အခန်း (၆) ရှရီဟုမ်း (After Arc-4)

2.6K 421 25
                                    

ကားအတွင်းမှခြေတံရှည်ရှည်နှင့် ပြောင်လက်တောက်ပသောရှူးဖိနပ်တစ်စုံက အရင်ထွက်လာခြင်း နှင့်အတူ Devon ဟာ ကားအတွင်းမှဆင်းလာလေသည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုလည်း ချိတ်ဆွဲထားလေသည်။ မျက်နှာထက်တွင် သေချာစွာအကဲခတ်ကြည့်ပါက ထိုအရာကိုအပြုံးဟု မဆိုလိုနိုင်မှန်းသိသာလှ၏။ အံကြိတ်ထားသော ငြို့မှိုင်းနေသော ကျိတ်ပြုံးဟု ဆိုက မှန်လေစွ။

ရှရီမှာ Devon ၏ အဆိုပါ အပြုံးမမည်သော အမူအယာနှင့် ထက်ရှစူးလက်နေသော မျက်ဝန်းများဖြင့် အကြည့်ခံရမှုတွင် ရင်တစ်ထိတ်ထိတ်ပင်ဖြစ်သွားရသေည်။ ထိုအပြုံးကြီးသည်ကား ခိုးထုတ်ခိုးထည်နှင့် အမိ ခံရသူလို သူမကို မသက်မသာခံစားရစေသည်။

Devon ဟာ ရှရီနံဘေးသို့ ရပ်လိုက်ရင်း သူမကိုခပ်စူးစူးကြည့်လျက်...

" ဒီနေ့ အရမ်းလှလို့ပါလား.. မင်းတို့ သွားချင်တဲ့နေရာကို ကိုယ်လိုက်ပို့ပေးမယ်လေ..."

" ဟာ မစ္စတာ Goori ! တိုက်ဆိုင်တာပဲ ..! ခုလိုဆုံပြီး ကူညီဖို့ကမ်းလှမ်းတာက ကျေးဇူးတင်ပေမဲ့လည်း မလိုတော့ပါဘူး.. ကျွန်တော်တို့အတွက် လူခေါ်ထားပြီးပါပြီ"

Eric ဟာ ဖော်ရွေသည့် လုပ်ငန်းရှင်တစ်ဦးအသွင်ဖြင့် တက်တက်ကြွကြွဝင်ဖြေရင်း ရှရီရှိရာအခြမ်းဘက်သို့ လျှောက်လာလေသည်။ ထို့နောက်သူ၏ လက်တစ်ဖက်က လျင်လျင်မြန်မြန်ပင် ရှရီ၏ ခါးသွယ်သွယ်အား လှမ်းဖက်၍ သူ့ဘက်သို့ ဆွဲယူလိုက်လေသည်။ အချုပ်အားဖြင့် ရလဒ်မှာကား ရှရီ၏ ခေါင်းထက်၌ "What ?" သင်္ကေတပေါ်သွားကာ Devon ၏ မျက်လုံးများကတော့ မီးဝင်းဝင်းတောက်သွားခြင်းပင်။

ရုတ်တရက် အဖြစ်အပျက်ကြောင့် ရှရီမှာလည်းအတန်ငယ်လန့်သွားပြီး Eric ကို "ဘာလဲ.." ဆိုသည့် အကြည့် ဖြင့်ကြည့်မိသွား၏။

Eric ၏ ပိုင်စိုးပိုင်နင်းအပြုအမူမှာ ရှရီဟာ သူ့ပိုင်ဆိုင်သူအဖြင့်ဖော်ပြလိုခြင်းမှာ အထင်းသားပေါ်နေခဲ့၏။ စက္ကန့်ပိုင်းမျှပင် Devon ထံမှ ပေါ်တင်တိုက်ခိုက်သံက မကျေမလည်ထွက်ပေါ်လာလေသည်။

" မစ္စတာ Copper ! ခင်ဗျားပိုင်တဲ့အရာမဟုတ်တဲ့အပေါ်မှာ လက်တောင်မရွယ်သင့်ဘူးဗျ၊ ခင်ဗျားလက်ကို မစ်ရှရီပေါ်က အခုဖယ်လိုက်တာကောင်းမယ်"

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now