အခန်း-၆

3.1K 561 18
                                    

[UNICODE]

ရန်ရှုထန်က လက်ထဲတွင်စာအုပ်အသေးလေးတစ်အုပ်အား ကိုင်ထားက နေရာတွေတိတ်တဆိတ်ဖတ်နေရင်း ရပ်နေလေသည်။ သူ၏ကျောပေါ်တွင် လွယ်အိတ်ကိုလွယ်ထားသေးသော်ငြား ထင်းရှူးပင်ကဲ့သို့ တည့်တည့်မတ်မတ်ရပ်နေကာ ပုံရိပ်ကချောမောတိတ်ဆိတ်နေပြီး ဝတ်ထားသောကျောင်းယူနီဖောင်းမှာလည်း သန့်ရှင်းသပ်ရပ်နေသောကြောင့် မျက်လုံးအေးစရာမြင်ကွင်းလေးပင်ဖြစ်နေသည်။

သူက စာအုပ်အားသေချာအာရုံတစိုက်ဖတ်နေသောကြောင့် မီတာအနည်းငယ်အကွာအဝေးလောက်တွင် ရပ်နေသော ဖုယွမ်ကျုံးကိုသတိမထားမိပါချေ။ ဖုယွမ်ကျုံးက အလွန်အမင်းပျော်လာကာ စကားပါသွားပြောချင်လာသည်။ သို့သော်လည်း ကျောင်းမှာ ရန်ရှုထန်အား စနောက်လိုက်ရသည်မှာပင် လုံလောက်ပါပြီဟု တွေးမိလိုက်သည်။ ကျောင်းပြင်ပမှာ သူတို့ကြားအဆက်အသွယ်မရှိဖို့ မလို‌လောက်တော့။

ဖုယွမ်ကျုံးက သူအပြီးမသတ်လိုက်တဲ့စကားအပေါ် အဘယ်ကြောင့်ရန်ရှုထန်က အလွန်အမင်းတုန့်ပြန့်သလဲဆိုတာ သိချင်နေသော်လည်း တစ်ဖက်လူကသူ့အား ထိုအကြောင်းကိုပြောပြမည်မှာ မဖြစ်နိုင်ဘူးဆိုတာကိုတော့ သူသိပါသေးသည်။

သူကအကြည့်များကပြန်ရုတ်သိမ်းမလိုလုပ်လိုက်သော်ငြား ထိုအချိန်တွင် ရန်ရှုထန်ကရုတ်တရက်ကျောင်းယူနီဖောင်းအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ပြီး အိတ်ထဲမှ ရထားကဒ်ကမတော်တဆပြုတ်ကျသွားသည်ကို တွေ့လိုက်ရလေသည်။ သို့သော် ရန်ရှုထန်ကမူ မြေပြင်ပေါ်တွင်ကျနေသော ကဒ်ကိုသတိမထားသေးဘဲ မက်ဆေ့အားစာပြန်ပြီးနောက် ဖုန်းကိုပြန်ထည့်လိုက်ပြီး လက်ထဲမှစာအုပ်အားပြန်ဖတ်နေလေ၏။

ရန်ရှုထန်က တစ်ယောက်တည်းရထားကိုစောင့်နေသည်ဖြစ်ရာ အနားမှတစ်ဦးတစ်ယောက်ကမျှ သူ့အားကဒ်အားပြန်ကောက်ရန် သတိမပေးပါချေ။ သိပ်မကြာခင်တွင် တစ်ခြားခရီးသည်များရောက်ရှိလာသော်လည်း မည်သူကမျှကဒ်ကိုသတိမထားမိ။

ဖုယွမ်ကျုံးတစ်ယောက် အတန်ငယ်အတွေးများနေလေသည်။ သူကသေချာပေါက်ကဒ်ကျသွားသည်ကို မြင်လိုက်သော်လည်း ရန်ရှုထန်အားသတိမပေးခဲ့ပါ။ ဒါကနည်းနည်းတော့ အကြင်နာတရားမရှိပုံပေါက်နေသည်။ သူကပြိုင်ဘက်အပေါ်နားမလည်ပေးနိုင်သော်လည်း တစ်ဖက်သူကပစ္စည်းပျောက်သွားတဲ့ အခြေအနေအပေါ်တော့ သူမပျော်နိုင်ပါပေ။ ဒီလိုမျိုးအပျော်က တော်တော်ကိုအဆင့်နိမ့်ကျတယ်လေ။

နောက်ဆုံးတော့ ရထားရောက်လာသည်အထိ မည်သူကမျှကဒ်ကိုသတိမထားမိသေးပေ။ ဖုယွမ်ကျုံးကပဲ မြန်မြန်လျှောက်သွားလိုက်ကာ ကဒ်ကိုကောက်ယူလိုက်ပြီး အနောက်ကနေရန်ရှုထန်၏ပုခုံးကိုပုတ်လိုက်တော့သည်။

"မင်းပစ္စည်းပြုတ်ကျနေတယ်"

ရထားတွင်းသို့ဝင်တော့မည့် ရန်ရှုထန်ကရပ်တန့်သွားသည်။ သူကခေါင်းလှည့်ကြည့်လာသောအခါတွင် သူ၏မျက်လုံးများက ထူးဆန်းသောခံစားချက်များအား ပြသနေလေသည်။ ရန်ရှုထန်ကလှည့်မကြည့်ခင်တွင် ဖုယွမ်ကျုံးအား အသံဖြင့်မှတ်မိခဲ့ခြင်းပင်။

သူကရထားဝင်ပေါက်တွင် မလှုပ်မယှက်ရပ်တန့်နေပြီး အနောက်မှခရီးသည်များက သူ့ကိုစရန်တွေ့လာသည်အထိ ဖုယွမ်ကျုံးအား ကြည့်နေလေသည်။ ထို့နောက်တွင်တော့ သူကသတိပြန်ဝင်လာပြီး ရထားတွင်းသို့ အလျင်အမြန်ဝင်သွားတော့သည်။

ဖုယွမ်ကျုံးက ကဒ်အားမပေးလိုက်ရသေးခင်မှာပဲ ရန်ရှုထန်က ရထားတွင်းသို့ ဝင်သွားခဲ့သည်။ ဖုယွမ်ကျုံးကတော့ ကဒ်အားတစ်ခြားတစ်ယောက်ကိုပဲ လက်လွှဲပေးလိုက်ပြီး ရန်ရှုထန်နှင့်တွေ့ရခြင်းမှရှောင်ရန် တစ်ခြားတံခါးပေါက်မှ ဝင်သွားနေပြီဖြစ်သည်။

ထိုအချိန်မှာပဲ ရှဲ့လင်ကရောက်လာကာ ဖုယွမ်ကျုံးအားတစ်ချက်ကြည့်လိုက်ပြီး ထိုတံခါးမှပင် ဝင်သွားလေတော့သည်။ ရှဲ့လင်ကတစ်ခြားတစ်တွဲပေါ်သို့ မတက်ချင်သည်ကိုမြင်လိုက်ရသည့်အတွက် ဖုယွမ်ကျုံးကလည်းတူတူဝင်ကာ ရန်ရှုထန်၏ဘေးသို့သွားလိုက်ပြီး ကဒ်ကိုပေးလိုက်တော့သည်။

"ဒီမှာ မင်းရထားကဒ်"

"ကျေးဇူး"

ရန်ရှုထန်က မျက်လွှာကိုချထားကာ ကဒ်ကိုပြန်ယူလိုက်သည်။ ကဒ်ကိုယူနေစဥ်တွင် ရန်ရှုထန်က ဖုယွမ်ကျုံး၏လက်ချောင်းများနှင့် မထိမိစေရန် ဂရုတစိုက်ယူနေ၏။ ဖြစ်နိုင်ချေရှိသည်ကတော့ သူကသူ့ပြိုင်ဘက်ကို ကျေးဇူးတင်ရတာနဲ့ ပတ်သက်ပြီးနေသားမကျဖြစ်နေသောကြောင့်ပင် ဖြစ်ရမည်။ ဖုယွမ်ကျုံးကလည်း သူ၏နားရွက်များက အနည်းငယ်နီလာနေသည်ကို တွေ့လိုက်ပါ၏။

ဖုယွမ်ကျုံးက ပြန်လည်တက်ကြွလာရသည်။ သူကရန်ရှုထန်ကို ခြေစခေါင်းဆုံးကြည့်လိုက်သည်။ သူက Omega ပဲဖြစ်မယ်မလား။ ဘာလို့ဒီလောက်တောင် ပိန်နေရတာလဲ?

ထိုဖြစ်နိုင်ချေကိုစဥ်းစားမိသောအခါ ဖုယွမ်ကျုံးက စိတ်ရောကိုယ်ပါသက်သာရာရသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာတော့သည်။

"မင်းကငါ့ကိုကျေးဇူးတင်တာ ဖြစ်ခဲတာပဲ"

"......."

ရန်ရှုထန်ကမျက်လုံးများကိုပင့်ကြည့်လိုက်သောအခါ ဖုယွမ်ကျုံးအား သူ၏ကျေးဇူးတင်ခြင်းကိုလက်ခံရခြင်းကို ‌ပျော်ရွှင်နေသကဲ့သို့ ရွှင်မြူးစွာကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူကအနည်းငယ်ကြောင်အသွားပြီး ကဒ်ကိုပိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လာကာ တိုးညှင်းစွာပြောလာသည်။

"ခုနက အတန်းထဲမှာမင်းပြောတာ....."

"ဟမ် ဘာကြီး?"

ဖုယွမ်ကျုံးက

"မင်းဘာပြောလိုက်တာလဲ ငါသေချာမကြားရဘူး"

ရန်ရှုထန်ကတိတ်ဆိတ်သွားပြီး ဖုယွမ်ကျုံးဘေးနားတွင် ရပ်နေသောရှဲ့လင်အား ကြည့်လိုက်ကာ ဖြည်းညှင်းစွာခေါင်းခါပြလာသည်။

"ဘာမှမဟုတ်တော့ဘူး"

ဖုယွမ်ကျုံးက ပြုံးနေဆဲနှင့်ပင် ကြည့်နေလိုက်သည်။ တကယ်တော့ ရန်ရှုထန်ပြောလိုက်သည့်စကားကို သူကြားပါလိုက်ပါပေမယ့် ပြန်မပြောချင်လို့ပင်။ ရန်ရှုထန်၏သူ့အား မေးချင်နေသော်လည်း ရှက်နေသည့်အဖြစ်ကို ကြည့်နေရသည်ကပျော်စရာကောင်းလှကာ ရန်ရှုထန်၏အတွေးများကိုသိချင်နေပါသော်လည်း မျက်နှာပိုးကတော့ မသတ်နိုင်သေးပေ။

"အတန်းဖော်လား?"

ရှဲ့လင်ကသူတို့စကားပြောနေသည်ကို ကြည့်နေပြီး ဖုယွမ်ကျုံးကိုမေးလိုက်သည်။

အခုနလေးကမှ ရှဲ့လင်ကသူ့အား ကျားရဲတောထဲသွားနေခြင်းမှ ရှောင်ခိုင်းနေသကဲ့သို့ ပိတ်ပင်လာသောကြောင့် ဖုယွမ်ကျုံးကအနည်းငယ်မပျော်မရွှင်ဖြစ်နေသော်လည်း သူတို့ကငယ်ရွယ်သေးသည့်အတွက် နေရခက်နေခြင်းကိုမဖြစ်စေချင်ပါပေ။ တစ်ဖက်သူကအရင်စကားပြောခြင်းမှာ တောင်းပန်လိုက်ခြင်းဟု ယူဆ၍လည်းရနိုင်ပါသည်။ ဖုယွမ်ကျုံးက ရှဲ့လင်၏မျက်နှာပေါ်က မပျော်မရွှင်ဖြစ်နေခြင်းကို မဖြစ်စေလိုတော့ပါ။ ရှဲ့လင်ကသူ့ကိုအရင်စကားလာပြောတယ်ဆိုကတည်းက ဒီအခြေအနေကို ပြေလျော့လိုက်ဖို့ လုံလောက်နေပါပြီ။

"သူကရန်ရှုထန်လေ ငါမင်းကိုအရင်ကပြောဖူးသားပဲ"

ဖုယွမ်ကျုံးကရှဲ့လင်အား မျက်စပစ်ပြလိုက်ပြီး မည်သည်မျှဆက်မပြောရန် ပြောလိုက်သည်။ သူကရန်ရှုထန်၏အကြောင်းကို ရှဲ့လင်နဲ့အရင်ကလည်း အခေါက်ပေါင်းများစွာပြောဖူးပေမယ့် ထူးထူးခြားခြားတော့မဟုတ်ပါချေ။

ရှဲ့လင်မှာ စကားများသူမဟုတ်သဖြင့် မည်သည်မျှဆက်မပြောတော့ဘဲ ရန်ရှုထန်အား ခေါင်းတစ်ချက်ပဲငြိမ့်ပြလိုက်လေ၏။

ရန်ရှုထန်ကလည်း ရှဲ့လင်ကိုနှုတ်ဆက်လိုက်သည်။ သူ ရှဲ့လင်ကိုသိပါသည်။ ကျောင်းသားသမဂ္ဂဥက္ကဌအနေဖြင့် အလံတင်အခမ်းအနားမှာတုန်းက ရှဲ့လင်ကမိန့်ခွန်းတက်ပြောဖူးသည်လေ။ ကျောင်းကိစ္စရေးရာများကို ဂရုမစိုက်သည့်သူပင်လျှင် ရှဲ့လင်ကိုတော့သိကြပါသည်။

တကယ်တော့ ရန်ရှုထန်သည်လည်း အရင်အလယ်တန်းကျောင်းတုန်းက အတော်အတန်နာမည်ကြီးပင်ဖြစ်ပါသည်။ အတန်းထဲတွင် ပထမအဆင့်ချိတ်သူဖြစ်ပြီး ရှားရှားပါးပါးအတန်းခုန်ကျော်တက်နိုင်သူဖြစ်ပေမယ့်လည်း သူကလူမသိသူမသိသာနေသည်။ ထို့ကြောင့် လူအများစုက သူ့အားနာမည်နှင့်လူမတွဲမိကြခြင်းပင်။

ရထားတံခါးကပိတ်လိုက်ပြီး နောက်ဘူတာကိုသွားနေပေပြီ။ ရထားအတွင်းလူသိပ်မများသော်လည်း ထိုင်စရာနေရာတော့ မရှိပါ။ ကျောင်းကနေအိမ်ကို ရထားဖြင့်ပြန်လျှင် အကွာအဝေးကဝေးလှပြီး တစ်နာရီခွဲလောက်အထိ ကြာပေ၏။

ခဏလောက်ကြာသောအခါ ဖုယွမ်ကျုံးတစ်ယောက် အိပ်ငိုက်လာပေတော့သည်။ ရထားစီးစီးခြင်းပင် အဘယ်ကြောင့်အိပ်ငိုက်လာခြင်းကိုသူမသိသော်လည်း ဒီတိုင်းတော့မနေနိုင်တော့ပါ။ ချက်ချင်းပင်ရှဲ့လင်၏လက်မောင်းထက် မှီရန်ပြင်လိုက်ပြီး


"ငါအိပ်ငိုက်နေပြီ မင်းလက်မောင်းလေးခဏလောက်ငှား"

"မအိပ်နဲ့လေ မင်းလဲကျသွားလိမ့်မယ်"

ရှဲ့လင်က သူအိပ်မည်ပြင်သည်ကိုတားရန် သူ့လက်များကိုဆန့်တန်းလိုက်သည်။ ဖုယွမ်ကျုံးကအလွန်အမင်းအိပ်ချင်နေပြီဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းပင် အားလုံးကိုမေ့သွားတော့သည်။ ရှဲ့လင်ကသူ့အလေးချိန်အား ခံနိုင်ရည်ရှိသည်ကို သိသောကြောင့် ရေရွတ်လိုက်သည်။

"မကျပါဘူး မင်းရှိနေတာပဲကို၊ မင်းကငါ့ကိုလဲကျအောင်ပစ်ထားမလို့လား?"

"....."

သူ့အားတားရန်ပြင်နေသည့်လက်များက ရုတ်ချည်းအားဆုတ်ယုတ်သွားကာ အိပ်ပျော်နေသည့်အခြေအနေတွင် သူ့ခါးကိုနူးညံ့စွာထိန်းကိုင်ထားပေးသော လက်တစ်စုံအား ဖုယွမ်ကျုံးအားခံစားမိနေသည်။

သူကရှဲ့လင်အပေါ် မှီလျောင်းနေကာ စိတ်သက်သာရာရစေသည့် ဝိုင်နီနံ့ကိုအသက်ရှူလိုက်တိုင်း ရနေတော့သည်။ ခဏအကြာမှာပဲ သူအိပ်မောကျလုခါနီးနီး ရုတ်တရက်တစ်စုံတစ်ယောက်က စကားပြောလိုက်သည်ကို ကြားလိုက်ရသည်။

"ဒီမှာခုံရှိတယ်"

ဖုယွမ်ကျုံးအား အိပ်မောကျခါနီးဖြစ်နေပြီး ကြည်လင်နေသည့်အသံက သူ့နားထဲဝင်ရောက်လာသလိုခံစားလိုက်ရကာ တစ်ခဏမျှအကြာတွင် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူကရှဲ့လင်၏လက်မောင်းအပေါ်မှာ ထလိုက်ပြီး ခေါင်းကိုလှည့်လိုက်ကာ မှုံရီဝေတဝါးမျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။ ရန်ရှုထန်၏မျက်နှာက မြင်ကွင်းထဲတွင်ပေါ်လာပြီး ဖြူဖျော့နေပုံပေါက်ကာ မပျော်မရွှင်မျက်နှာဖြင့် ဖုယွမ်ကျုံးအားကြည့်နေလေသည်။

သို့သော်လည်း ဖုယွမ်ကျုံးက ရန်ရှုထန်၏အေးစက်စက်မျက်နှာကို နေသားကျနေပြီး သူအိပ်ချင်နေသောကြောင့် မည်သည်ကိုမျှ မစဥ်းစားနိုင်တော့ပါချေ။ သူက ခုံအလွတ်ဆီသို့လျှောက်သွားလိုက်ကာ ထိုင်ချလိုက်ပြီးအိပ်နေလိုက်တော့သည်။

ဤဘူတာမှာ ရထားပြောင်းသည့်ဘူတာဖြစ်သောကြောင့် လူတော်တော်များများဆင်းသွားကြကာ ခုံများကလွတ်သွားလေသည်။ တစ်စုံတစ်ယောက်က သူ့ဘေးနားတွင်ထိုင်လိုက်သည်ကို ဖုယွမ်ကျုံးခံစားလိုက်မိသည်။ သူကရှဲ့လင်ဟုထင်လိုက်သောကြောင့် မျက်လုံးများအားမှိတ်လိုက်ကာ လှဲချလိုက်တော့သည်။ တစ်ဖက်လူ၏ကိုယ်ပေါ်အား စောင်းလိုက်ကာ ပေါင်ပေါ်သို့ခေါင်းအုံးပစ်လိုက်၏။

ပူနွေးနေသော ကိုယ်အပူချိန်က ကျောင်းယူနီဖောင်း၏အသားများမှတစ်ဆင့် ခံစားမိနေကာ မိုးရွာပြီးခါစ မြေသင်းနံ့လို မွှေးပျံ့နေသောရနံ့လေးကို ဖုယွမ်ကျုံးရှူရှိုက်နေမိသည်။ လန်းဆန်းပြီးသင်းပျံ့နေတယ်၊ အသက်ရှူလိုက်တိုင်း ပေါ့ပါးသွားသလိုခံစားနေရတယ်။

ဒါက pheromone အနံ့မဟုတ်ဘူးလား? ဒါပေမဲ့ ဒါကရှဲ့လင်ရဲ့ ဝိုင်နီအနံ့မှ မဟုတ်ဘဲ....။

ခဏအကြာတွင် ဖုယွမ်ကျုံးတစ်‌ယောက် တစ်ခုခုမှားနေကြောင်းနားလည်သွားကာ ရုတ်တရက်မျက်လုံးဖွင့်ကြည့်လိုက်သောအခါတွင် ရန်ရှုထန်၏မျက်နှာကို မြင်လိုက်ရတော့သည်။

ရန်ရှုထန်က သူ့အားငုံ့ကြည့်နေကာ နဂိုတည်ကြည်နေသောအမူအရာအား မထိန်းထားနိုင်ပါပေ။ ဒီတစ်ခေါက်မှာတော့ သူ့နားရွက်များတင် နီနေသည်မဟုတ်ဘဲ မျက်နှာကပါ ရှက်သွေးဖြာသကဲ့သို့ဖြစ်နေပေသည်။ ဖုယွမ်ကျုံး၏မျက်လုံးများပွင့်လာကာ သူ့ကိုကြည့်နေသည့်အခါတွင်တော့ ရန်ရှုထန်ကအကြည့်လွှဲသွားပြီး တစ်ဖက်သို့လှည့်ကာ သူ့မျက်နှာတစ်ခြမ်းအား ကာထားလေသည်။

မိုးရွာပြီးခါ မြေသင်းနံ့ကတဖြည်းဖြည်း ပိုလွင့်ပျံ့လာကာ ဖုယွမ်ကျုံးတစ်ယောက် ပိုမူးဝေလာပြီး သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့သဖြင့် မျက်လုံးအား ဖြည်းဖြည်းချင်းဖွင့်ကြည့်နေရသည်။

မဟုတ်သေးပါဘူး....ရန်ရှုထန်က Alpha လား?

ဖုယွမ်ကျုံးမယုံချင်သော်လည်း pheromone ကတော့ မလှည့်ဖြားနိုင်ပါပေ။

Alpha နှင့် Omega တို့၏ pheromone များက သိသိသာသာကို ကွာခြားလှပါသည်။ ဒီရက်တွေအတွင်း ABO အကြောင်းကဖတ်ပြီးသည့်နောက် ကွာခြားချက်ကို ဖုယွမ်ကျုံးပြောနိုင်လာပြီပင်ဖြစ်သည်။ အရိုးရှင်းဆုံးနှင့် အရိုင်းအဆန်ဆုံးနည်းလမ်းကတော့ မူးဝေစေနိုင်သည့် pheromone က Alpha ဖြစ်ပြီး အသိစိတ်မကပ်နိုင်သည်က Omega ပေ။

ရန်ရှုထန်က Alpha ပေါ့၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....သူကအမြဲတမ်း ရှက်ကြောက်နေတာ။ ဘယ်နားက Alpha နဲ့တူနေလို့လဲ!!!

ဖုယွမ်ကျုံး၏နှလုံးသားက ကွဲကြေသွားရပြီး သူကရန်ရှုထန်၏ပေါင်ပေါ်တွင် လှဲနေခြင်းဖြစ်ကြောင်းကိုပါ မေ့သွားလေသည်။ ရုတ်တရက်တစ်စုံတစ်ယောက်က သူ့ခါးအားဆွဲမကာ ထိုင်ခိုင်းလိုက်သည်။ ရှဲ့လင်ပင်ဖြစ်ပါ၏။

ရန်ရှုထန်က Alpha ဖြစ်နေခြင်းကို အံ့သြထိတ်လန့်ကာ တွေးတောနစ်မြုပ်နေစဥ်တွင် ရှဲ့လင်ဆီမှ ထူမခံလိုက်ရသောကြောင့် အခုလေးတင် သူကရန်ရှုထန်ရဲ့ကိုယ်ပေါ်ကို ပစ်လှဲလိုက်ခြင်းဖြစ်ကြောင်း ဖြည်းဖြည်းချင်းနားလည်လာတော့သည်။

ဒါပေမဲ့ ဒါကသူ့ကိုအပြစ်တင်ရမှာပဲ....ဒီမှာဒီလောက်ခုံအလွတ်တွေအများကြီးကို။ ဘယ်သူက ရန်ရှုထန်သူ့ဘေးနား လာထိုင်လိမ့်မယ်လို့ထင်မှာလဲ။ သူသာဆိုရင် ဝေးဝေးသွားထိုင်နေလိုက်မှာလေ...ဒါဆိုလူမှားစရာလည်းမလိုတော့ဘူး။

"‌ဆောရီး...."

သူကရန်ရှုထန်ကို တောင်းပန်လိုက်သည်။ သူ့အတွက်တော့ ပြိုင်ဘက်ကိုတောင်းပန်ရတာလောက် ဝမ်းနည်းဖို့ကောင်းတာမရှိတော့ဘူး။ ရန်ရှုထန် Omega လည်းမဟုတ်၊ Beta တောင်မဟုတ်ဘဲ Alpha စစ်စစ်ကြီး ဖြစ်နေသေးတယ်။

ဖုယွမ်ကျုံးက အတော်လေးစိတ်ဓာတ်ကျသွားသောကြောင့် ထိုင်ပြီးနောက်တွင် ရှဲ့လင်၏သိပ်သည်းနေသော အမူအရာကိုအာရုံမစိုက်မိတော့ပါချေ။

ရန်ရှုထန်၏မျက်နှာပေါ်မှ နီရဲနေမှုက ဖြည်းဖြည်းချင်းလျော့ကာ ဖုယွမ်ကျုံးအား ရှုပ်ထွေးနေသောအမူအရာဖြင့် ကြည့်လိုက်သော်လည်း မည်သည်မျှမပြောတော့ဘဲ ခေါင်းကိုခါပြပြီး ပြန်ဖြေလိုက်လေသည်။

"ရပါတယ်"

ထိုနောက် သူတို့သုံးယောက်လုံးမှာ ငြိမ်ချက်သားကောင်းနေတော့သည်။ မှတ်တိုင်အနည်းငယ်ဖြတ်သန်းပြီးနောက် ရန်ရှုထန်ကဆင်းရတော့မည်ပင်ဖြစ်သည်။ သူကထရပ်လိုက်ကာ ဖုယွမ်ကျုံးအား ကြည့်လျက် ပြောလာသည်။

"ငါသွားပြီ"

"..ဟမ်...?"

တစ်ခဏအကြာတွင် ဖုယွမ်ကျုံးကပြန်အိပ်ပျော်သွားကာ တဖြည်းဖြည်းခေါင်းငိုက်စိုက်နေခြင်းပင်။ ယခုအခါတွင်တော့ သူတကယ်ရန်ရှုထန်ပြောလိုက်အား မကြားလိုက်ပါ။ သူမော့ကြည့်လိုက်သောအခါ သူ့မျက်လုံးများကဗလာဖြစ်နေလေသည်။

ရန်ရှုထန်က မည်သည်မျှမပြောဘဲ တစ်ခဏရပ်နေပေသည်။ ရထားတံခါးကပိတ်တော့မည်ဖြစ်ကြောင်းကို သတိပေးသောအသံထွက်ပေါ်လာနေ၏။ သူကလှည့်သွားကာ ရထားအပြင်ကိုထွက်သွားလိုက်သည်။ ပလက်ဖောင်းပေါ်တွင်ရပ်နေလိုက်ပြီး ရုတ်တရက်ရထားအတွင်းမှ ဖုယွမ်ကျုံးဘက်ပြန်လှည့်ကာ ရှင်းလင်းသောအသံဖြင့် ပြောလာလေသည်။

"ငါသွားပြီလို့"

အသံတစ်ချက်ကြားလိုက်ပြီးနောက် ရထားကပိတ်သွားလေပြီ။

ဖုယွမ်ကျုံးတစ်ယောက် မယုံနိုင်သောအမူအရာဖြစ်နေ၏။

သေလိုက်ပါတော့...ရန်ရှုထန်ကသူ့ကိုနှုတ်ဆက်သွားတာလား? သူ့ရထားကဒ်ကို ငါကပြန်ပေးလိုက်လို့ ကြင်ကြင်နာနာဆက်ဆံပေးနေတာလား? သေစမ်း...ငါဒါကိုနေသားမကျသေးဘူးလေ....

ပျော်သည်မပျော်သည်ထက် မယုံနိုင်သောခံစားချက်ကို ဖုယွမ်ကျုံးခံစားနေလေသည်။ ရုတ်တရက် သူ့ဖုန်းကအကြိမ်အနည်းငယ်တုန်ခါသွားကာ တစ်စုံတစ်ယောက်ကသူ့ကိုမက်ဆေ့လိုက်ခြင်းပင်။ သူကစာပြန်ပြီးနောက်တွင်တော့ သတိပေးချက်တစ်ခုထပ်ပေါ်လာလေသည်။ ဒါက friend request ပဲ။ ဒီလူက အတန်း ထဲကလူပဲ....ရေးထားတဲ့နာမည်က......

"ရန်ရှုထန်.....ရန်ရှုထန်?"

ဖုယွမ်ကျုံးတစ်ယောက်မျက်လုံးများ ပြူးကျယ်လာကာ သတိလက်လွတ်အသံပါပြုမိသွားတော့သည်။ ရန်ရှုထန်က သူ့ကို သူငယ်ချင်းအနေနဲ့ လာaddလိုက်တယ်ပေါ့...မဖြစ်နိုင်လိုက်တာ။ ဒါကသူ့ကို Alpha ဖြစ်နေတယ်ဆိုတာထက်ပင် အံ့သြသွားစေမိ၏။

မဟုတ်သေးဘူး...ဒီအကြောင်းကိုတွေးလိုက်တာနဲ့ သူစိတ်တိုလာပြီ။ ဒါကိုသူလက်ခံမှာမဟုတ်ဘူး။ ရန်ရှုထန်ကသာ Omega ဆိုရင် သူစဥ်းစားပေးဦးမှာ။ ဒါကသူ့ကိုစဖို့ ပိုတောင်နီးစပ်လာဦးမယ်။ Alpha တစ်ယောက်ကို လက်ခံလိုက်တာကတော့ သူကရန်ရှုထန်ကို စောင့်နေသလိုဖြစ်သွားမှာပေါ့။ သူ့ကိုပြန်သရော်တာကိုစောင့်နေရမှာလား?

သူကစာကိုဖျက်မလို့လုပ်လိုက်ချိန်တွင် ရုတ်တရက် တစ်ခြားလက်တစ်ခုက သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်လာခဲ့သည်။ လက်ကအားသိပ်မပြင်းသော်လည်း သူ့မှာခုခံနိုင်စွမ်းမရှိသဖြင့် ဖုန်းထဲကမက်ဆေ့များအား ထိုလူအားပေးကြည့်လိုက်ရလေသည်။

သူ့လက်ကိုလာကိုင်နိုင်တဲ့ တစ်ယောက်တည်းသောသူကတော့ ရှဲ့လင်ပင်။ ဖုယွမ်ကျုံးက သူ့အားကြည့်ရန် ခေါင်းကိုမော့လိုက်သောအခါ ရုတ်တရက်နှလုံးကခုန်ပေါက်ထွက်တော့မလိုပင်ဖြစ်သွားရသည်။ ရှဲ့လင်၏အမူအရာကအေးစက်နေကာ သူ့မျက်ဝန်းများက မဲမှောင်နေပြီး မပျော်မရွှင်သောမျက်နှာထားဖြစ်နေသည်။ သူ့ကိုဘာကဒီလိုဖြစ်သွားစေတာလဲ?

"တော်သေး...."

သူကစကားပြောရန်ကြံလိုက်သော်လည်း ရှဲ့လင်ကသူ့ပုခုံးများအား လာဖက်လိုက်ကာ သူ့လက်မောင်းသို့ ဆွဲလိုက်လိုက်လေ၏။

ရှဲ့လင်က သူ့ရဲ့အားနည်းနေသောရုန်းကန်မှုကို လျစ်လျူရှုကာ သူ့ကျောပေါ်တွင် လက်များအားတင်ထားလေသည်။

"မင်းအိပ်ချင်နေတာမဟုတ်ဘူးလား? အိပ်တော့လေ"

"မင်းဘယ်လိုလုပ်ငါ့ကိုဒီလိုပုံနဲ့ အိပ်ခိုင်းနေရတာလဲ?"

တစ်ခြားခရီးသည်များက သူတို့အားမသိမသာကြည့်နေသည်ကို သတိထားမိသောအခါ ဖုယွမ်ကျုံးအနည်းငယ် ရှက်သွားရသည်။

"ငါဒီတိုင်းမှီရုံလေးပဲ မှီနေမယ်"

ရှဲ့လင်က လုံးဝလှုပ်မလာပါချေ။

"မင်းကတစ်ခြားတစ်ယောက်လက်ပေါ် ဒီလိုသွားအိပ်မလို့လား?"

"ဘယ်လိုလုပ်အိပ်ရမှာလဲကွ"

ဖုယွမ်ကျုံးကရေရွတ်လိုက်သည်။ သူ့မှာလည်းမျက်နှာရှိသေးတယ်လေ၊ တစ်ခြားသူတွေကိုတော့ ရှက်သေးတာပေါ့။ သူ့မိဘတွေကလွဲလို့ သူကရှဲ့လင်အရှေ့မှာဆို အရမ်းပွင့်လင်းခဲ့တာ၊ ယွမ်ယဲ့ကိုတောင် ဒီလိုရှက်ခဲ့တာမဟုတ်ဘူး။

"ဒါဆို မင်းနားလည်သွားပြီပေါ့?"

ရှဲ့လင်ကပြောသည်။

"ဘာကြီး?"

သူဘာတွေပြောနေသလဲ ဖုယွမ်ကျုံးတကယ်နားမလည်ပါ။

ရှဲ့လင်က ဖြည်းညှင်းစွာပြောလာသည်။

"ငါမင်းကို Alpha တွေနဲ့ နီးနီးကပ်ကပ်မနေဖို့ပြောသားပဲ။ မင်းက ငါကလည်း Alpha ပဲ ငါနဲ့ရော နီးနီးကပ်ကပ်နေတာ မလျှော့သင့်ဘူးလားလို့ မေးတယ်မလား"

"ဒါကိုငါပြန်ဖြေမယ် ဟုတ်တယ် မင်းငါနဲ့လည်းဒီလိုနေစရာမလိုဘူး"

သူကခေါင်းကိုငုံ့လိုက်ကာ ညအမှောင်လား မဲမိုက်နေသောမျက်လုံးများဖြင့် ဖုယွမ်ကျုံး၏မျက်နှာကို စိုက်ကြည့်လာသည်။

"ငါမင်းကိုဂရုမစိုက်တာသဘောမကျဘူးဆိုရင်  မင်းငါ့ကိုလွှတ်ထားလိုက်၊ ငါနဲ့မပေါင်းနဲ့တော့ ဒီတိုင်းသာမန်သူငယ်ချင်းလိုပဲ ဆက်ဆံလိုက်"

"ဖုယွမ်ကျုံး မင်းဒီလိုလုပ်ချင်လား?"

OMEGA တစ်ယောက်အဖြစ်ပြန်လည်မွေးဖွားပြီးနောက် လူတိုင်းကငါ့နဲ့လက်ထပ်ချင်နေကြတယ်!Where stories live. Discover now