အခန်း (၁) ရှရီဟုမ်း (After Arc-4)

8K 947 69
                                    

" မူလကမ္ဘာကို ပြန်ဖို့ အခုပဲအဆင်သင့်ပြင်ထားပါ "

စက်ရုပ်သံက ခပ်လောလောအသံ ထွက်လာခဲ့သည်။

ထိုခနမှာပင် ရှရီ ကိုယ်လေး ပေါ့ပါးလွင့်မျောသွားရပြီး မျက်လုံးတွေ ပွင့်လာလျက် နိုးလာခဲ့တော့သည်။ အသိနှင့် ကိုယ် ကပ်လာချိန်တွင် ရှရီ ဟာ သူမ၏ ဘေးဘီဝဲယာကို လေ့လာမိတော့သည်။ လက်ရှိသူမရောက်နေသည့်နေရာကား ဆေးရုံ ကုတင်ပေါ်တွင်....

အချိန်အကြာကြီး အနားယူလိုက်ရသည်ဟု ရှရီခံစားလိုက်ရသည်။ သူနာပြုက မနက်စာကို ပြင်ဆင်ပြီး သူမအခန်းထဲသို့ ယူလာပေးလေသည်။ လူနာအစားအစာက အလွန်အရသာထူးကဲပြီး အာဟာရဓာတ်အပြည့်ပါသည့် အစားအစာမျိုး။

ရှရီဟာ လူနာကုတင်မှာ သက်တောင့်သက်သာထိုင်ပြီး အရသာကောင်းလှသည့် မနက်စာကို မြိန်ယှက်စွာစားနေလိုက်သည်။ သူမက လက်ဖက်ရည်ပူလေးကို အရသာခံသောက်သုံးနေချိန်တွင်တော့ သူမ၏ မိခင်ဟာ အခန်းတွင်းဝင်ရောက်လာခဲ့လေသည်။ ရှရီ၏ မိခင်တစ်ယောက်ထဲ အခန်းတွင်းသို့ ဝင်လာသည်ကား မဟုတ်။ အနောက်တွင် Devon ... သူနှင့် ရှရီမိခင်ဖြစ်သူတို့အတူတူဝင်လာကြခြင်း။

ရှရီ သောက်နေသည့် လက်ဖက်ရည်သီးသွားတော့သည်။

Sheri ဟာ ထိုလူ့ကို ခပ်ကြာကြာစူးစိုက်ကြည့်မိသွားရသည်။ ဘာမှန်းမသိသည့် စိတ်အတွင်း၌ အလိုလိုသိစိတ်တစ်ခု ဖြစ်ပေါ်နေခဲ့၏။ သို့သော် မည်သို့ အကြောင်းအရာကြောင့် ဆိုသည်ကိုတော့... သူမ ဖမ်းဆုပ်၍ မစဉ်းစားနိုင်ခဲ့ပါချေ။

သူမချိန်ဆတွေးနေမိသည်။ သူမ၏ မိခင်က ရှရီ၏ လက်ကလေးကို ကိုင်လိုက်ရင်းဖြင့်...

" ဘေဘီ..သက်သာရဲ့လားဟင် "

" အင်း နေကောင်းနေပါပြီ..၊ အခု သက်တောင့်သက်သာပါပဲ.."

ရှရီဟာ Devon ဆီ ဖျတ်ကနဲ အကြည့်တစ်ချက် ပို့ရင်းဖြင့် ပြန်ဖြေလိုက်၏။ Devon က အဓိပ္ပါယ်ဖော်ပြရန်ခက်သည့် မျက်နှာအမူအယာမျိုး ဖြစ်နေသည်ဟု သူမကထင်မိလေသည်။ သို့သော် ထိုအရာက သူမ၏ အထင်သက်သက်လဲ ဖြစ်နိုင်ပေမည်ဟု ဖြည့်တွေးလိုက်၏။

4. ဒုတိယဇာတ်လိုက်မ အဖြစ်ရှင်သန်ခြင်း [Arc.4] (ရှီကျင်းနွမ်)Where stories live. Discover now