အခန်း (၂၄) ရှီကျင်းနွမ်

7.4K 1.1K 34
                                    

Lou Xi ဟာမျက်မှောင်ကုတ်လျက်ဖြင့် အတန်ကြာသည့်တိုင်စကားမဆိုပဲ ရှရီကိုကြည့်နေခဲ့ သည်။ သူမတို့နှစ်ယောက် အချိန်အတော်ကြာအောင် အပြန်အလှည်အကြည့်ဖလှယ်နေကြ၏။ Ru Shan ကတော့ အံကျိတ်ကာ လက်သီးကို တင်းကျပ်စွာဆုပ်ထားလေသည်။

ရှရီ၏ ဖခင်ကတော့ ဘေးမှ အိမ်ရှေ့စံနှင့် သူ၏သမီးလေးကို အသာပင်အခြေအနေ အကဲခတ်နေခဲ့သည်။ ရှရီ၏ ဖခင်မှာ သူ၏ တစ်ဦးတည်းသောသမီးလေး၏ ထက်မြတ်မှုကို သံသယမရှိသော်ငြား ဒါကဖခင်တစ်ယောက်အနေဖြင့် မစိုးရိမ်လှသည်တော့ မဟုတ်ပေ။ သူလည်း သူ၏သမီးကိုချစ်သည့်ဖခင်ပီသစွာပင် စိတ်အတွင်းမှ ကြောက်စိတ်ဝင်နေခဲ့သည်။ သို့တိုင် သူပင်မသိသည့် နောက်ကွယ်မှ အရည်အချင်းများစွာလည်း သူ၏သမီးတွင် ရှိနေမှန်း ရိပ်မိသည်မို့ သူမလေးကို ယုံကြည်ပေးဖို့သာ သူကရွေးချယ်လိမ့်မည့် ဖခင်မျိုးဖြစ်သည်။ သူ့သမီး၏ စွမ်းရည်အပေါ် သံသယမရှိယုံသည့် ဖခင်ကိုပြပါဆိုလျှင် သူက ကမ္ဘာ့နံပတ်တစ် ဖခင်မျိုးထဲ ပါဝင်မည့်သူပင်။

Lou Xi က ခေါင်းမာလှသည့် သူ၏ချစ်ရသူလေးကို အလျော့ပေးသည့်အကြည့်ဖြင့် ကြည့်လိုက် ရင်း ....

"ကိုယ်...မင်းကို ယုံတယ်..ဒါကြောင့် ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ..."

သူက ငြင်ငြင်သာသာလေး ပြောလိုက်ကာ ရှရီကို သူ့အနီးဆွဲလျက် အကွာအဝေးတစ်ခုအနီးထား လျက်က သူမ၏နုတ်ခမ်းလေးတွေကို ငုံနမ်းလိုက်လေသည်။

ရှရီဟာ မထင်ထားသည့် အိမ်ရှေ့စံ၏ အပြုမူကြောင့် တစ်ကိုယ်လုံးထုံဝေသွားရလေသည်။ သူမတို့ ပတ်ဝန်းကျင်မှာ လူတွေများစွာကြည့်နေကြသည်က သူမကိုပိုမိုရှက်ရွံ့စေလေသည်။ သူမက Lou Xi ကို တွန်းထုတ်လျက် မတ်မတ်ကျော့ကျော့လေး ပြန်ရပ်လိုက်၏။ သူမ၏ မျက်နှာတစ်ခုလုံး မက်မွန်သ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှရီဟာ မထင်ထားသည့် အိမ်ရှေ့စံ၏ အပြုမူကြောင့် တစ်ကိုယ်လုံးထုံဝေသွားရလေသည်။ သူမတို့ ပတ်ဝန်းကျင်မှာ လူတွေများစွာကြည့်နေကြသည်က သူမကိုပိုမိုရှက်ရွံ့စေလေသည်။ သူမက Lou Xi ကို တွန်းထုတ်လျက် မတ်မတ်ကျော့ကျော့လေး ပြန်ရပ်လိုက်၏။ သူမ၏ မျက်နှာတစ်ခုလုံး မက်မွန်သီးရဲရဲလေးလို နီမြန်းနေခဲ့သည်။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now