အခန်း (၁၃) ရှီကျင်းနွမ်

9.1K 1.2K 59
                                    

၎ နှစ်တောင်ကြာခဲ့ပြီ။ သူတို့နှစ်ယောက် မတွေ့ မမြင်ကြရတာ...။ သို့တိုင် သူတို့က အဆက်အသွယ် ပြတ်နေကြတာတော့ မဟုတ်ခဲ့။ သူတို့ကြားက စာနှင့်အဆက်အသွယ်က ပုံမှန် အမြဲရှိနေခဲ့ပြီး အသားတကျပင် အလေ့အကျင့် ဖြစ်နေခဲ့၏။ ဘယ်လိုကိစ္စပဲရှိပါစေ သူတို့အချင်းအချင်း အပြန်အလှန် စာရေးပို့ဖို့ကိုတော့ မမေ့ခဲ့ကြ။

တစ်ခါတစ်ရံ...ရှရီဟာ Lou Xi ဆီက ၁ လထဲကို စာအစောင်ရေ ၁၀ စောင်ထိ ရတတ်သည်။ Sheri ၏ ကိစ္စအဝဝကိုလည်း သူ့ထံသံတော်ဦးတင်ရသလို သူ၏လုပ်ဆောင်မှု အသေးစိတ်လေးကအစ သူကလည်းရေးပို့လေ့ရှိသည်။ သူ့ဆီကပို့သည့်စာတွေကိုတော့ သူမက သေချာလေးဖတ်သည်။ သူ့စာတွေတိုင်းက လျှို့ဝှက် သင်္ကေတတွေကို သုံးထားသောကြောင့်ဖြစ်သည်။ Sheri က Lou Xi ကို သင်္ကေတနှင့်ဝှက်စာရေးနည်းကို သင်ပေးခဲ့၏။

T/N: [ခုခေတ် SMS တောင် ၁၀ စောင် မပို့ချင်သူတွေ အားကျစေ / ထိုင်ငို 😁]

T/N: [ခုခေတ် SMS တောင် ၁၀ စောင် မပို့ချင်သူတွေ အားကျစေ / ထိုင်ငို 😁]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှီကျင်းနွမ် (0R) ရှရီ [ကျားအသွင်]

"ဟား ဟား ဟ.. ဟ.. မင်းကအရင်အတိုင်းလေးပဲနော် ကျင်း...! ငါတို့အခု မတွေ့ကြတာ ၄ နှစ်တောင် ကြာခဲ့ပြီဟာကို.."

Lou Xi က ပြောလိုက်၏။

"ဟုတ်ပ.. အရှင့်သား! အမှန်ကို ကြာခဲ့ပေါ့၊ ဒါနဲ့ ဒီငယ်သားတို့ ဒီမှာရှိတာကို ဘယ်လိုများ သိတုန်း...! "

Sheri က အဓိကအကြောင်းကို ဦးတည်မေးမိသည်။ ဟုတ်သည်...ခရီးလမ်း၏ ဤတောအုပ်တွင်နားလိမ့်မည်၊ ရှိနေမည်ကို သူဘယ်လိုများ သိသလဲ...သူမသိလိုလှသည်။

Lou Xi က အစောပိုင်းက သူ့မျက်နှာကို ငေးနေပြီး ခုမှမေးဖို့သတိရသည့် ငယ်သူငယ်ချင်းလေးကို ရယ်ကျဲကျဲကြည့်လိုက်သည်။ သူလိုလေ့ကျင့်ရေး အပြင်းအထန်လုပ်ဆောင်ချက်တွေ မလုပ်ရလို့လားမသိ၊ သူ့ ငယ်သူငယ်ချင်းလေးက သေးသွယ်ပိန်ပါးဆဲ... မျက်နှာလေးက နူ့ဖတ်နေခြင်းက သူ့ကိုမခွာတမ်း ကြည့်မိအောင်လှုံ့ဆော်နေသလိုလို.... ၊ အရပ်ကလည်း ငယ်စဉ်ကသူထက် အရပ်ရှည်သလိုလိုထင်ရသော်လည်း ယခုတော့ ထိုသူလေးခေါင်းက သူ့မေးဖျားလောက်သာ ရှိသည်။ သူကပဲ အရပ်တွေရှည်လာလေသလား....အနှီအမွှေလေးကပဲ ပုသေးသွားလေသလား... ဘာပဲဖြစ်ဖြစ် သူ့ကိုမျက်လုံးဝိုင်းဝိုင်းကြီးတွေနှင့် မော့ကြည့်ပြီး စကားပြောနေပုံကိုတော့ သူအတိအကျကို သဘောကျမိ၏။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now