အခန်း (၂၁) ရှီကျင်းနွမ်

8K 1.1K 22
                                    

" အင်း.. ကိုယ့်မှာ အစီအစဉ်ရှိတယ်၊ မင်းထွက်ပြေးသွားတော့ ကိုယ်သူ့ကိုအသေဖမ်းဖို့ လုပ်သေးတယ်၊ ဒါပေမဲ့ သူမ လွတ်သွားတယ်၊ အိမ်နီးချင်းတိုင်းပြည်က မင်းသားက သူမကို ကိုယ့်လက်ကကယ်သွားခဲ့လို့ လွတ်သွားတာ။ ကိုယ့်တွက်ကိန်းမမှားရင် သူမရဲ့ ကျူးကျော်လာမယ့်အစီအစဉ်က ဒီလထဲမှာပဲ စလိမ့်မယ်။ ကိုယ်တို့ဘက်မှာ မဟာမိတ် ၃ နိုင်ငံတော့ရှိတယ်။ ကံကောင်းတာက ကိုယ်တို့နန်းတော်က တောင်ဘက်ပင်လယ်ဘက်မှာ ရှိနေတာက အားသာချက်တစ်ခုပဲ..."

Lou Xi ရှင်းပြလိုက်သည်။

Sheri တစ်စိမ့်စိမ့်တွေးကြည့်မိသည်။ Azure နိုင်ငံဟာ အခြားနိုင်ငံများနှင့်မတူပေ။ စစ်တပ်ဖွဲ့စည်းပုံက စနစ်ကျပြီး အိမ်နီးချင်းတိုင်းပြည်အားလုံးတွင် အခိုင်မာဆုံး၊ အကောင်းဆုံးဆိုသည့် စစ်သည်တွေရှိသည့်နိုင်ငံဖြစ်သည်။ တစ်နည်း တစ်နိုင်ငံချင်း one by one ယှဉ်လျှင် အသာလေးရှိသည့်အနေအထား။

သို့တိုင် ယခုအကြိမ်က မတူညီတော့။ စစ်ပွဲတွင် ဇာတ်လိုက်မ ပါဝင်လာခဲ့ပြီ။

" နွမ်..!"

Sheri ၏ အတွေးတွေကို သူမ၏ နောက်ကျောဘက်မှ ခပ်နက်နက်ခေါ်သံက နိုးကြားစေခဲ့သည်။ ရှရီအနောက်သို့ လှည့်ကြည့်လိုက်တော့ သူမ၏ ဖခင်ကိုတွေ့လိုက်ရသည်။

"အဖေ.."

Sheri က သူမ၏ ဖခင်ဆီပြေးသွားတော့သည်။

စစ်သူကြီးက သူ၏ သမီးလေးခေါင်းကို ပုတ်ပေးလိုက်ရင်း...

"အဆင်ပြေရဲ့လား.. နေပါဦး ဘယ်လိုဖြစ်ပြီး လက်မှာ ဒဏ်ရာရနေရတာလဲ..?"

ရှရီဖခင်က သူမလက်မောင်းဆီမှ ကျပ်စည်းထားသည့် ဒဏ်ရာကိုမြင်လိုက်ပြီး မေးလေသည်။

"အာ..ဒါက..နေပါဦး ခုနက အဖေက အချုပ်ခန်းထဲမှာ မဟုတ်ဘူးလား..? "

Sheri ပြန်မေးခွန်းထုတ်လိုက်သည်။ သူမဖခင်၏ အမေးကို စကားလမ်းကြောင်းလွှဲလိုက်သည့် သဘော...

" အဲ့ဒါက တစ်စုံတစ်ယောက်က ဒီဖခင်ကို အကျဉ်းသားလို သရုပ်ဆောင်ခိုင်းလို့ပဲ ဆိုပါတော့လေ.. ၊ လွန်ခဲ့တဲ့ ၁၀ ရက်က အမတ်ချုပ် ဒီကို​ရောက်လာခဲ့တယ်၊ အဲ့ဒီအတွက် အဖေတို့ သူယုံအောင် ဟန်ဆောင်သရုပ်ပြခဲ့ရတယ်။ ဘာကြောင့်ဆို အမတ်ချုပ်က Li Na ရဲ့ လူမို့လေ။ ဒါကြောင့် မတိုင်ခင်ကတည်းက ကြိုပြင်ဆင်ခဲ့တာ၊ "

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now