အခန်း (၄) ရှရီဟုမ်း (After Arc-4)

5.7K 931 115
                                    

Unicode Version:

Devon ဟာ သူ့ကိုယ်သူ ဘာကြောင့် ဆယ်ကျော် သက်ကောင်ငယ်လေးလို ရင်ခုန်စိတ်လှုပ်ရှားသလဲ လို့တွေးမိလိုက်၏။ သူသည် မည်ကဲ့သို့ လူမျိုးကိုမှ ရှိန်ခြင်း၊ကြောက်ခြင်းမျိုး အသွေးအသား၌တောင် ရှိလေသူမဟုတ်၊ သို့သော်ငြား ဤမိန်းမငယ်လေး၏ ရှေ့တွင်တော့ အိမ်စာမပြီးသည့် ကျောင်းသားလေးအလား၊ ထိုအတွေးကြောင့် ရယ်ချင်လျက် ဟန်ဆောင်ပန်ဆောင် သိက္ခာဆယ်လိုက်ရင်းဖြင့်....

"အဟမ်း.. အမ်း..အန်တီ(ရှရီမိခင်)ဆီက ဒီနေ့ ဆေးရုံဆင်းမှာလို့ကြားလို့ ကိုယ်မင်းအဖေဆီ ဖုန်းဆက်ပြီး ကိုယ်အိမ်ပြန်ပို့ပေးလို့ရလားလို့ မေးလိုက်တာ၊ သူကခွင့်ပြုတာနဲ့ ဒီကိုလာခဲ့လိုက်တာ"

Sheri နူတ်ခမ်းများ မဆိုစလောက် ထော်သွားရသည်။ ရုတ်ခြည်းဆိုသလို သူမ၏ ဒယ်ဒီက သူမစွန့်ပစ်သွားသလို ခံစားရသည်။

"အာ.. မလိုပါဘူး Mr. Goori က ကြင်နာလွန်းနေပါပြီ။ ကျမ ကိုလာကြိုဖို​့ Taxi ခေါ်ထားပြီးပါပြီ"

အမှန်စင်စစ်ကား ရှရီဟာ မည်သည့် Taxi ကိုမျှ မခေါ်ရသေးပါချေ။ သူမလိမ်လိုက်ခြင်းပင်။ မနေ့ညက သူမ၏ မိခင်နှင့် ဖုန်းပြောနေခဲ့သဖြင့် ပစ္စည်းများကို ယခုမှထုတ်ပိုးရခြင်းလည်း ဖြစ်သည်။

သူမကိုယ်၌က ကျန်းမာရေး ကောင်းသွားသည်ကတစ်ကြောင်း၊ ယနေ့မှ ညီမလုပ်သူ Sheva ၏ ဖျော်ဖြေပွဲကို သူမ၏မိဘများ သွားရန်လိုအပ်နေသည်က တစ်ကြောင်း စသည့်အကြောင်းများကြောင့် ရှရီ၏ ဆေးရုံဆင်းရက်က တစ်ယောက်ထဲ ဖြစ်နေရခြင်း ဖြစ်သည်။

" ကိစ္စမရှိဘူး၊ ဘယ်လိုပဲ​ြဖစ်ဖြစ်ပါ..ကိုယ်မင်းကို အိမ်တော့ လိုက်ပို့ပေးပါရစေ"

Devon ကား သူမ၏စကားကို လက်ခံမည့်ဟန်မရှိလှစွာ ပြန်လည်ပြောလာခဲ့၏။

ဒီ​အ​ပေးအယူဖြင့် ပြန်ရလာသည့် ဘဝတွင် သူမခါးသီးသည့် ဖြစ်ရပ်များကို မရလိုတော့ပေ။ အတိတ်ဘဝကဖြစ်ရပ်နှင့်ပင် သူမပင်ပန်းမှုက လုံလောက်သင့်ပြီဟုထင်မိ သည်။ေဝးအောင်ရှောင်လိုသည့် ထိုလူများကား အဘယ်ကြောင့် ယခုဘဝတွင် ပိုမိုသူမအနီးတိုးလာကြပါသနည်း။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now