အခန်း-၁၁

3.5K 362 39
                                    

[ Unicode ]

ရုတ်တရက် သူ့မျက်လုံးတွေအုပ်ခံရကာ တစ်စုံတစ်ယောက်ရဲ့လက်မောင်းတွေကြားထဲ မှီကျသွားပြီး ထိုသူဟာဘယ်သူလဲဆိုတာ သူလုံးဝမသိတော့ ဖုယွမ်ကျုံး လန့်သွားသည်။

ကျိန်းသေသည်မှာ ဒီလူက ရှဲ့လင်မဖြစ်နိုင်၊ ဒီအသံက သူ့အသံမဟုတ်။ ရှဲ့လင်က သူ့ကို "ရှောင်ကျုံး" ဟု ဘယ်တော့မှခေါ်မှာမဟုတ်ဘူးဆိုတာ ပြောစရာတောင်မလိုပေ။ ယွီဖေးတစ်ယောက်ပဲ သူ့ကို ဒီလိုခေါ်သည်၊ ဒီရက်ပိုင်း wechat မှတစ်ဆင့် ယွီဖေးက သူနဲ့ရင်းနှီးပြီးနောက်မှ သူ့ကို ဒီလိုမျိုးခေါ်မယ်လို့ ဟာသလုပ်ပြခဲ့တာဖြစ်သည်။

ထိုအချိန်တွင်ဖုယွမ်ကျုံးတစ်ယောက် အနည်းငယ်ပျော်ရွှင်နေသေးသော်လည်း အခုတစ်ခါတော့ သူ အံ့အားသင့်သွားသည်။ သူ့ကို ဒီလိုခေါ်မဲ့သူ ဘယ်သူ့ကိုမှမစဉ်းစားမိသလို ဒီလူရဲ့အပြုအမူက ယွီဖေးနဲ့အရမ်းဆင်တူသော်လည်း တစ်ဖက်လူက ကျိန်းသေပေါက်ယောက်ျားလေးဖြစ်တာကြောင့် ယွီဖေးမဖြစ်နိုင်ပေ။ ဒါမှမဟုတ်.... သူ(မ)က ဒီလူအား သူကို စ နောက်ခိုင်းလိုက်ခြင်းပေလား။

ဖုယွမ်ကျုံးသည် သူ့နောက်မှယောက်ျား၏လက်ကို ဆွဲချလိုက်သော်လည်း ထိုလူက သူ့ကိုအတင်းအကျပ်မလုပ်ဘဲ သူ့လက်ကို နာခံစွာ ချလိုက်သည်။

သူလှည့်ကြည့်လိုက်တော့ ထိုသူဟာ အရမ်းနီးကပ်နေတာကြောင့် ဖုယွမ်ကျုံး က ဒီလူဆီကထွက်လာတဲ့ နှင်းဆီရနံ့ပျော့ပျော့လေးကို ရလိုက်သည်။ ဒါက ဟော်မုန်းနံ့ပဲ။

အယ်လ်ဖာ ရဲ့ ဟော်မုန်းအနံ့...။

ဖုယွမ်ကျုံးက မျက်လုံးကို အနည်းငယ်မော့ကြည့်သော်လည်း ထိုလူ့အပေါ်အကြည့်ရောက်သွားသောအခါ သူအံ့အားသင့်သွားသည်။

"ရှောင်ကျုံး။"
တစ်ဖက်လူက သူ့နာမည်ကိုခေါ်ကာ ပြုံးပြလာသည်။ သံသယဖြစ်စရာမရှိအောင် ချောမောသည့်မျက်နှာဖြစ်ပြီး အနက်ရောင်ဆံပင်နှင့် ဖြူဖွေးသောအသားအရေ၊ တောက်ပသောနှုတ်ခမ်းနီနှင့် ဘယ်ဘက်မျက်လုံးအောက်ရှိ မှဲ့နီလေးဖြင့် ချောမောကာ တောက်ပနေသည်။ အရမ်းဆွဲဆောင်မှုရှိလွန်းလို့ သူဒီထက်ကြာကြာကြည့်မိပါက သူဟာ ထိုသူဖြားယောင်းတာခံလိုက်နိုင်ရလောက်သည်အထိပင်။

You've reached the end of published parts.

⏰ Last updated: Apr 17, 2022 ⏰

Add this story to your Library to get notified about new parts!

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now