အခန်း-၃

4.3K 842 16
                                    

[UNICODE]

ဖူယွမ်ကျုံးတစ်ယောက် သူ့အရင်ကောင်မလေး တရုတ်ကိုပြန်လာပြီဆိုတဲ့သတင်းကို ကြားလိုက်ရတော့ တော်တော်ပျော်သွားမိသည်။

နောက်ကြောင်းပြန်ကောက်ရလျှင် အရင်ဘဝတုန်းက ရှောင်ဖေး တရုတ်ကိုပြန်လာသည့်အချိန်သည်လည်း ဤအချိန်ဝန်းကျင်လောက်ပင်ဖြစ်သည်။သူ(မ)၏နာမည်မှာ ယွီဖေးဖြစ်ပြီး ရှဲ့လင်၏ညီမဝမ်းကွဲပင်။ သူ(မ)ငယ်ငယ်တုန်းက သူတို့နှင့်အတူဆော့ကစားခဲ့ကြပေမယ့် သူ(မ)အသက်ငါးနှစ်လောက်တွင် မိဘများကကွာရှင်းလိုက်သောကြောင့် သူ(မ)အမေနှင့် နိုင်ငံခြားကိုထွက်သွားခဲ့ခြင်းဖြစ်သည်။ သူ(မ)၏အမေက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး အလုပ်နဲ့အိပ်မက်များနောက်ကိုလိုက်ကာ နိုင်ငံခြားကိုသွားချင်ခဲ့သောကြောင့်ပင်။

ဒီနှစ်တော့ ယွီဖေးအမေက သူ(မ)၏မိသားစုကို လွမ်းဆွတ်နေပြီး တရုတ်တွင်အဆက်အသွယ်ကောင်းများရနေခြင်းကြောင့် စတူဒီယိုတစ်ခု တရုတ်တွင်ဖွင့်လှစ်မည့်အကြံပေါ်လာကာ ပြန်လာခဲ့ခြင်းဖြစ်သည်။ ယွီဖေးလည်း သူ(မ)အမေနှင့်တူတူပြန်လာပြီး သူတို့ပြန်လည်ပေါင်းစည်းသွားကြကာ သိပ်မကြာခင်မှာပဲ သူတို့၏အချစ်ရေးကို စတင်ခဲ့လိုက်ကြသည်။

ဖူယွမ်ကျုံးက ရှဲ့လင်နဲ့စကားဝိုင်းမှထွက်လိုက်ပြီး သူ၏ဆက်သွယ်ရန်ထဲတွင် ယွီဖေး၏နာမည်ကိုရှာဖွေကြည့်လိုက်သည်။ ထို့နောက် အမှတ်တမဲ့နဲ့ မက်ဆေ့ချ် ပို့မည်လုပ်ပြီးမှ အလယ်လောက်တွင်ရပ်လိုက်မိပြီး ပြန်ဖျက်ပစ်လိုက်သည်။

အကြောင်းအရင်းကတော့ သူတို့ပြန်လည်မတွေ့ဆုံခင်တွင် သူ့ဆီမှာ အားဖေးကိုဆက်သွယ်လို့ရတဲ့ အချက်အလက်တွေရှိပေမယ့်လည်း သူတို့နှစ်ယောက်က လုံးဝကိုမရင်းနှီးပါပေ။ နှစ်သစ်မှာဆုတောင်းပေးသောစာများကလွဲ၍ ဘာကိုမှပြောထားခြင်းမရှိသောကြောင့် အခု စာပို့လိုက်လျှင် တော်တော်လေးကို ရုတ်တရက်ဆန်သွားနိုင်သည်လေ။

ဒါတင်မကဘဲ ရှောင်ဖေးရဲ့နာမည်ကို သူမှားပေါင်းထားကြောင်း ဖူယွမ်ကျုံးတွေ့လိုက်ရသည်။ သူ(မ)၏နာမည်ကိုရေးထားပေမယ့် အဓိပ္ပါယ်ကတစ်ခြားဖြစ်နေပြီး သံတူကြောင်းကွဲဖြစ်နေသည်။ ဓာတ်ပုံထည့်ထားတာကြောင့်သာမဟုတ်လျှင် တစ်ခြားလူဟုပင်ထင်မှတ်နိုင်သည်။

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now