အခန်း (၁) ရှီကျင်းနွမ်

26.8K 1.4K 50
                                    

့ရှရီမျက်လုံးတွေ ဖွင့်လိုက်သည့်ခန....

" အွင့် ...ဖလူး ..ဖလူး..! "

သူမချက်ချင်း ပါးစပ်တွေကို တန်းပိတ်လိုက်ရ၏။ အေးစက်နေသည့် ရေတွေက သူမ၏ ခံတွင်းထဲ အလုအယက်ဝင်လာကြ၏။ Sheri အသက်ကို ကမန်းကတမ်း လုရှုလိုက်မိသည်။ လာခြင်းက အလွန်အင်မတန် ကောင်းပုံရလေသည်။ ယခု ကမ္ဘာကူးပြောင်းပြောင်းချင်းမှာပဲ ရှရီမှာ အေးစက်နေသည့် မြစ်ရေတွေထဲရောက်နေခဲ့သည်။

သူမကိုယ်လေးက အလွန်နုနယ် ချိနဲ့လျက် အားနည်းနေတာကို သတိပြုမိလိုက်သည်။ သို့သော်လည်း သူမဟာ ရှိသမျှအင်အားလေးဖြင့် ရုန်းကန်ကာ ရေပေါ်သို့ပြန်လည် ကူးခတ်တက် လိုက်မိသည်။ သူမရဲ့ ရိုးရှင်းတဲ့အတွေးက 'လာလာချင်းတော့ သေလို့ မဖြစ်ဘူးလေ '...။

Sheri ကြိုးစားကူးခတ်ပြီး ရေမျက်နှာပြင်ပေါ် ခေါင်းဖော်ဖို့ ရုန်းကန်လိုက်သော်ငြား ကံဆိုးမှုက အဖော်အပေါင်းတွေလဲ ခေါ်လာတတ်ပုံပါပဲ။ သူမရဲ့ ခြေထောက်တစ်ဖက်က ရေကြမ်းပြင်မှ ရေမှော်ပေါင်းပင်တွေနှင့် ရစ်ပတ်နေခဲ့သည်မို့ အခြေအနေက ယက်ကန်ယက်ကန် အနေအထား။ သူမအသက်တစ်ရှိုက်စာလောက် ရှုချင်မိသည်။ သို့သော် ကံဆိုးစွာပဲ ရောက်ရောက်ချင်း အဆုတ်ထဲသို့ ရှုသွင်းလိုက်တဲ့လေဟာ သူမရှုနိုင်သည့် နောက်ဆုံးအောက်စီဂျင် ဖြစ်နေခဲ့တာပင်။

Sheri လှုပ်ရှားရင်း ၊ တွယ်ငြိနေတဲ့ နွယ်ပင်တွေကိုကန်ရင်း၊ အနေအထားမှာပဲ ရုတ်တရက်ဆိုသလို အမျိုးသားတစ်ယောက်ပေါ်လာပြီး သူမကိုခါးမှ ဖက်ဆွဲလျက် ခေါ်ယူသွားလေသည်။ ထိုလူက သူမကိုကမ်းရှိရာ ဖမ်းကိုင်ဆွဲခေါ်လာခဲ့၏။ အဆုံးမှာတော့ ရှရီ၏အဆုတ်ထဲသို့ လေတွေတစ်ဝကြီး အလုံးအရင်းရှုသွင်းရလေပြီ။

" မင်း...အဆင်ပြေရဲ့လား..? "

နက်ရှိုင်းတဲ့ လေသံခပ်ဖွဖွနဲ့ သူမ၏ကယ်တင်ရှင်ဆီမှ မေးလာသံကြားရသည်။ ရှရီမှာ ထိုလူ့လက်မောင်းကို ကိုင်ဆွဲထားရင်း အသက်ရှုဖို့၊ သီးနေတဲ့ရေတွေထုတ်ဖို့ ကြိုးစားနေရ၏။

ရေနစ်ပြီးကုန်းပေါ်ရောက်ရောက်ချင်း လူတစ်ယောက်ကို အဆင်ပြေလားမေးရင် အဲ့ဒီမေးခွန်းကို ရေမွန်းလာတဲ့လူက'ဟုတ်ကဲ့ ၊ ကျနော်/ ကျမ အဆင်ပြေပါတယ်လို့ ' တန်းပြီး ဖြေနိုင်မယ်ထင်ပါသလား..? ! ၊ ရှရီခမျာမှာ သေရေးရှင်ရေးရုန်းကန်လျက်၊ System ကိုလည်း သတိမရနိုင်။ အဆုတ်ထဲက လေတွေနဲ့ အသက်လုရှုနေရင်း ထိုလူ၏အမေးကို ပြန်မဖြေနိုင်ပါချေ။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now