အခန်း (၁၅) ရှီကျင်းနွမ်

8.7K 1.1K 28
                                    

Ru Shan ဟာ သူ၏ ခပ်လှမ်းလှမ်းမှာ ရင်းနှီးရယ်မောနေကြတဲ့ လူနှစ်ယောက်ကို ကြည့်ရင်းဖြင့် သူ့နှလုံးသားက မသာမယာခံစားနေရလေသည်။ သူ့လက်သီးတွေ မခံချိမခံသာ ခပ်တင်းတင်းဆုပ်လိုက်မိသည်။ ဟုတ်သည်... သူသဝန်တိုသလို ခံစားနေရတာပင်။

အခြားတစ်ဖက်က ရှရီနှင့် အိမ်ရှေ့စံကတော့ အပြန်အလှန် ငြင်းခုန်ကောင်းနေကြဆဲ...။

Ru Shan ဟာ သူမကို မိန်းကလေးဖြစ်မှန်း ဟိုကတည်းက အချိန်ကြာမြင့်စွာ သိနေခဲ့သူဖြစ်သည်။ သူမမိန်းကလေးဆိုတာ သိရတာ သူတကယ်ပျော်ရွှင်မိသည်။ အချိန်ကြာကြာ အနီးကပ်သူမနားရှိလေ...သူပိုနှစ်သက်လာလေပင်။

သူမလေးက ကြင်နာတတ်သည့်နှလုံးတစ်စုံရှိလေသည်။ သို့သော် အသုံးမဝင်သည့် အရည်အချင်းမရှိသူလေးကား မဟုတ်။ တစ်ခါတစ်ရံမှာ သူမလေးတွင် အရိုင်းဆန် ရှုပ်ထွေးသည့် အပြုအမူတွေ ရှိတတ်သော်လည်း သူမ၏ နှလုံးသားကတော့ အားလုံးအတွက် နှစ်မြိုပ်ထားသူဖြစ်သည်။ ဘယ်လောက်ပင် သူမလေးစွမ်းဆောင်ရည်ကောင်း၊ စမတ်ကျသူလေး ဖြစ်နေပါစေ...သူမက အခြားသူကိုချီးမွန်းဂုဏ်တင်ပေး လေ့ရှိသည်။ သူမကိုယ်၌ကတော့ နှိမ့်နှိမ့်ချချသိုသိုဝှက်ဝှက် နေလေသည်။ အဲ့ဒါက သူမကိုယ်ပိုင်စိတ်ကူး ဖန်တီးတီထွင်သည့်အရာပင် ဖြစ်စေကာမူ သူမလေးကတော့ အခြားသူကိုသာ ဂုဏ်တက်စေဖို့ ချီးမြှောက်စေလေသည်။ ထိုမျှ ရိုးရှင်းလွန်းပြီး နှိမ့်ချတတ်သည့် မိန်းကလေးအပေါ် သူလိုလူက ဘာသားနှင့်ထုထားသည်မို့ မပျော်ဝင်ပဲ နေအံ့နည်း။

သူမလေးဟာ ဥာဏ်ကြီးရှင်ပေါက်စလေးပင်။ သူဟာ သူမလေးကို လက်ဆက်လိုကြောင်း သူမ၏ဖခင်ထံ တောင်ခံခဲ့ဖူးသည်။ သို့သော် ရှီကျင်းဖခင်က... " ရှီကျင်း၏ ဆန္ဒဖြင့်ဆုံးဖြတ်သည်ကိုသာ လက်ခံခွင့်ပြုမည်ဆိုကာ " အလိမ္မာဖြင့် ပယ်ခဲ့လေသည်။ ရှီကျင်း၏ ဖခင်ဟာ တကယ်ကိုပင် သူ၏ သမီးလေးရွေးချယ်မှုနှင့် ပတ်သက်၍ နည်းနည်းလေးတောင် ဝင်ရောက်စွက်ဖက်လေမည့် အဖေမျိုးမဟုတ်ချေ။ သူမ၏ ဖခင်က Ru Shan ကို ခပ်ဖြေးဖြေးသူမကို ချဉ်းကပ်ကြည့်ရန်သာ လမ်းညွှန်ခဲ့သည်။ သို့တိုင် ယခုချိန်ထိတော့ သူအခြေအနေက သူမလေးအနီးကပ်နေသော်လည်း တိုးတက်မှုမရှိသေးပေ။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now