အခန်း (၃၂) ရှီကျင်းနွမ်

7.4K 838 63
                                    

အချစ်ရဲ့ခေါ်ဆောင်ရာနောက် ရှရီမျောပါနေရင်း အကြိမ်ကြိမ်ပြီးမြောက်နေခဲ့သလို Hunter တဖြစ်လဲ Lou Xi ကလည်း လွမ်းခဲ့သမျှ အတိုးချချစ်နေခဲ့၏။ ထို့နောက်တွင်တော့ ရှရီဟာ မောပန်းလျက် အိပ်မောကျသွားခဲ့တော့သည်။ Lou Xi က သူ့ရင်ခွင်အတွင်း အိပ်ပျော်သွားသူလေးကို ပန်းများကျဲပက်ထားသည့် သစ်သားရေကန်ထဲသို့ညင်သာစွာပွေ့ချီလျက် ချလိုက်ရင်း အနမ်းပေးကာ သန့်ရှင်းပေးနေခဲ့သည်။

ညနေစောင်းလုလုအချိန်မှာ ရှရီ နိုးလာခဲ့တော့ သူမ၏နံဘေးတွင် Lou Xi က ပြုံးလျက် ငဲ့စောင်းကြည့်နေတာကိုတွေ့လိုက်ရလေသည်။

အချစ်ခံရတဲ့မိန်းကလေး၏မျက်နှာတွင် ရှက်ပြုံးတစ်ပွင့်ပြုံးနေသလို အတိုးချချစ်ခွင့်ရသူကြီးဟာလည်း ပီတိမျက်နှာဝင်းဝင်းကြီး ဖြစ်လျက်။

မြင်ကွင်းက အလွန်ကြည်နူးဖွယ်အတိ၊ စိတ်ကျေနပ်ခြင်းရနံတွေ လေတွင် သင်းပျံ့နေခဲ့လေသည်။

"ဘယ်လိုဖြစ်တယ်ဆိုတာကို ပြောပြဦး "

Sheri အသံလေးက ပျော့ပျော့လေးထွက်ပေါ်လာခဲ့၏။

ပီတိအပြုံးဖြင့် Lou Xi က အားလုံးကို သူမအား သဘောပေါက်အောင် ရှင်းပြလေသည်။

အခြားကမ္ဘာမှာ ရှရီထွက်ခွာသွားပြီးနောက် သူ့တွင် လည်ဆွဲ၏အစိတ်အပိုင်းကျောက်တစ်ခုကို ရရှိခဲ့လေသည်။ ထိုကျောက်မျက်ကို သူကလက်စွပ်ဖန်တီးခဲ့သည်။ Lou Xi က သူ့လက်ချောင်းမှ လက်စွပ်လေးကို ရှရီကို ပြလိုက်သည်။

အခြားကမ္ဘာမှာ ရှရီထွက်ခွာသွားပြီးနောက် သူ့တွင် လည်ဆွဲ၏အစိတ်အပိုင်းကျောက်တစ်ခုကို ရရှိခဲ့လေသည်။ ထိုကျောက်မျက်ကို သူကလက်စွပ်ဖန်တီးခဲ့သည်။ Lou Xi က သူ့လက်ချောင်းမှ လက်စွပ်လေးကို ရှရီကို ပြလိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူသိနေခဲ့သည်။ ထိုကျောက်မျက်လေးက သူတို့နှစ်ဦး၏ ဆက်သွယ်ရှာတွေ့နိုင်မည့် တစ်ခုထဲသောအရာ ဖြစ်ကြောင်း။ အမှန်တော့ Lou Xi ဟာ သူ၏ မူလဘဝက မည်သူမည်ဝါဖြစ်သည်ကိုပင် သူ . မမှတ်မိ၊ မသိရှိပါပေ။ သူသိသည့်တစ်ခုထဲသော အရာက သူမလေးကို ရှာရန်ပင်။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now