖောက်ဝင်ရောက်လာသည်။

ဖုယွမ်ကျုံးက သူမကြာခင်မှာနိုးလာလိမ့်မည်လို့ထင်ခဲ့သည်။ဒါပေမယ့် သူဟာအရက်အလွန်အကျွံသောက်မိနေသလို ပိုမူးလာပြီး သူ့၏လည်ချောင်းဟာလည်း ရေအရမ်းငတ်နေ၍ သူ့နဖူးပေါ်တွင်လည်း ချွေးများစိုရွှဲနေခဲ့သည်။

"ရှဲ့လင် ... "

သူဟာသူ့သူငယ်ချင်း နာမည်ကို မနည်းခေါ်လိုက်ရပြီး အပေါ်သို့မော့ကြည့်လိုက်သောအခါ အံ့ဩသွားသည်။

ရှဲ့လင်သည်အတိတ်ကနှင့်ကွဲပြားခြားနားနေသည်။သူဟာချောမောနေတုန်းဆိုသည်မှာ သံသယရှိစရာပင်မလို။ သို့သော် သူ၏အေးစက်သောအကျင့်စရိုက်ကြောင့် သူ၏မျက်ခုံးများသည်နှင်းခဲများနှင့်ဆီးနှင်းများဖုံးလွှမ်းနေသယောင်။ အသားအရေသည်လည်းအေးပြီး မှောင်မဲတဲ့ညလိုမျိုး အလွန်မှောင်မိုက်သောမျက်လုံးတစ်စုံရှိသည်။

သို့သော် ဤအချိန်တွင် ရှဲ့လင်၏အမူအရာသည် အေးစက်ခြင်းမရှိဘဲ သူသည်မျက်တောင်များကိုလျှော့ချထားကာ ဖုယွမ်ကျုံးကိုကြည့်နေခဲ့သည်။ သူ့မျက်လုံးများသည် နက်မှောင်နေသည်၊မျက်နှာလည်းနီနေ၍ အသက်ရှူခြင်းအနည်းငယ်ပို၍မြန်နေသည်။သူဟာ အူတူတူဖြစ်နေပြီး မထင်မှတ်ထားဘဲ ဆက်ဆီကျနေသည်။

သူ ဖုယွမ်ကျုံး၏ပါးကိုနမ်းရန် လက်ကိုဆွဲလိုက်သည်။ သူ့လက်ချောင်းထိပ်ဖျားတွေတောင်မှ အပူချိန်မြင့်နေခဲ့သည်။ ဖုယွမ်ကျုံး ကသူ့မျက်နှာကိုထိလိုက်သည်။ သူသည် ကူးစက်ခံလိုက်ရသလို မျက်နှာပါပူနေခဲ့သည်။

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now