အခန်း (၁၄) ရှီကျင်းနွမ်

8.8K 1.2K 38
                                    

" မင်း အဆင်ပြေရဲ့လား..? "

Ru Shan ၏ ပိုပိုကဲကဲ သူမကိုအလေးဂရုပြုမှုက နည်းနည်းသာမာန်ထက်ပိုလွန်တယ်လို့ ရှရီထင်မိသည်။' နေပါဦး... သူတို့နှစ်ယောက် ငါ မိန်းကလေးဆိုတာများ သိနေကြသလား..' Sheri ရုတ်တရက် တွေးမိလာသည်။ ဒါက သိသာလွန်းနေပြီ။

ရှရီ၏ မျက်ခုံးအစုံဟာ အပေါ်ဘက်မသိမသာ တွန့်မိသွားလေသည်။ လွဲနေပြီ...တစ်ခုခုတော့..

Lou Xi က သူမကို ဂရုစိုက်သလို Ru Shan ကလည်း အလားတူဂရုစိုက်တယ်၊ သူတို့ရဲ့ ဂရုစိုက်ပေးပုံတွေက ဆင်တူနေတယ်။ ဘယ်လိုလုပ် ဒါက ယောင်္ကျားလေးတွေအချင်းချင်း ဂရုစိုက်ပေးသလိုနဲ့ တူမှာလဲ...၊ ဒါကတော့ သိသိသာသာကိုကွဲပြားနေခဲ့ပြီလေ..။

ရှရီဟာ Ru Shan ကို ဘာမှပြန်မဖြေခဲ့ချေ။ ဖြေဖို့လည်းမလိုပေ။

Lou Xi ကတော့ သူ့အရှေ့ ကအခြေအနေအားလုံးကို ရိပ်မိလိုက်၏။ သူက ခေါင်းကိုခပ်လေးလေးတစ်ချက်ရမ်းလိုက်ပြီး...Ru Shan ၏ ပုခုံးကိုတစ်ချက်ပုတ်လိုက်ကာ...

"သူ (ကျင်း) ကို အရင် ​ပြောပါစေဦး ..!"

သူ့အသံက ညင်ညင်သာသာ..

Ru Shan ဟာ မသက်မသာခံစားချက် တစ်မျိုးဝင်လာရသည်။ သူက ရှီကျင်းနှင့် ပိုမိုရင်းနှီးပြီး နီးစပ်လိုခဲ့သည်။ သူ၏အရှေ့တွင် ကုန်လွန်ခဲ့သော နှစ်များ၌ Lou Xi ဟာ ရှီကျင်းအနားမရှိသည်ကို အခွင့်အရေးအဖြစ်သုံးလျက် တတ်နိုင်သမျှနီးကပ်ရန် လုပ်ခဲ့လေသည်။ သို့တိုင် သူမည်မျှ အားထုတ်စေကာမူ ရှီကျင်းဟာ သူ့အစ်ကိုတော်နှင့်သာ ပိုမိုနီးကပ်နေဆဲပင်။

Lou Xi ဟာ သူ၏ညီ​တော် Ru Shan ကိုနားလည်စွာဖြင့် ပုခုံးကို ခပ်ဖွဖွပုတ်ပေးလိုက်၏။

Ru Shan က အရိုအသေပေးကာ ဖမ်းဆီးရရှိသည့် လုပ်ကြံသူတွေနှင့် ကျဆုံးအလောင်းတွေဆီ စစ်ဆေးရန်ထွက်ခွာ သွားခဲ့သည်။

နေရာတွင် သူတို့နှစ်ယောက်သာ ကျန်တော့မှ ရှရီက...

" ဘယ်လောက်ကြာပြီလဲ..? "

Sheri က မေးခွန်းထုတ်လိုက်သည်။

" ဟူး... ငယ်တုန်းကတည်းကပဲ..၊ မင်းမှတ်မိမလား မသိဘူး.. ငါမင်းရဲ့ရင်ဘတ်ကို ထိမိချိန်က..ငါ့အသက်က ငယ်နေသေးတာဆိုပေမဲ့ ငါတို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားမှုကိုတော့ ငါသိနေခဲ့တယ်။ သေချာအောင် ငါမင်းကိုလေ့လာစောင့်ကြည့်ပြီးတဲ့နောက် မင်းက မိန်းကလေးဆိုတဲ့ အမှန်တရားကို ငါသိခဲ့တယ်။ အဲ့ဒီနောက်တော့ မင်းအဖေနဲ့လျို့ဝှက်တွေ့ခဲ့ပြီး သူ့ဆီက အတည်ပြုချက် ငါရခဲ့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ငါ့ညီတော်က ငါ့ဆီအလာမှာ ငါနဲ့မင်းအဖေပြောနေတာကို ကြားပြီးသူလည်း သိသွားခဲ့တယ်.."

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now